အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

စုံစီနဖာ

                                          

                              ဒီPostကိုမ​ရေးခင်​ စုံစီနဖာဆို​သောစာသားကိုရှင်းရပါလိမ်​မည်​။
                  မြန်​မာစာဌာနမှထုတ်​​ဝေ​သောအင်္ဂလိပ်​မြန်​မာ / မြန်​မာအင်္ဂလိပ်​အဘိဓာန်​ဧ။်​ဖွင့်​ဆိုချက်​များကို​ဖေါ်ပြလိုက်​ပါသည်​ ။

                      စုံစီနဖာ   =   bric -a -brac
             bric -a -brac   =  တိုလီမိုလီပစ္စည်းများ
       
                       ဒီ post မှာတိုတိုထွာထွာ​လေးများအစုံ​ရေးရမည်​ဖြစ်​ပါသည်​ ။



လှတာကျွန်​​တော့အပြစ်​လားဗျာ

ကျွန်​​တော်​က​ဆော်​ဒီအာ​ရေဗျနိုင်​ငံသား ။ဒူဘိုင်းမှာ​နေတယ်​ ။
ရုပ်​ရှင်​မင်းသား ၊ ဓာတ်​ပုံဆရာ ၊ ကဗျာဆရာ ။အဲဒါ​တွေကကျွန်​​တော့ဂုဏ်​ပုဒ်​ ။
တ​နေ့- - -
               အဲဒီ​နေ့ကိုကျွန်​​တော့်​ဘဝစာမျက်​နှာထဲကဖယ်​ထုပ်​လိုက်​ချင်​ပါရဲ့ ။
အဲဒီတ​နေ့မှာကျွန်​​တော်​တို့နိုင်​ငံရဲ့အစဉ်​အလာဘာသာ​ရေးပွဲ​တော်​ ( Annual cultural festival )
တခုလုပ်​တယ်​ဗျ ။ကျွန်​​တော်​လည်းပွဲ​တော်​ဆို​တော့ရိုးရာဝတ်​စုံကိုစမတ်​ကြကြလှလှပပဝတ်​သွားမိတယ်​ ။အဲဒါကိုကကျွန်​​တော်​ရဲ့အမှားလို့သာဆိုကြပါ​တော့ ။
                ပွဲ​တော်​လာအမျိုးသမီး​တွေကပွဲ​တော်​ကိုစိတ်​မဝင်​စား ။ကျွန်​​တော့ပတ်​လည်​မှာဘဲဝိုင်း​နေ​တော့တယ်​ ။အဲဒါကိုreligious polices ဘာသာ​ရေးရဲ​တွေဝိုင်းတဲ့လူ​တွေကို​တော့ဘာမှမ​ပြော ကျွန်​​တော့်​ကိုသာဖမ်းပြီးအပြစ်​​ပေးပါ​လေ​ရော ။တိုင်းပြည်​ကထွက်​သွားရမတဲ့ ။
                     ဘာ​ကြောင့်​လည်းဆို​တော့ "​ချောလွန်းလို့တဲ့ "









ကျွန်​​တော့နာမည်​မ​ပြောရ​သေးဘူး
     အိုမာဘိုခန်​အယ်​လ်​ဂါလာ
Omar Borkan Al Gala



                               မှတ်​သားမိ​သောစကားများ














တချို့စကား​တွေများမှန်​တာမှားတာအသာထား ကြားရုံဖြင့်​နားက​လောစရာ ။
တချို့စကားများကြ​တော့ဒီဘက်​နားကဝင်​လို့ ဟိုဘက်​နားကလွယ်​လွယ်​ကူကူထွက်​သွား​ရော ။
တချို့စကားများဆိုပါက ( ဥပမာ - ဗုဒ္ဓဧ။်​စကား​တော်​များ ) ကမ္ဘာတည်​သ​ရွေ့ရှိ​နေမယ်​ ။
တချို့စကားများကြ​တော့မှတ်​သားဘွယ်​လည်း​ကောင်းရဲ့ ထပ်​ခါထပ်​ခါဖတ်​ချင်​ကြတယ်​ ။
ဒါ​ကြောင့်​ရှာ​ဖွေရသမျှတင်​ပြလိုက်​ပါတယ်​ ။




လှလွန်း​သော​   ​ဇော်​​ဇော်​/ဧရာဝတီ   ရဲ့မန္တ​လေးမနက်​ခင်း
                                     


IN PICTURES: Misty Mandalay Morning

Read more: http://www.irrawaddy.com/8multimedia-burma/mandalay-mornings-from-800-feet.html
(Photos: Zaw Zaw /Irrawady )











လှပလွန်​လွန်း​သောမန္တ​လေးရဲ့မနက်​ခင်း
          မန္တ​လေးကပင်​ကိုယ်​လှပြီးသား
                       မြင်​တတ်​ရိုက်​တတ်​တဲ့ဓာတ်​ပုံဆရာ​ကြောင့်​သာသိပ်​လှတဲ့ပုံ​လေး​တွေထွက်​လာတာ​ပေါ့

ဒီလိုလှတဲ့ပုံ​လေး​တွေ​တွေ့ခွင့်​​ပေးတဲ့
ဓာတ်​ပုံဆရာ " ​ဇော်​​ဇော်​  ဧရာဝတီ " ​ကျေးဇူးတင်​ပါတယ်​ ။





မြို့ပုသိမ်

`` ပုသိမ်မြို့နံမည်အဆင့်ဆင့်ပြောင်းလဲ`` ပုသိမ်မြို့နံမည်အဆင့်ဆင့်ပြောင်းလဲလာပုံ ´´
❐ ❐ ❐ ❐ ❐ ❐ ❐ ❐ ❐ ❐ ❐ ❐ ❐ ❐ ❐ ❐
(၁) အတိသဉ္ဇာနဂရော
(၂) ကူးသိမ်(ကုသိမ်)
(၃) ကုသိမ-ပုသိမနဂရ
မွန်ဘာသာ = ပသိင်
ပသီလူမျိုးအခေါ် = မြို့ပသီ
တလိုင်းကရင်အခေါ် = ဝေ့ပသီ
(၄) ပသီမြို့
(၅) ပုသိမ်မြို့
(၆) နဂရဝေပုလ္လ
(၇) ကော့သ္မိန်
-----------------------------------------
(၁) အတိသဉ္ဇာနဂရော
ရှေးဟောင်းရွှေတိုက်တော်စာတမ်းတွင်
"အတီတေသဉ္ဇာနံ ရမ္မတီတိ အတိသဉ္ဇာ နဂရော" ဟုဖော်ပြထားပါသည်။ အဓိပ္ပါယ်မှာ "ရှေးကအလွန်ပျော်မွေ့ဖွယ်ကောင်းသောမြို့" ဖြစ်သည်။
--------------------------------------------
(၂) ကူးသိမ် (ကုသိမ်)
သာသနာသက္ကရာဇ် ၅၅၀ ပြည့်နှစ် တွင် သရေခေတ္တရာ ပြည် ရန်မုက္ခမင်း လက်ထက်တွင်
သီဟိုဠ်ကျွန်း၌ ဒုဗ္ဘိက္ခန္တရ ကပ်ဆိုက်ရောက်ခဲ့တဲ့အတွက် ယခုလက်ရှိ ပုသိမ်မြို့(အတိသဉ္ဇာနာဂရ) သဘောင်္ဆိပ်သို့ ရဟန္တာအရှင်သူမြတ် ၃၀၀၀ ကျော်ခန့်အထိ ကူးကြွတော်မူခဲ့ပါသည်။ အချို့မှာ ကျန်ခဲ့၍ အချို့မှာ မဇ္ဈိမဒေသနှင့် သရေခေတ္တရာပြည်သို့ပြန်ကြွသွားခဲ့ပါသည်။ အတိသဉ္ဇာနာဂရမြို့သည် နိဗ္ဗာန်မဂ်ဖိုလ် သို့ကူးရာ ဆိပ်ကမ်းမြို့သဘောမျိုးဖြင့် ကူးသိမ်(ကုသိမ်) ဟုခေါ်ဝေါ်သမုတ်ခဲ့ကြသည်။
-----------------------------------------------
(၃)ကုသိမ=ပုသိမနဂရ
ထို့နောက်ကုသိမ်မြို့ကိုမွန်လူမျိုးများက ပသိင်။ ပသီလူမျိုးများ ကမြို့ပသီ။ တလိုင်းကရင်များ က ဝေ့ပသီ ဟုခေါ်ဝေါ်ခဲ့ကြပြီး ပါဠိ အရေးအသား တွင်
(ကုသိမ=ပုသိမနဂရ) ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။
-----------------------------------------------
(၄) ပသီမြို့
ခရစ် နှစ်သက္ကရာဇ် ၁၂၂၁ မှ ၁၂၃၃ အထိ ပုသိမ်မြို့ကို ပသီ ကုလားမင်းများအုပ်ချုပ်ခဲ့သောကြောင့် ပသီမြို့ဟုခေါ်တွင်ခဲ့သည်။
----------------------------------------------
(၅) ပုသိမ်မြို့
ခရစ် သက္ကရာဇ် ၁၂၃၃ တွင် တလိုင်းမင်းသား ဂုဏ္ဋဝညီနောင်တို့က ကုလားမင်းသားအားလုပ်ကြံ၍ ဂုဏသာရမင်း ၈-နှစ်။ ညီတော် ဂုဏသာရီမင်း ၉-နှစ်။
သာသနာပြုသမုဒ္ဒယော ၏ခမည်းတော် ၁၃-နှစ်တို့ စိုးစံချိန် အထိ ပုသိမ်မြို့အမည်ဖြင့် သမုတ်ခဲ့သည်။
----------------------------------------------
(၆) နဂရဝေပုလ္လ
ခရစ်နှစ် ၁၂၆၃ ခုနှစ် သမုဒ္ဒကောသမင်းနှင့် ဥမ္မာဒန္တီ တို့လက်ထက်တွင် ပုသိမ်မြို့သည် အလွန် စည်ပင်သာယာခဲ့သဖြင့် နဂရဝေပုလ္လ ဟုအမည်တွင်ခဲ့သည်။
----------------------------------------------
(၇) ကော့သ္မိန် (Cosmin)
ခရစ်နှစ် ၁၅၈၆ ခု။ သာသနာသက္က္ကရာဇ် ၉၄၈ ခုနှစ် တွင် အင်္ဂလိပ် လူမျိုးထဲမှ မြန်မာနိုင်ငံ သို့ပထမ ဆုံးရောက်လာသူ Mr. Ralph Fitch မှတ်တမ်းအရ ပုသိမ်မြို့ကို မွန်ဘာသာဖြင့် ကော့သ္မိန် အင်္ဂလိပ်နံမည် ဖြင့်(Cosmin) ဟု ခေါ်ဝေါ်ခဲ့သည်။
----------------------------------------------
ပုသိမ်ဟုခေါ်ရသည့်အကြောင်းရင်း
______________________________
ကုလားကျမင်း နရသူ၏သားတော်မင်းရဲနရသိင်္ခ က ရန်ဘက်ဖြစ်သော ပဋိက္ခရား ကုလားမင်းတို့ နှင့်စစ်ရေးပြိုင်ဆိုင်ရာတွင် ပုသိမ်မြို့အားခံတပ်မြို့အဖြစ်သတ်မှတ်ခဲ့သည်။ ထို့နောက် နေမိတ္တကကျမ်း ရာဇမတ္တံကျမ်း သရောဓရကျမ်း သရဝိဇ္ဇောဓရကျမ်း ဇော်တိဓိပိကာကျမ်း အစရှိသည့် ဗေဒင်ကျမ်းကြီးများနှင့်နှိုင်းယှဉ်၍ ကုသိမ် (က.န.သ) မှာရန်ဂြိုလ်ဖြစ်နေသည့် အတွက် က-အစား အောင်ဓာတ် မိတ်ဓာတ်ဖြစ်သော ပ-အက္ခရာကို ယူ၍ ကုသိမ် မှ ပုသိမ်ဟုပြောင်းခဲ့သည်​ ။







၂၀၁၆ပြက္ခဒိန်​ထဲကသီတဂူ





သီတဂူကမ္ဘ္ဘ္ဘာ့ဗုဒ္ဓတက္ကသိုလ်​၊ရန်​ကုန်​မှတုပ်​​ဝေတဲ့၂၀၁၆ ခုနှစ်​ပြက္ခဒိန်​မျက်​နှာဖုံးပါ ။


ဇန္နဝါရီလ
မဟာ​စေတီ​တော်​၊အနုရာဓပူရမြို့၊သီရိလင်္ကာနိုင်​ငံ၊(ဘီစီ - ၂ရာစု )



ဖေ​ဖေါ်ဝါရီလ
ဇေတဝန​စေတီ​တော်​၊အနုရာဓပူရမြို့၊သီရိလင်္ကာနိုင်​ငံ၊ (​အေဒီ - ၃ရာစု )



မတ်​လ
အဘယဂီရိ​စေတီ​တော်​၊အနုရာဓပူရမြို့၊သီရိလင်္ကာနိုင်​ငံ၊ (ဘီစီ - ၁ရာစု )



ဧပြီလ
ထူပါရာမ​စေတီ​တော်​၊အနုရာဓပူရမြို့၊သီရိလင်္ကာနိုင်​ငံ၊ (ဘီစီ ၂ရာစု )



မေလ
ရမ်​ကုဝိဟာရ​စေတီ​တော်​၊​ပေါလုဏရုဝမြို့၊သီရိလင်္ကာနိုင်​ငံ၊( ​အေဒီ - ၁၂ရာစု )


ဇွန်​လ
မဟိယင်္ဂဏ ​စေတီ​တော်​၊မဟိယင်္ဂဏမြို့၊သီရိလင်္ကာနိုင်​ငံ၊ (ဘီစီ - ၂ရာစု )



ဇူလိုင်​လ
တိဿ       မဟာ​စေတီ​တော်​၊တိဿ       မြို့၊သီရိလင်္ကာနိုင်​ငံ၊ (ဘီစီ- ၂ ရာစု )




သြဂုတ်​လ
ကိရိဝိဟာရ​စေတီ​တော်​၊သီရိလင်္ကာနိုင်​၊ (ဘီစီ -၂ရာစု )






စက်​တင်​ဘာလ
မဟိန္ဒတလ ​စေတီ​တော်​၊အနုရာဓပူရမြို့၊သီရိလင်္ကာနိုင်​ငံ၊ (ဘီစီ - ၂ရာစု )



အောက်​တိုဘာလ
ကလျာဏီ ​စေတီ​တော်​၊ကိုလံဘိုမြို့၊သီရိလင်္ကာနိုင်​ငံ (ဘီစီ- ၂ရာစု )



နိုဝင်​ဘာလ
မဟာပရိနိဗ္ဗာန မြတ်​ဗုဒ္ဓ၊​ပေါလုနရုဝမြို့၊သီရိလင်္ကာနိုင်​ငံ၊ (​အေဒီ - ၁၂ရာ စု )





ဒီဇင်​ဘာလ
သမာဓိမုဒြ မြတ်​ဗုဒ္ဓ၊​ပေါလုနရုဝမြို့၊သီရိလင်္ကာနိုင်​ငံ (​အေဒီ -၁၂ရာစု )


သီတဂူဗုဒ္ဓတက္ကသိုလ်​၊ရန်​ကုန်​မှထုပ်​​ဝေ​သော ၂၀၁၆ ခုနှစ်​ပြက္ခဒိန်​ကိုမရလိုက်​မဖူးလိုက်​သူများအတွက်​ရည်​စူးလို့ကူးယူ​ဖေါ်ပြလိုက်​ပါတယ်​ ။
              "သီတဂူစန်းလပမာချမ်​မြသာယာရှိကြပါ​စေ"


_______________________________________________________________________________
ရင်​နာဘွယ်​တရုတ်​ပြည်​ခရီး

အရင်​တနှစ်​​လောက်​ကနိုင်​ငံခြားခရီးတခုထွက်​ခဲ့ပါတယ်​ ။
ပါရီလး၊ ​ဟောလီဝုတ်​လား၊​မော်​လဒိုက်​လား။
အထင်​မကြီးလိုက်​ပါနဲ့သူများ​တွေလိုအိပ်​က​လေးဘီးတပ်​ဆွဲလို့မင်္ဂလာဒုံ​လေဆိပ်​ကထွက်​ရတာမဟုတ်​ရပါဘူး ။
ရန်​ကုန်​-မန္တ​လေး-လာရှိုး-​ရွှေလီ---တရုပ်​ပြည်​ခရီးစဉ်​ပါခင်​ဗျ ။



လာရှိုးကဟိုတယ်​မှာပါ။ဆိုဖာကြီ​တွေ့​တော့မထိုင်​ဘူးလို့ထိုင်​ကြည့်​ရင်း
"ငါသာခရိုနီကြီးတ​ယောက်​ဖြစ်​ခဲ့ရင်​ " စိတ်​ကူးယဉ်​ကြည့်​​နေတာ ။မမိုက်​ပါဘူး။






ချစ်​စရာ​စောမွန်​လှ​လေး ။ပုဂံရာဇဝင်​မှရှမ်းဗမာဆက်​ဆံ​ရေးကိုအဖုအထစ်​ဖြစ်​​စေတဲ့ဇတ်​လမ်း​လေး။
ဒီ​လောက်​ဥာဏ်​ကြီးတဲ့အ​နော်​ရထာ  ဒီလို​တွေဖြစ်​ခဲပါ့မလားလို့​တွေးမိတယ်​။
ဟုတ်​ခဲ့ရင်​လည်း​နောင်​မဖြစ်​​အောင်​သင်္ခန်းစာယူဆင်​ချင်​လို့​ကြေလည်​သင့်​ကြပြီထင်​ပါတယ်​ ။တချို့​တွေကခူထက်​ထိရင်​နာစကား​ပြောကြ​သေးတယ်​ ။
ဟုတ်​ခဲ့ရင်​လည်းဗမာ​တွေအားလုံးဟာအ​နော်​ရထာတ​ယောက်​ထဲက​ပေါက်​ဖွားကြတာမဟုတ်​ပါဘူး။



တရုပ်​ပြည်​အဝင်​မုဒ်​ဦး နဲ့ နယ်​​မြေသတ်​မှတ်​  မှတ်​တိုင်​ပါ ။
နယ်​ခြားမှတ်​တိုင်​က ၁၉၆၀ ခုတဲ့။ဘယ်​အစိုးရလက်​ထက်​ကလဲ ။ဒီ​နေရာကစရင်​နာတာ ။အုတ်​တတိုင်းတခုခြားတယ်​ ။သူတို့ဘက်​လှလှပပ​ခေတ်​မှီမှီ ကျွန်​​တော်​တို့ဘက်​ကစုတ်​စုတ်​ပြတ်​ပြတ်​ ။
စည်းကမ်းကတင်​တင်​စီးစီး။ဤ​နေရာတွင်​စကားကျယ်​ကျယ်​မ​ပြောရဆိုတာကပါ​သေး ။မတူမတန်​သလိုဘဲ။အမှန်​ကကျွန်​​တော်​တို့ကသူတို့နိုင်​ငံကိုနိုင်​ငံခြား​ငွေလာ​ပေးတဲ့သူ​တွေ။ကျောက်​စိမ်း​တွေကားအစီး ၈၀၀ ​လောက်​နဲ့မတရားတူးဘို့လာတာမဟုတ်​ဘူး ။ ၈ ရက်​ဘဲ​ဟန်​ပြ​ထောင်​ကြခံပြီးသစ်​လာခိုးတာမဟုတ်​ဘူး။သူတို့​ပေးတဲ့သက်​​သေခံလက်​မှတ်​ကိုလယ်​ပင်းဆွဲလို့တရုပ်​ပြည်​ထဲခပ်​တင်းတင်းဝင်​ခဲ့တယ်​ ။သံတမန်​ဆက်​ဆန်​​ရေးပျက်​ပြားမှာစိုးလို့ဘာမှမ​ပြောခဲ့ပါဘူး ။



သူတိုဆီက​ရေပူစမ်း ။အဝက​ကျောက်​စိမ်းတိုင်​ကြီးJADE SPRING ( ​ကျောက်​စိမ်း​ရေပူစမ်း )လို့​ရေးထားတယ်​ ။ကျွန်​​တော်​တို့​ကျေက်​စိမ်းကြီးဖြစ်​ဖို့များတယ်​ ။သံတမန်​ဆက်​ဆံ​ရေးပျက်​ပြားမှာစိုးလို့ဘာမှမ​ပြောခဲ့ပါဘူး။
ပုရိဿ        များအတွက်​သတင်း​ကောင်းကအဲဒီ​ရေပူစမ်းကိုသူ​ဌေးကြီးတ​ယောက်​ကပိုင်​ပြီး​ရေချိုးရုံကြီး​ဆောက်​ခါေ​ရချိုးလို​သောပုရဿိ       များကို​ရေချိုး​ပေးဘို့ဘီကီနီဝတ်​မိန်းမ​ချော​လေးများက​စောင့်​​နေ​ကြောင်းပါခင်​ဗျာ ။ဒါ​ပေမဲ့အဖိုအခက​တော့ကြီးဆိုဘဲ။

  • ​စောမွန်​လှရဲ့​ရွှေဘုရား နဲ့ အကို​တော်​ရဲ့​ငွေ​ရောင်​ဘုရား။ရွှေ​ရောင်​ဘုရားသာမြင်​ဘူးပြီး​ငွေ​ရောင်​ဘုရားကကျွန်​​တော်​တို့အတွက်​အထူးအဆန်း။ပိုထူးဆန်းတာကလူမရှိ ။အခါကြီးရက်​ကြီးမှလာကြတယ်​တဲ့ ။ကျန်​တဲ့ရက်​ဘုရားကိုလာရိုးထုံးဆန်​မရှိတဲ့ ။ပို၍ပို၍ထူးဆန်းတာကမလှု
  • ကြတဲ့ ။ဒါ​ကြောင့်​ဘုရားကိုပြုပြင်​ရန်​ဝင်​​ကြေး​ကောက်​သတဲ့​လေ ။စိတ်​မ​ကောင်းစရာကတရုပ်​မ​တွေကဘုရား​ပေါ်မှာအတိုအပြတ်​​တွေဝတ်​ပြီးဘိနပ်​​တွေစီးလို့ ။နေရာတကာအမြင်​မ​တော်​ရင်​​အောင့်​မ​နေတတ်​​တော့သွား​ပြောပါ​လေ​ရော ။အဲဒီတရုပ်​မ​တွေကပြန်​​ပြောတယ်​။မဝတ်​​စေချင်​ရင်​စာကပ်​ထားတဲ့ ။
  • နိုင်​ငံတကာသံတမန်​ဆက်​ဆန်​​ရေးထိခိုက်​မှာစိုးလို့မြန်​မာပီပီလက်​​လျော့လိုက်​ရပါတယ်​ ။

အန်းကုန်းဘိုးဘိုးကြီး၊ က​လေး​တွေကိုသိပ်​ချစ်​တယ်​လို့​ပြောတယ်​ ။ကျောင်​ပိတ်​ရက်​ဆိုက​လေး​တွေလာပြီးဘိုးဘိုးကြီး​ပေါ်တက်​လို့​လျှောစီးကြတယိလို့​ပြောတယ်​ ။

ဧည့်​လမ်းညွှန်​လုပ်​​ပေးတဲ့လားရှိုးပန်းကုမ္ပဏီမှရှမ်းမ​ချော​ချော​လေး နဲ့ပန်​ခြံထဲမှာပါဆယ်​ဂိန်​ကစားစဉ်​။နိုင်​တဲ့လူ​တွေကိုလက်​​ဆောင်​​လေး​တွေ​ပေးပါတယ်​။

တ​နေ့လုံးသွားလယ်​ဟယ်​နဲ့​မောပြီ ။ပန်းခြံထဲက​ကျောက်​တုံးတံတား​ပေါ်ထိုင်​လို့အပန်​​ဖြေရင်းစဉ်းစား
မိတယ်​။တရုပ်​ပြည်​​ရွှေလီသွားတာဘာ​ကြောင့်​ရင်​နာရသလဲ။
၁။စစခြင်းနယ်​ခြားမှတ်​တိုင်​မှာ၁၉၆၀လို့​ရေးထားတယ်​။ဘယ်​အစိုးရလက်​ထက်​ကစိုက်​ထာလဲ ။guide မ​လေးက​တော့​ပြောတယ်​ ။ဦ​နေဝင်းလက်​ထက်​ကတရုပ်​ကိုလက်​​ဆောင်​​ပေးတာတဲ့ ။
၂ ။ခြံစီးရိုးတခုသာခြားတယ်​တဘက်​တိုက်​ကြီး​တွေဟီးလို့ တဘက်​က​တော့စုတ်​ပြတ်​သတ်​​နေတာဘဲ။
၃ ။စောမွန်​လှဘုရားတို့နန်း​တော်​ရာတို့အဲဒီဘက်​မှာညိုးညိုးငယ်​ငယ်​​တွေ့ရတယ်​ ။ကျွန်​​တော်​တို့အမြင်​အသဲနာစရာဘုရား​တွေ​ပေါ်လည်းဖိနပ်​​တွေစီးလို့ ။
အိမ်​နီးချင်းနိုင်​ငံကြီး​တွေကအိမ်​နီးချင်း​ကောင်းပီသစွာကူညီကြရမှာ ။ ဘာ​ကြောင့်​များကျွန်​​တော်​တို့နိုင်​ငံကိုမုန့်​စိမ်း​ပေါင်းလှီးသလိုမျိုးလုပ်​​နေကြတာလဲ။ကျောက်​စိမ်း၊ ကျွန်​သစ်​၊​ရေနံကစလို့​နောက်​ဆုံးမြစ်​ဆုံက​ကျောက်​စရစ်​ခဲပါမကျန်​ ရသမျှအပြုတ်​နှံဘို့သာကြံ​နေကြ​တော့တယ်​ ။
ကဲ - -ရင်​နာစရာမ​ကောင်းဘူးလား ။
ဒါ​ပေမဲ့ -ကျွန်​​တော်​ဘာမှမ​ပြောခဲ့ပါဘူး။နိုင်​ငံတကာသံတမန်​ဆက်​ဆန်​​ရေးပျက်​ပြားမှာစိုးလို့။

No comments: