ဦးဦးပုံပြောမယ် ( ၅ )
ဦးဦးကတယောက်ထဲရှိတာများလို့ဖြူစင်တဲ့ခလေးတို့နဲ့ဘဲစကားပြောတော့မယ်ကွယ် ။
ဒီတခါတထောင့်တညပုံပြင်ထဲက
အလီဘာဘာနဲ့ခိုးသားလေးဆယ် ဆိုတဲ့အာရပ်ပုံပြင်တပုဒ်ကိုပြောပြချင်လာပြန်ရော။
ပါရှားမြို့ကြီးတမြို့မှချမ်းသာတဲ့ကုန်သည်ကစင်း CASSIM နဲ့ဆင်းရဲတဲ့သစ်ခုတ်သမားအလီဘာဘာAlibaba တို့ညီအကိုရှိကြသတဲ့။
တနေ့အလီဘာဘာဟာသစ်ခုတ်ဘို့အသွားမြင်စီးသမားအများကြီးအဝေးကမောင်းလာတာတွေ့လို
သစ်ပင်ပေါ်တက်ပြီးပုန်းနေသတဲ။့လူ ၄၁ ယောက်ဟာအိပ်တွေနဲ့ရောက်လာပြီးဂူကြီးတခုရှေ့မှာ
ခေါင်းဆောင်ဗိုလ်က
" Open Sesame "လို့ရွတ်လိုက်တော့ဂူတခါးကြီးပွင့်သွားပြီးအိပ်တွေဂူထဲမှဝင်ထားတယ် ။ပြန်ထွက်လာပြီး " Close Sesame "လို့အော်လိုက်လို့ဂူတံခါးကြီးပိတ်သွားတာနဲ့မြင်းပေါ်တက်လို့ပြန်ထွက်သွားတော့တယ် ။အလီဘာဘာလည်းသစ်ပင်ပေါ်ကအမြန်ဆင်း ဂူရှေ့သွားပြီးလူဆိုးဗိုလ်အော်သလိုအော် ပြီးပွင့်သွားတဲ့ဂူထဲဝင်လိုက်တယ်ဆိုဘဲလူဆိုးတွေ ၅နှစ်လောက် -အဲ - -မှားလို့အနှစ်နှစ်အလလကခိုးဆိုးလုယက်ထားတဲ့ရွှေငွေတွေအများကြီးတွေ့လို့အိပ်တွေအပြည့်ထည့်ယူလာသတဲ့ ။
တိုတိုပြောရရင်ဒီအကြောင်းတွေ မတတ်သာလို့အလီဘာဘာဟာ ကစင်းကိုပြောလိုက်ရတယ် ။
သိတယ်ဆိုဘဲ ကစင်းဟာရွှေတွေကိုသွားယူတယ် ။
လောဘကြောင့်အထွက်ဂါထာကိုမမှတ်မိတာကြောင့်ဂူထဲပိတ်မိပြီးလူဆိုးတွေရဲ့ ၄ ပိုင်းဖြတ်အသတ်ခံလိုက်ရတယ် ။
လူဆိုးးတွေဟာနောက်တယောက်ပါတယ်ဆိုတာသိလို့လိုက်စုံစမ်းတာအလီဘာဘာမှန်းသိလို့
ညကြမှဝင်တိုက်ရန်အိမ်ကို ဝ လုံးလေးကွင်းမှတ်ထားတာကို အလီဘာဘာရဲ့ကျွန်မလေးကသိပြီး
အိမ်တိုင်းကို ဝ လုံးလေးတွေလိုက်မှတ်ထားလိုက်တယ် ။ညကြတော့အလီဘာဘာရဲ့အိမ်ဟာ
ဘယ်အိမ်မှန်းမသိကြဘူး။
နောက်တညလည်းဒီအတိုင်ဘဲဖြစ်နေလို့ လူဆိုးခေါင်ဆောင်ကြီးဟာ
သူကိုယ်တိုင်ဆီကုန်သည်ယောင်ဆောင်ပြီးအိုးတွေထဲကိုသူ့လူတွေထည့်ကာအလီဘာဘာအိမ်မှာဝင်တည်းလို့ညလူခြေတိတ်မှအလီဘာဘာကိုသတ်ဘို့ကြံပြန်တယ် ။
ခုနကကျွန်မလေးရရဲ့လိမ္မာပါးနပ်မှုကြောင့်လူဆိုးတွေအားလုံးသေကုန်ရောတဲ့။
အလီဘာဘာဟာလိမ္မာတဲ့သူ့ကျွန်မလေးကိုသူ့သားနဲ့ပေးစားလိုက်သတဲ့ ။
ရွှေတွေထားတဲ့ဂူအကြောင်းကိုတသက်လုံးဘယ်သူ့ကိုမှမပြောတော့ဘူးတဲ့ကွယ် ။
ဦးဦးတို့ဒီပုံပြင်ကိုစကြားတုံးကအလီဘာဘာကိုသူခိုး ၄၀ရဲ့ခေါင်းဆောင်သူခိုးကြီးလို့မှတ်တာ ။
အမှန်တော့အလီဘာဘာဟာဒါးပြ ၄၁ တိုက်ခိုက်လာတာတွေကိုပြန်ခိုးတဲ့
သူဝှက်ကြီးဖြစ်နေတော့တာကို ။
ဒါးပြ=သူများမပေးသောပစ္စည်းကိုဒါး လှံ သေနပ်တို့ပြ၍လုယူသူ
သူခိုး=သူများမပေးသောပစ္စည်းကိုမသိအောင်သော်လည်ကောင်း ၊လှည့်ပတ်၍လည်းကောင်းယူသူ
သူဝှက်= သူခိုးများထံမှပြန်၍မလိမ့်တပတ်ယူထားသူ
ဦးဦးတတ်သလောက်အဓိပ္ပာယ်ပြန်ပြလိုက်ပါတယ် ။

No comments:
Post a Comment