ဦးဦးပုံပြောမယ် ( ၄ )
ဖြူစင်တဲ့ခလေးတို့ကိုတောင်ပုံမပြောရတာကြာပြီနော် ။
ဦးဦးဒီနေ့ပတ္တမြားဂူနဲ့ဝက်များအကြောင်းပုံပြင်လေးကိုပြောပြချင်တယ် ။
ဟိုးရှေးရှေ့တုံးကတောအုပ်ကြီးတခုမှာပတ္တမြားတွေနဲ့မိုးကာထားသလိုဖြစ်နေတဲ့အလွန်တရာလှပတဲ့
ပတ္တမြားဂူကြီးတလုံးရှိသတဲ့ကွယ် ။
အဲဒီဂူကြီးဟာလှပရုံတင်မကဘူးမိုးလုံလေလုံမို့တောသတ္တဝါလေးတွေခိုလှုံကြတယ် ။အားလုံးကမတ္တမြားဂူကြီကိုကျေးဇူးတင်ကြသတဲ့ ။
အဲဒီအထဲမှာမှအရုပ်ဆိုးဆိုးအားနေရင်တကွပ်ကွပ်နဲ့ချီးပုံတောင်မလျှောင်နှုတ်ခမ်းနဲ့ထိုးနေတတ်တဲ့
ဝက်မဲအုပ်စုတစုဟာ
ဂူပြင်ကလျှပ်စီးလက်တာတွေ သားကောင်ကြီးတွေဖြတ်သွားရင်ဂူနံရံမှာအရိပ်မြင်ရတာတွေကိုကြောက်ကြသတဲ့ ။သူတို့သတ္တိမရှိလို့ကြောက်တာကိုဂူနံရံကိုအပြစ်ဘို့ပြီးပတ္တမြားဂူကိုပျက်စီးအောင်လုပ်ဘို့ကြံကြပါလေရော ။
ဂူနံရံမှိန်သွားအောင်ဆိုတဲ့စိတ်ကူးနဲ့သူတို့ကိုယ်ကိုရွှံ့တွေနဲ့သုတ်လို့ဂူနံရံကိုပွတ်ကြသတဲ့။
အော်-သနားစရာ။ဝက်တွေခမျာချီးသာစားတတ်တယ်နားမလည်ကြရှာဘူး။
အမျိုးမှန်တွင်းထွက်ကျောက်ဆိုတာပွတ်လေပိုလို့တောက်ပလေဆိုတာကိုဘဲ။
သူတို့ခမျာများမှာသာရွှံ့တွေနဲ့ပေပွလို့။
ပတ္တမြားဂူကြီးကတော့ ပိုလို့ ပိုလို့ တောက်ပလို့ ။
ခလေးတို့ကိုဦးဦးတတ်သလောက်အသိပေးရရင်တော့ပတ္တမြားဂူကြီးလိုပွတ်တိုက်လေတောက်ပြောင်လေ ( အခက်အခဲတွေ့လေ ပိုလို့ကိုယ်စွန်းကိုယ်စကိုတိုးတက်အောင်လုပ်လေ )
ဖြစ်အောင်ကြိုးစားကြပြီး ဝက်လိုလူစားတွေကိုတော့လျှောင်ကြပါလို့ ။
ဖြစ်အောင်ကြိုးစားကြပြီး ဝက်လိုလူစားတွေကိုတော့လျှောင်ကြပါလို့ ။
No comments:
Post a Comment