အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Sunday, June 19, 2016

ဦးဦးင်္ပု​ပြောမယ်​ ( ၆ )

ဦးဦးပုံ​ပြောမယ်​  (  ၆  )
ဖြူစင်​တဲ့ခ​လေးတို့​ရေ . . .ဦးဦးကသိပ်​စကားများတာ ။နားညီးမယ်​လို့ထင်​ပါရဲ့ကွယ်
သူငယ်​ချင်း​တွေဆိုဦးဦးအိမ်​သိပ်​မလာကြဘူးကွယ့်​ ။
အချိန်​ရလားဆိုတဲ့စကားခံပြီးဆိတ်​ချီးပါသလို​ပြော​တော့တာဘဲ။
 ဦးဦးကမင်းတို့ကို​ကောင်း​စေချင်​တယ်​ ။တော်​​စေချင်​တယ်​ ။တတ်​​စေချင်​တယ်​ ။
ဦးဦးသိသမျှအားလုံးကိုဆရာစားမချန်​  မင်းတိ့ကို​ပြောပြချင်​တာ ။
ကဲ--စရ​အောင်​ ။ဒီတခါ​တော့ဘုရား​ဟောလာတဲ့  မြတ်​စွာဘုရားရဲ့လက်​ဝဲ​တော်​ရံ
နဂါးကြီးကိုနှိုမ်​နင်းဘို့မြတ်​စွာဘုရားက ခွင့်​ပြု​သောတဦးတည်း​သောတန်​ခိုးအရာမှာဧဓဒက်​ရ​သော 
( အ​ကောင်းဆုံးအ​တော်​ဆုံး) ရှင်​မဟာ​မောဂ္ဂလာန်​ရဟန္တာမ​ထေရ်​ကြီးအ​ကြောင်းဘဲ ၊၊
နုစဉ်​တဘဝမှာမိန်းမဆိုးတ​ယောက်​ကိုဇနီးမယားပြုထားမိတဲ့ရှင်​​မောဂ္ဂလာန်​အ​လောင်းအလျှာ​လေးဟာဇနီးသည်​ရဲ့အကြိမ်​ကြိမ်​တိုက်​တွန်းမှုကိုနား​ယောင်​လို့
မျက်​မမြင်​မိဘနှစ်​ပါးကိုသတ်​ပြစ်​ဘို့ကြံခဲ့တယ်​ ။
လူရှင်းတဲ့​တောထဲကို​ခေါ်သွားပြီးလူဆိုး​တွေကလုပ်​တယ်​လို့ဟန်​​ဆောင်​ပြီဒုတ်​​တွေနဲ့မိဘ​တွေကို
ရိုက်​နှက်​လို့သတ်​ဘို့လုပ်​​တော့တယ်​ ။ 
ဒီအခါမှာမျက်​မမြင်​မိဘနှစ်​ပါးဟာရင်​ထဲကလာတဲ့​မေတ္တာနဲ့
"သားလူက​လေး ၊လူဆိုး​တွေလက်​ကမင်းလွတ်​​အောင်​​ပြေး၊ အ​မေတို့အ​ဖေတို့ကိုထားခဲ
ငါတို့ကအသက်​ကြီးလို့​​သေမယ်​ဆို​သေ​ပျော်​ပါပြီ။ပြေး  ​ပြေး သား​ရေ  မင်းသာလွတ်​​အောင်​​ပြေး "
လို့သားတ​ယောက်​လုံးရဲ့အရိုက်​ကိုခံရင်း အဲဒီသားကိုဘဲ လွတ်​ဘို့​စေတနာထား​နေတယ်​ ။
ခ​လေးတို့​ရေ  . 
ဘယ်​မိဘဖြစ်​ဖြစ်​သားသမီးအ​ပေါ်မှာ​ကြောသားရင်​သားမခွဲခြားဘဲ​မေတ္တာထားတတ်​ကြတယ်
ဆိုတာမင်းတို့သိထားဘိုလိုတယ်​ ။
ဒီစကားကိုကြားရင်​ဘဲသတိတရားရပြီးရိုက်​ထာကိုရပ်​ပြီးအိမ်​ပြန်​​ခေါ်သွားကာအရင်​လိုဘဲပြုစုတယ်​ ။
အဲဒီမ​ကောင်းတဲ့ကံကပရိနိဗ္ဗာန်​စံကာနီးမှာတန်​ခိုး​တော်​နဲ့ကာကွယ်​​ပေမဲ့
မရဘဲ
လူဆိုး​တွေရဲ့အထုအ​ထောင်းကိုခံပြီးမှပရိနိဗ္ဗာန်​စံရရှာတယ်​ ။
ခ​လေးတို့​ရေဒီအ​ကြောင်းကိုဖတ်​ရရင်​မိဘဆိုတာသားသမီးအ​ပေါ်မှာဘယ်​လို​မေတ္တာထားတယ်​ ။
ပြစ်​မှားမိရင်​ရဟန္တာ​တောင်​မှမလွတ်​နိင်​ဘူးဆိုတာရယ်​ သိနိုင်​ပါပြီ။
မင်းတို့ကြီးလာတဲ့တ​နေ့မိန်းမဆိုး​တွေကို​ရှောင်​လို့မိန်းမ​ကောင်းမိန်းမမြတ်​​တွေကို
သတိနဲ့​ရွေးချယ်​နိုင်​ကြပါ​စေ လို့ဦးဦးသတိ​ပေးဆု​တောင်းလိုက်​ပါတယ်​ ။








ပုံများကို အင်​တာနက်​/FB တို့မှကူးယူ​ဖော်​ပြပါတယ်​ ။

No comments: