အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Thursday, June 30, 2016

ဦးဦးပုံ​ပြောမယ်​ ( ၇ )

ဦးဦးပုံ​ပြောမယ်​ (  ၇  )
ဖြူစင်​တဲ့ခ​လေးတို့ကို ဦးတို့ကိုးကွယ်​​နေတဲ့မြတ်​စွာဘုရားအ​ကြောင်း​ပြောပြချင်​လို့ ။
ခ​လေးတို့အ​မေနဲ့အ​ဖေ မင်္ဂလာ​ဆောင်​ပြီးမင်​တို့ကို​မွေး။
သိဒိတ္ထမင်းသား​လေးဟာလည်းမင်းတို့လိုဘဲ​မွေးလာတာ။
သာမန်​အ​သွေးအသားနဲ့တည်​​ဆောက်​ထားတဲ့လူသားစစ်​စစ်​ဘဲ ။
ဒါ​ပေမဲ့-ဦးတို့ ခ​လေးတို့နဲ့မတူတာက ကြိုးစားအားထုပ်​မှုဘဲ ၊၊
ဘဝ​ပေါင်းများစွာကြိုးစားအားထုပ်​မှုဆိုတဲ့ပါရမီ​တွေပြုလုပ်​ခဲ့တယ်​ ။
အဲဒီပါရမီရဲ့အကျိုးကဘုရားရှင်​မှာအရာအားလုံးကိုသိမြင်​နိုင်​​တော်​မူတဲ့
သဗ္ဗင်္ညု တညာဏ်​​တော်​ဆိုတာ​ပေါ်လာခဲ့တယ်​ ။ဦးတို့ကအဲဒီဥာဏ်​​တော်​ကိုရှစ်​ခိုးကြရမယ်​ ။
အဲဒီဥာဏ်​​တော်​မှာဖြစ်​လာတဲ့တရား​တော်​​တွေကိုရို​သေစွာလိုက်​နာရတယ်​ ။
ဘာသာခြား​တွေ​ပြောသလိုအရုပ်​ကြီး​တွေကို  ထိုင်​ရှစ်​ခိုးတဲ့ဘာသာမဟုတ်​ဘူးကွဲ့ ။မြတ်​စွာဘုရားကိုယ်​စားဆင်းတု​တော်​ကြီးကိုရှစ်​ခိုးလို့  ဥာဏ်​​တော်​ကိုပူ​ဇော်​ကြတယ်​ ။ပန်းဆီမီးဆွမ်းကပ်​ကြတယ်​ ။ဒီအတိုင်းလုပ်​လည်းရတာဘဲ ၊၊ဒါ​ပေမဲ့ ဆင်းတု​တော်​ရှိ​တော့ ထင်​သာမြင်​သာရှိပြီး
သဒ္ဓာတရားပိုလို့ပွားလို့ရတာ​ပေါ့ ။
ခ​လေးတို့​ရေ. . .ဘုရားရှင်​ဟာကမ္ဘ္ဘာ​ပေါင်​များစွာကြိုးစားခဲ့ရတယ်​ ။
                         ဒုက္ကရစရိယာဆိုတဲ့အကျင့်​ကို ၆ နှစ်​​တောင်​ကျင့်​ခဲ့ရတယ်​ ။
                         ရန်​သူအများကြီးကိုလည်းရင်​ဆိုင်​​အောင်​နိုင်​ရတယ်​ ။
ပြီးမှဘုရားဖြစ်​​တော်​မူတာ ။တန်​ဘိုးမဖြတ်​နိုင်​တာကိုလိုချင်​ရင်​ကြိုးစားရတယ်​ကွဲ့ ။
ကြိုးစာကဘုရားဖြစ်​ဆိုတဲ့စကားပုံခ​လေးတို့ကြားဘူးသားဘဲ။





ဝိုင်​၊ အမ်​၊ဘီ၊​အေရဲ့ရပ်​စုံဗုဒ္ဓသာသနာဝင်​စာအုပ်​မှ ပန်​ချီ ဦးဘကြည်​ရဲ့ပုံများကိုကူးယူ​ဖော်​ပြပါတယ်​ ။


No comments: