အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Saturday, September 3, 2016

ကျွန်တော်တွေးမိသမျှ

ကျွန်တော်တွေးမိသမျှပြောဆိုပါမည်။

မှားသလာမှန်သလားတော့မသိ ရင်ကိုထိရှလာသောပုံရိပိတို့ကိုစာတို  ကဗျာတိုများအဖြစ်
တင်ပြပါတယ်။
တတ်လွန်းလို့လား။မဟုတ်ပါ။ကြေးမုံတချပ်လိုဖွင့်ထားမိသောရင်ကိုလာထိသော
ခံစားချက်များပါ။



















၂၁ ရာစုပင်လုံညီလာခံ



Thursday, September 1, 2016

၂၁ ရာစု ပင်လုံညီလာခံ


၂၁ရာစုပင်လုံညီလာခံကိုကျင်ပနေတယ်။
ဒုတိယနေ့မှာ ဝ ကိုယ်စလယ်အဖွဲ့ ကခွဲခြားဆက်ဆံလို့ဆိုတဲ့အကြောင်းပြချက်ကလေးဖြင့်
ညီလာခံမှကျောခိုင်းထွက်ခွာသွားတယ်။
သဘောထားမကြီးနိုင်ဘူးလား။
သူတို့မှားသလိုငါတို့ရောမမှားနိုင်ဘူးလားလို့စဉ်းစားကြည့်ပါအုံးလားကွယ်။
ညီအကိုတွေစိတ်ကောက်တာ
အမေကြီးတော့အားနာဘို့သင့်တာပေါ့။







Tuesday, August 30, 2016

၂၁ ရာစုပင်လုံညီလာခံအားကြိုဆိုပါတယ်


၂၁ ရာစုပင်လုံညီလာခံအောင်မြင်စွာကျင်းပနိုင်ပါစေ
မြန်မာပြည်သူပြည်သားတိုင်းရင်းသားညီအကိုမောင်နှစ်မအားလုံး
ရင်ခုံလှိုက်လှဲစွာမျှော်လင့်လျက်ရှိကြပါတယ်။













Saturday, August 6, 2016

ရေ​ဘေးကယ်​ဆယ်​​ရေး (၂၀၁၅ )

အနှိုင်းမဲ့ဆည်းဆာရဲ့​ရေ​ဘေးကယ်​ဆယ်​​ရေး ( ၂၀၁၅ )
 ၂၀၁၆ ခုသြဂုတ်​လဆန်းမှာ​နေ့တိုင်း​ဘဲမြစ်​ရိုးတ​လျှောက်​ကမြို့​တွေရွာ​တွေ
ရေကြီးနစ်​မြုတ်​တဲ့သတင်း​တွေ​​ကြည့်​​နေရ​တော့တယ်​ ။
အကြမ်​ဖျင်းသစ်​​တောပြုန်းလို့  ​ချောင်း​​တွေ​မြောင်း​တွေတိမ်​​ကောလို့ဆိုတဲ့အချက်​​တွေသိရတယ်​ ။
ကျန်​တဲ့အချက်​​တွေလည်းများစွာရှိအုံးမှာပါ ။
ရေရှည်​ဒါ​တွေကိုဘယ်​လိုကာကွယ်​ကြမလဲ။
စဉ်းစားဘို့လို​နေပြီ။
ကျွန်​​တော်​တို့လူမှု​ရေးအသင်းအဖွဲ့​တွေက​တော့ ဖြစ်​လာရင်​ကူကယ်​ကြယုံပင်​ ။
မနှစ်​က ( ၂၀၁၅ ) မှာကျွန်​​တော်​တို့​ရေ​ဘေးကယ်​ဆယ်​​ရေးအတွက်​ဘာ​တွေလုပ်​ခဲ့သလဲ ။
တင်​ပြရင်း. . . . .
                 ဒီနှစ်​ ( ၂၀၁၆ )မှာအသင်းသူအသင်းသားများဘာမှမလုပ်​​တော့ဘဲ  Tv / Online ​ပေါ်က
သတင်း​တွေကို
အသဲမာမာနဲ့ဘဲထိုင်​ကြည့်​​နေကြ​တော့မှလားလို့​မေးခွန်းထုပ်​လိုက်​ရပါတယ်​ ။
















Wednesday, July 27, 2016

သေခြင်း ၂၀၀

သေခြင်း ၂၀၀
လူ​တွေဟာ​နေ့တိုင်းအဲဒီ​နေရာကို ​​တလှမ်​ခြင်းသွား​နေ​ပေမဲ့
မသိချင်​​ယောင်​​ဆောင်​​နေတာဟာ​သေခြင်းတရားပါဘဲ။ကြိုတင်​ပြင်​ဆင်​မှုကိုဘယ်​​တော့မှ
လုပိမထားကြဘဲ အဆင်​မသင့်​လို့ကြုံ​တွေ့ရင်​​တောင်
" ဖွဟဲ့-လွဲပါ​စေ  ပယ်​ပါ​စေ  "ရွတ်​ပြီး​ခြေက​မြေမှုန့်​ကိုနဖူးသုတ်​တတ်​ကြတယ်​ ။
သေခြင်းတရားကိုလည်းအ မင်္ဂလာအလုပ်​လို့မှတ်​ကြတယ်​။
လွတ်​ကြမှာမှတ်​လို့ ။
ဟိုင်​ကြီးမှာလူတ​ယောက်​​သေပါပြီတဲ့  အ​လောင်​​မြေကျဘို့ဘယ်​​လောက်​ကုန်​မလဲ။တွက်​ကြည့်​ရ​အောင်​ ။
၁။အ​လောင်းတင်​ဘို့စင်​(ဝါးဖြင့်​)- - - -၁၅၀၀၀ ကျပ်​။
၂။အ​လောင်းအုပ်​ထားဘို့ခြင်​​ထောင်​- - - -၁၀၀၀၀ ကျပ်​ ။
၃။ခေါင်းလုပ်​ခြင်း - - - - - -  - - - - ၅၀၀၀၀ ကျပ်​။
၎။မီစက်​(၁ ရက်​ ၅၀၀၀ဖြင့်​ ၆ ည)- - - - - -၃၀၀၀၀ ကျပ်
ခန့်​မှန်း​ချေ စုစု​ပေါင်းတသိန်း​လောက်​ကုန်​ကြပါတယ်​ ။
အဲဒီ​နေရာကိုအနှိုင်းမဲ့ဆည်းဆာကူညီမှုအသင်းက​သောကအပူကို​ဖေးကူ​သောအားဖြင့်
ဝင်​​ရောက်​ထမ်းလိုက်​ပါတယ်​ ။ 
၁။အ​လောင်းတင်​စင်​- စတီး  steel  ဖြင့်​ပြုလုပ်​ထားပါတယ်​ ။
( တခုကိုဦး​အောင်​ခင်​/ဦးအ​ချော။နောက်​တခုကို​ဒေါ်​မွှေး​မွှေး/​ဒေါ်​အေး​အေးတိုကလှူဒါန်းပါတယ်​ )
၂။အ​လောင်းအုပ်​ဘို့ ခြင်​​ထောင်​အပြင်​ပန်း မီးဆိုင်းများဖြင့်​ဆင်​ရင်​​ပေးပါတယ်​ ။
၃။ခေါင်းလုပ်​ဘို့ ​ဖော်​မီကာတချပ်​လှူဒါန်းပါတယ်​ ။
၎။ဒီဇယ်​မီးစက်​နှစ်​ခု (တခု​ဦး​မောင်​​မောင်​သန်းမှလှူဒါန့ထား )ဓာတ်​ဆီမီးစက်​နှစ်​ခု(တခု
ဦးသ်န်းဦးမှလှူ ဒါန်းထား)ဖြင့်​ရက်​တလယ်​ကူညီပါတယ်​။
အသုဘကိုသုသာန်​သို့ပို့​ဆောင်​နိုင်​ဘို့လှည်းနှစ်​ခုတည်​​ဆောက်​ထားပါတယ်​ ။

အသုဘတခုကိုတသိန်းကုန်​ကြတယ်​ထား
အသုဘ ၂၀၀ပြည့်​ပြီမို
ကျွန်​​တော်​တို့အနိုင်းမဲ့ဆည်းဆာကူညီမှုအသင်းမှအသင်းသားနှင့်​အများလှူဒါန်း​ငွေသိန်း၂၀၀ကို
၅ နှစ်​အတွင်းလှူ ဒါန်းပြီးဖြစ်​ပါတယ်​ ။