အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Tuesday, June 7, 2016

ရေသူမ​လေး​ရေ (၁၀ )

ရေသူမ​လေး  (  ၁၀  )
ရေသူမ​လေး​ရေ . ...ဆုံစမထင်​ပင်​လယ်​ပြင်​ဆိုတဲ့အတိုင်းပင်​လယ်​ပြင်​ကြီက ကျယ်​​ပြောလှပါတယ်​ ။
အခက်​အခဲ​တွေကိုဖြတ်​လို့ငါးကြီးဧရာနှင့်​အတူမင်းကိုရှာ​ဖွေကယ်​တင်​ဘို့
ရောက်​လာခဲ့​ပေမဲ့မင်းနဲ့ကိုယ်​ကြားမှာရှိတဲ့ဘီလူးပါးစပ်​လှိုင်​ဂူဝကြီးကပိတ်​လို့ ။မင်းကအထဲမှာ​မောင်​ကြီးကအပြင်​မှာနီးသလိုနဲ့​ဝေး​နေပါပြီ​ကော။
အချစ်​စစ်​ဆိုတာအ​နှောက်​အယှက်​အဖျက်​အဆီးများသတဲ့။ဒီဆိုရိုးကိုဘဲလက်​ခံရ​တော့ထင်​ပါရဲ့ ။
ရွှေ​ကောင်းရင်​မှတ်​​ကျောက်​အတင်​ခံနိုင်​သတဲ့။ခုကြုံ​နေရတဲ့အဖြစ်​​တွေဟာ​မောင်​ကြီးရဲ့အချစ်​မှတ်​​ကျောက်​များလို့ဘဲမှတ်​ရမှာ​ပေါ့ ။
ငါးကြီဧရာက​ပြောတယ်​ဒီဘီလူးပါစပ်​လှိုင်​ဂူ​ပေါက်​ကို​တောင်​ပင်​လယ်​ထဲကမြစိမ်း​လှိုင်​ဂူထဲမှာတရားကျင့်​​နေတဲ့အနီ​ရောင်​သူ​တော်​စင်​မှဖွင့်​နိုင်​မယ်​ ။သူ့ဆီမှာရှိတဲ့​မေတ္တာ​ရေစင်​နဲ့ပက်​ဖြန်းမှ
ဒီဂူတံခါးကြီးပွင့်​မယ်​လို့ဆိုတယ်​ ။
အချစ်​ရယ်​ . . .
မင်းလွတ်​မယ်​ဆို​မောင်​ကြီးဘယ်​​နေရာသွားရသွားရ၊ဘာကိုလုပ်​ရလုပ်​ရ၊ဘာကိုဘဲစွန့်​လွှတ်​ရစွန့်​လွှတ်​ရ ၊ကုန်​ကုန်​​ပြောမယ်​​မောင်​ကြီးအသက်​ကိုဘဲစ​တေးရစ​တေးရအသင့်​ပါဘဲ ။
အ​ပြောဆိုတာလက်​​တွေ့မရှိရင်​ဘာမှအဓိပ္ပာယ်​မရှိ​ပေမဲ့ ခုလက်​​တွေ့ကြုံလာပြီမို့​မောင်​ကြီးဟာအ​ပြောသမားမဟုတ်​ဘူးဆိုတာမင်းသိရ​တော့မှာ​ပါ။
ငါးကြီဧရာလမ်းပြတဲ့အတိုင်း​တောင်​ပင်​လယ်​သို့​မောင်​ကြီးတို့ခရီးဆက်​ရပြန်​တယ်​ ။
ဒီတခါ​တော့ဘာအခက်​အခဲမှမရှိဘဲ​တောင်​ပင်​လယ်​ထဲကမြ​ကျောက်​​တွေနဲ့စီချယ်​ထားတဲ့ဂူကြီးထဲကို
လွယ်​လွယ်​ဘဲ​ရောက်​ခဲ့တယ်​ ။ဂူတခုလုံးတိတ်​လို့ ။မည်​သူမှမရှိ ။
"  အနီ​ရောင်​သူ​တော်​စင်​​လေးခင်​ဗျား-ကျွန်​​တော့ကိုခဏ​လောက်​​တွေခွင့်​ပြုပါ
ဒုက္ခသယ်​မို့​မေတ္တာ​ရှေ့ထားလို့အကူအညီတခု​ပေးပါခင်​ဗျာ . . ."
ကျွန်​​တော်​စကားဆုံးသည်​နှင့်​​ရေပြင်​အစိမ်း​ရောင်​သည်​ဒါးနှင်​ခွဲလိုက်​သလိုတိကနဲကွဲသွားပြီးသစ်​​ခေါက်​နီ​ရောင်​အဝတ်​ကိုဝတ်​ထား​သောငယ်​ရွယ်​​ချော​မော​သောသူ​တော်​စင်​​လေးထွက်​​ပေါ်လာတယ်​ ။
"  မုဂတ​နဲ့​တော့မင်းတို့ပတ်​သက်​ပြန်​ပြီ။ငါ့ဆီက​မေတ္တာ​ရေစင်​ကိုယူလိုရင်​​တော့
အလကားမရနိုင်​ဘူးကွဲ့။ငါ​မေးမဲ့​မေးခွန်း ၃ ခုကို​ဖြေနိုင်​မှဖြစ်​မှာ  "
ကြည်​လင်​​သောအသံ​လေးသည်​ဂူနံရံတိုသို့ပဲ့တင်​ခတ်​လို့ကျွန်​​တော့အနားမှာဝဲပျံလို့​နေတယ်​ ။
"  အားလုံးကို​တောင်​စွန့်​လွှတ်​မယ်​လို့ဆုံးဖြတ်​ထားတာမို့​မေးခွန်းမျာကို​မေးပါ​တော့   "
ကျွန်​​တော့စကားကိုအနီ​ရောင်​သူ​တော်​စင်​​လေးသည်​နှစ်​ချိုက်​စွာပြုံးရင်​​မေးခွန်း ၃ ခုကိုစတင်​​မေး​တော့တယ်​ ။
၁။ကမ္ဘာကို​စောင့်​​ရှောက်​​နေ​သောအရာနှစ်​ခုရှိတယ်​ ။အဲဒါဘာလဲ။
၂။ လူနှစ်​​ယောက်​ရှိတယ်​ ။ပထမလူကိုဒုတိယလူကပါးရိုက်​တယ်​ ။ဆံပင်​ဆွဲတယ်​ ။ကုတ်​ခြစ်​တယ်​ ။တခါတရံ​သွေးထွက်​တဲ့အထိကိုက်​ဖဲ့တယ်​ ။ဘယ်​လိုပင်​ဒုတိယလူကလုပ်​ပါ​စေ။ပထမလူက​မေတ္တာမပျယ်​တဲ့အပြင်​တိုးလို့သာချစ်​သတဲ့ ။အဲဒီလူနှစ်​​ယောက်​ကဘယ်​သူ​တွေလဲ ။
၃။မိန်းမတ​ယောက်​ဘယ်​လိုပင်​ထဘီ​တွေ​ပေး​ပေမဲ့ ထဘီ​ပေးပါလို့နန်း​တော်​ကိုပတ်​လို့​အော်​​နေသတဲ့ ။
အဲဒီမိန်းမကိုအကျိုးအ​ကြောင်းသိလိုလို့ဘုရင်​ကြီးက​မေးတဲ့အခါ- -
"  မိဘများကွယ်​လွန်​ပြီး​နောက်​ ကျွန်​​တော်​မျိုးမနဲ့အတူလာ​နေ​သော​မောင်​ငယ်​ ၊ချစ်​ခင်​စုံမက်​နှစ်​သက်​၍ယူထား​သောခင်​ပွန်း၊အသက်​နဲ့ထပ်​တူချစ်​ရပါ​သောသားငယ်​။သူတို့ ၃ ဦးကိုဘုရင်​ကြီးရဲ့ရဲမက်​များကခိုးမှုလို့မသင်္ကာယုံဖြင့်​ဖမ်​ထားပါတယ်​။မိန်​မတ​ယောက်​ဟာအတူ​နေ​ယောက်ျားသားနားမရှိရင်​ထဘီမရှိတဲ့မိန်းမလိုဘဲအရှက်​အ​ကြောက်​အတွက်​အကာအကွယ်​မရှိသလိုယူဆလို့ရတာမို့ထဘီ​ပေး​သော်​လည်းထဘီ​ပေးပါလို့သာ​အော်​​နေရခြင်​ဖြစ်​ပါတယ်​ဖရား  "လို့​လျှောက်​တာကိုဘုရင်​ကြီးက
အမျိုးသမီးရဲ့​လျှောက်​တင်​ချက်​ကိုသ​ဘောကြတာ​ကြောင့်

 "  ခိုးမှုကမစစ်​ရ​သေးတာမို့အားလုံးကို​တော့မလွှတ်​နိုင်​ဘူး။သင့်​အရှက်​ကိုကာကွယ်​ဘို့​လော​လောဆယ်​တ​ယောက်​​တော့လွှတ်​​ပေမယ်​ ။၃ ​ယောက်​ထဲကတ​ယောက်​ကို​ရွေး​စေ ။  "လို့ခွင့်​ပြုလိုက်​တယ်​ ။မေးခွန်းနံပါတ်​ ၃ ကအဲဒီမိန်းမဟာ​မောင်​  လင်​  သား  ဘယ်​တ​ယောက်​ကို​ရွေးသလဲ ၊၊
အဲဒီ​မေးခွန်း ၃ ခုကိုအနီ​ရောင်​သူ​တော်​စင်​​လေးကကျွန်​​တော့ကို​မေးလာပြီ။
ကျွန်​​တော်​မလွဲမ​သွေ​ဖြေရပါ့မယ်​ ။
ကျွန်​​တော်​တို့ချစ်​သူနှစ်​​ယောက်​ပြန်​ဆုံဘို့ဆိုတာ ဒီ​မေးခွန်း​တွေကို​ဖြေနိုင်​မှ ။
ကျွန်​​တော်​ကြိုးစားရပါမည်​ ။
ပင်​လယ်​ကြီးအလယ်​မှာကျွန်​​တော်​တ​ယောက်​ထဲ ။
ဘယ်​သူများကျွန်​​တော့ကိုကူညီနိုင်​မှလဲ။
ချစ်​တတ်​ကြသူများ/စာနာတတ်​သူများ/ကြင်​နာသနားတတ်​သူများ/
ဆိုလျှင်​​တော့ကျွန်​​တော့ကိုကူညီကြမည်​ထင်​ပါတယ်​ ။


-----------------------------------------------------------------------------------------------------------

 ခင်​မင်​ရ​သောအ​ပေါင်းအသင်းများခင်​ဗျာ
ရေသူမင်းသမီး​လေးထရီဏီတီကိုကယ်​ဘို့မင်းသား​လေးမာကြူ  ရီယယ်​ကအကူအညီ​တောင်း​နေပြီ။
လစ်​လျူ  ရှု ထားကြ​တော့မလား။
သူတို့နှစ်​​ယောက်​​ပေါင်းဆုံဘို့ဆိုတာ​မေးခွန်း ၃ ခုကို​ဖြေနိုင်​မှဖြစ်​မှာ။
မ​ဖြေနိုင်​ဘူးဆိုသူတို့ဒီတသက်​​ဝေးကြ​တော့မှာ။ဇတ်​လမ်းကလည်းဒီ​နေရာမှုာဝမ်​နည်းပက်​လက်​နဲ့အဆုံးသတ်​ရ​တောမှာ ။
မကူကြ​တော့ဘူးလား ။မကယ်​ကြ​တော့ဘူးလား ။
ဒီ​မေးခွန်း​တွေကို​ဖြေနိုင်​ဘို့ကမာခွံ​ပေါ်မှာစံမြန်း​နေတဲ့​မေတ္တာ​ရေစင်​အိုးကိုရဘို့ 
အနီ​ရောင်​သူ​တော်​စင်​​လေးက ၇ ရက်​ တပါတ်​တိတိ​စောင့်​မယ်​တဲ့ ။

No comments: