အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Wednesday, December 30, 2015

အသင်းစည်းကမ်းများရှင်းလင်းချက်

၁။ပါတီနိုင်​ငံ​ရေးနှင့်​​ကျောင်းစွဲကင်းစင်​ရမည်​ ။
အသင်းသားအားလုံးသည်​မိမိဧ၊၊်​ကိုယ်​ပိုင်​ဘဝတွင်​မိမိစိတ်​ကြိုက်​ပါတီကိုဝင်​ခွင့်​ရှိ​သော်​လည်းအသင်းတာဝန်​များကိုထမ်းရွက်​စဉ်​မည်​သည့်​ပါတီဝင်​မှမဟုတ်​​တော့ဘဲအားလုံးစု​ပေါင်​ညီညာ​ဆောင်​ရွက်​ကြရမည်​ ။

ဟိုင်းကြီးကျွန်းမြို့တွင်​ဘုန်းကြီ​ကျောင်း ၂ ​ကျောင်းရှိတယ်​ ။ကျောင်း ၂ ​ကျောင်​ကိုးကွယ်​သူ​တွေဟာတခါတရံအပြိုင်​အဆိုင်​များနဲ့မတဲ့ကြဘူး ။တ​ကျောင်းအလှုလုပ်​လျှင်​​တောင်​တ​ကျောင်းမသွားတတ်​တဲ့အကျင့်​ရှိခဲ့ဘူးတယ်​ ။ဒါ​ကြောင့်​မို့အသင်းကိစ္စ​ဆောင်​ရွက်​စဉ်​မှာသူ့​ကျောင်းကိုယ့်​​ကျောင်းဆိုတဲ့​ကျောင်းစွဲကင်းစင်​ဘို့လိုတာ​ကြောင့်​ဒီစည်းကမ်းကိုထဲ့ရခြင်းပါ ။
၂ ။အသင်းဝင်​တ​ယောက်​လျှင်​တလ ၁၀၀၀ ကျပ်​ကိုလစဉ်​ ၂၅ ရက်​မှစတင်​၍လမ်းအလိုက်​အဖွဲ့ဝင်​များမှ​ကောက်​ယူကြပါသည်​ ။၆ လစာ ၁ နှစ်​စာထည့်​ဝင်​ချင်​လည်းရပါသည်​ ။
၃ ။လစဉ်​မှန်​မှန်​ထည့်​သူများကို ' က ' စာရင်း၊၃ ကြိမ်​အထက်​ပျက်​သူကို ခ ' စာရင်း၊၆ ကြိမ်​အထက်​ပျက်​ကွက်​သူကိုကို 'ခ ' စာရင်းမှာပင်​ပယ်​ဖျကိခြင်းပြုလုပ်​ပါမည်​ ။
၎ ။ 'က ' စာရင်းပါသူသည်​အသင်းသားအခွင့်​အ​ရေး (ရပ်​​ဝေးဘုရားဖူးထွက်​ကတဝက်​ခ​ပေးခြင်း/နာမကျမ်းအလှု​ငွေ ၅၀၀၀၀ ကျပ်​​ပေးခြင်း/နာ​ရေးအလှု​ငွေ၇၀၀၀၀ ကျပ်​​ပေးခြင်း ) ကိုအပြည့်​ရရှိမည်​ဖြစ်​သည်​ ။
     ' ခ ' စာရင်းတွင်​ပါသူသည်​ထိုအခွင့်​အ​ရေးများကိုအပြည့်​မရ ။
     ၆ ကြိမ်​အထက်​ပျက်​ကွက်​သူကိုအသင်းသားဟူ၍မသတ်​မှတ်​​တော့ပါ ။

Tuesday, December 29, 2015

ဆည်းဆာဆိုသည်​မှာ . . .

လူ​တွေ​မေ့ထား​ပေမဲ့​နေ့စ​ဉ်​မရပ်​မနားသွား​နေတာ​သေဆုံးခြင်းဆီကိုပါ ။ဘဝရဲ့​နေဝင်​ချိန်​လို့လည်းတင့်​စားကြတယ်​ ။ဒါ​ကြောင့်​လူ့ဘဝရဲ့​နောက်​ဆုံးခရီးနာ​ရေး​တွေကိုကူညီကြမှာမို့ "ဆည်းဆာ "ဆိုတဲ့စာသား​လေးကို​ရွေလိုက်​ကြတယ်​ ။
ပုထုဇဉ်​လူသား​တွေဟာအဝိဇ္ဇာ​ခေါ်မသိခြင်းတရား​တွေ​ကြောင့်​​နောက်​ဆုံခရီးကိုမျက်​ရည်​​တွေ​သောက​တွေပရိ​ဒေဝ​တွေနဲ့ပို့​ဆောင်​ကြတယ်​ ။သူတို့​သောက​တွေ​​ပျောက်​​အောင်​​တော့မတတ်​နိုင်​ဘူး ။သူတို့​သောက​တွေ​လျော့​အောင်​ သူတို့မျက်​ရည်​​တွေကိုဒို့သုတ်​​ပေးကြစို့ဆိုပြီးနာ​ရေး​တွေကိုကူညီဘို့အားလုံးဆုံးဖြတ်​ကြပါတယ်​ ။
SEZAR   =  twilight

အနှိုင်းမဲ့ဆိုသည်​မှာ . . .

  1. ကျွန်​​တော်​တို့ဗုဒ္ဓဘာသာဝင်​များအဘို့မ​ကောင်းမှု​ရှောင်​​ကောင်းမှု​ဆောင်​ဖြူ​အောင်​စိတ်​ကိုထားဆိုတဲ့အခြခံ​ဟောကြားခဲ့တဲ့မြတ်​စွာဘုရားဟာစကြ်​ဝဠာတခုလုံးဘယ်​အရာနဲ့မှတုနှိုင်း လို့မရပါဘူး ။ထို့အတူဘဲမြတ်​စွဘုရားထားခဲတဲ့သာသနာ​တော်​ဟာလည်းဘယ်​အရာနဲ့မှ နှိုင်းယှဉ်​လို့မရပါဘူး ။
  2. အဲဒီလိုအနှိုင်းမဲ့ဗုဒ္ဓကထားခဲ့​သောအနှိုင်းမဲသာသနာ​တော်​ကြီးတိုးတက်​စည်​ပင်​ပြန့်​ပွား​အောင်​​ဆောင်​ရွက်​မည်​ဟုစိတ်​ကူးဖြင့်​ "အနှိုင်းမဲ့ " ဟူ​သောစာသားကို​ရွေးပါတယ်​ ။
  3. ANHAI ME  = no comparison / beyond compare

အသင်းစည်းကမ်းများ

၁။  ပါတီနိုင်ငံရေးနှင့်ကျောင်းစွဲကင်းစင်ရမည်။

၂။  အသင်းဝင်များ (၁) လျှင် (၁၀၀၀) ကျပ် ထည့်ဝင်ရမည်။
      (မှတ်ချက်-တစ်နှစ်စာ (၁၂၀၀၀ိ ကျပ်ထည့်ဝင်နိုင်ပါသည်)

၃။အလှူငွေ(၁၀၀၀)ကျပ်ထည့်ဝင်မှု (၃)ကြိမ်နှင့်အထက် ပျက်ကွက်ပါက "က" စာရင်းမှပယ်ဖျက်ပြီး
   "ခ"စာရင်းတွင်ထားရမည်။
   (၆)ကြိမ်နှင့်အထက်ပျက်ကွက်ပါက "ခ"စာရင်းမှပယ်ဖျက်ရမည်။
   (မှတ်ချက်-လက်ကျန်အလှူငွေများကိုထပ်ဆောင်းထည့်သည်နှင့် "က"စာရင်း "ခ"စာရင်း
    အပြောင်းအလဲလုပ်ပေးမည်။) 

၎။"က"စာရင်းဝင်အသင်းသားကိုရန်ဖန်ရန်ခါပြုလုပ်မည်။
      အစီအစဉ်များတွင်အထူးအခွင့်အရေးပေးခြင်း
     (ဥပမာ-ရပ်ဝေးဘုရားဖူးထွက်ခြင်း)
     ဆေးရုံတက်ရာတွင် နာမကျန်းအလှူငွေ(၅၀၀၀၀) ပေးခြင်း၊
     သေဆုံးခဲ့လျှင် နာရေးအလှူငွေ (၇၀၀၀၀)ကျပ်  ပေးလှူခြင်း တို့ပြုလုပ်မည်။

၅။အရေးပေါ်ကိစ္စများကို ကော်မတီဝင် (၅) ဦး (သို့) (၁၀)ဦး ဖြင့်ဆုံးဖြတ်မည်။

၆။တစ်စုံတစ်ရာအငြင်းပွားဖွယ်၊တိုးတက်မှုပြုလုပ်ဖွယ်ကိစ္စများရှိပါက၊
     စုံညီအစည်းအဝေးခေါ်ယူပြီး တက်ရောက်သူအားလုံး၏ သုံးပုံနှစ်ပုံ ထောက်ခံလျှင်
     ပြုလုပ်ဆောင်ရွက်ခွင့်ရှိသည်။

၇။အသင်းကိစ္စများဆောင်ရွက်နေစဉ် အရက်၊မူးရစ်ဆေးဝါးမသုံးစွဲရ၊ကျူးလွန်ကြောင်းတွေ့ရှိလျှင်
     ကော်မတီမှဆုံးဖြတ်သောပြစ်ဒဏ်ကိုခံယူရမည်။

၈။အသင်းကိုတစ်နှစ်တစ်ကြိမ်ပြန်လည်ဖွဲ့စည်းမည်။


    
         


အသင်းဖွဲ့စည်းပုံ

(က) နာယကအဖွဲ့ဝင်များ

       ၁။  ဦးဟန်မြင့်    ၂။  ဦးပြည်စိုး     ၃။  ဦးသန်းဦး    ၄။  ဦးသန်းထွန်း    ၅။  ဦးမြင့်ခင်
       ၆။  ဦးလှဝင်း      ၇။  ဦးသန်းဌေး  ၈။  ဒေါ်ယဉ်နွဲ့   ၉။  ဒေါ်မလေး    ၁၀။ ဒေါ်ညိုညိုဝင်း

(ခ) ဥက္ကဌ 


       ဒေါက်တာ ၀င်းမြိုင်


(ဂ) ဒု-ဥက္ကဌ

       ဦးလှဦး

(ဃ)အတွင်းရေးမှုး

       ၁။  ဦးစံကြင်
       ၂။  ဦးမောင်ဇော်

(င)ဘဏ္ဍာရေးမှူး

     ၁။ ဒေါက်တာဝင်းမြိုင်
     ၂။ ဦးမောင်မောင်သန်း

(စ)စာရင်းစစ်

      ၁။ ဦးဇော်ဇော် (လင်းလက်)
      ၂။ ဦးဇော်နိုင်
      ၃။ ဒေါ်ဖြူဖြူဝင်း

(ဆ)လျှပ်စစ်တာဝန်ခံ

      ၁။ ဦးကျော်
      ၂။ ဦးသန်းအေး

(ဇ)မီးစက်တာဝန်ခံ

     ၁။ ဦးတင်ထွန်း
     ၂။ ဦးမိုးဝင်း 

(ဈ)သယ်ပို့တာဝန်ခံ

     ၁။ ဦးဇင်မင်းလတ်
     ၂။ ဦးအောင်သူ

(ည)ဧည့်ခံကျွေးမွေးရေးတာဝန်ခံ

       ၁။ ဒေါ်ခင်ပြုံး        ၂။ ဒေါ်မီးမီး                       ၃။ ဒေါ်စန်းထွေး           ၄။  ဒေါ်သန်းသန်း
       ၅။ ဒေါ်မနီ              ၆။ ဒေါ်ကြည်ကြည်မြင့်     ၇။ ဒေါ်ဝင်းဆင့်            ၈။  ဒေါ်ဝင်းတင့်
       ၉။ဒေါ်တင်မိုးခိုင် ၁၀။ ဒေါ်ကြင်လှိုင်             ၁၁။ ဒေါ်တင်တင်ဝင်း  ၁၂။  ဒေါ်လင်းတင်

(ဋ)ပြန်ကြားရေး

     ၁။ ဦးကံသိန်း
     ၂။ ဦးမောင်မောင်ဝင်း
     ၃။ ဦးမြင့်ကြည်
     ၄။ ဦးမင်းမင်း