သေခြင်း ၂၀၀
လူတွေဟာနေ့တိုင်းအဲဒီနေရာကို တလှမ်ခြင်းသွားနေပေမဲ့
မသိချင်ယောင်ဆောင်နေတာဟာသေခြင်းတရားပါဘဲ။ကြိုတင်ပြင်ဆင်မှုကိုဘယ်တော့မှ
လုပိမထားကြဘဲ အဆင်မသင့်လို့ကြုံတွေ့ရင်တောင်
" ဖွဟဲ့-လွဲပါစေ ပယ်ပါစေ "ရွတ်ပြီးခြေကမြေမှုန့်ကိုနဖူးသုတ်တတ်ကြတယ် ။
သေခြင်းတရားကိုလည်းအ မင်္ဂလာအလုပ်လို့မှတ်ကြတယ်။
လွတ်ကြမှာမှတ်လို့ ။
ဟိုင်ကြီးမှာလူတယောက်သေပါပြီတဲ့ အလောင်မြေကျဘို့ဘယ်လောက်ကုန်မလဲ။တွက်ကြည့်ရအောင် ။
၁။အလောင်းတင်ဘို့စင်(ဝါးဖြင့်)- - - -၁၅၀၀၀ ကျပ်။
၂။အလောင်းအုပ်ထားဘို့ခြင်ထောင်- - - -၁၀၀၀၀ ကျပ် ။
၃။ခေါင်းလုပ်ခြင်း - - - - - - - - - - ၅၀၀၀၀ ကျပ်။
၎။မီစက်(၁ ရက် ၅၀၀၀ဖြင့် ၆ ည)- - - - - -၃၀၀၀၀ ကျပ်
ခန့်မှန်းချေ စုစုပေါင်းတသိန်းလောက်ကုန်ကြပါတယ် ။
အဲဒီနေရာကိုအနှိုင်းမဲ့ဆည်းဆာကူညီမှုအသင်းကသောကအပူကိုဖေးကူသောအားဖြင့်
ဝင်ရောက်ထမ်းလိုက်ပါတယ် ။
၁။အလောင်းတင်စင်- စတီး steel ဖြင့်ပြုလုပ်ထားပါတယ် ။
( တခုကိုဦးအောင်ခင်/ဦးအချော။နောက်တခုကိုဒေါ်မွှေးမွှေး/ဒေါ်အေးအေးတိုကလှူဒါန်းပါတယ် )
၂။အလောင်းအုပ်ဘို့ ခြင်ထောင်အပြင်ပန်း မီးဆိုင်းများဖြင့်ဆင်ရင်ပေးပါတယ် ။
၃။ခေါင်းလုပ်ဘို့ ဖော်မီကာတချပ်လှူဒါန်းပါတယ် ။
၎။ဒီဇယ်မီးစက်နှစ်ခု (တခုဦးမောင်မောင်သန်းမှလှူဒါန့ထား )ဓာတ်ဆီမီးစက်နှစ်ခု(တခု
ဦးသ်န်းဦးမှလှူ ဒါန်းထား)ဖြင့်ရက်တလယ်ကူညီပါတယ်။
အသုဘကိုသုသာန်သို့ပို့ဆောင်နိုင်ဘို့လှည်းနှစ်ခုတည်ဆောက်ထားပါတယ် ။
အသုဘတခုကိုတသိန်းကုန်ကြတယ်ထား
အသုဘ ၂၀၀ပြည့်ပြီမို
ကျွန်တော်တို့အနိုင်းမဲ့ဆည်းဆာကူညီမှုအသင်းမှအသင်းသားနှင့်အများလှူဒါန်းငွေသိန်း၂၀၀ကို
၅ နှစ်အတွင်းလှူ ဒါန်းပြီးဖြစ်ပါတယ် ။

No comments:
Post a Comment