အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Monday, February 1, 2016

ဗမာစစ်​စစ်​ရွာ

ဗမာစစ်​စစ်​ရွာစက်စက်ယို ဆံရစ်ဝိုင်း နဲ့ ဗြဟ္မစိုရ်ခြေလှမ်း

============================

 ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံမြို့ဟောင်းနားက ရွာလေးတရွာဖြစ်တဲ့ စက်စက်ယိုရွာကလေးမှာ အိမ်ခြေ ၁၆၀ ကျော်၊ လူဦးရေ ၈၀၀ ၀န်းကျင်ပဲ ရှိတယ်။ အဲဒီ့ စက်စက်ယိုရွာကလေးကို နာရေးကူညီမှုအသင်း (ရန်ကုန်)အဖွဲ့ ရောက်သွားတော့ "ဗမာစစ်စစ်ရွာ(စက်စက်ယိုရွာ)သို့ ဗြဟ္မစိုရ်ခြေလှမ်းနဲ့ ရောက်ရှိပြီ"လို့ ဦးကျော်သူက ဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်အခုခါ တွေ့မြင်ရခဲတဲ့ ဆံရစ်ဝိုင်းနဲ့ ကလေးသူငယ်တွေ ဒီရွာလေးမှာ ရှိနေသေးလို့ပါပဲ။

စက်စက်ယိုရွာလေးမှာ ယောင်္ကျားလေးတွေက  အသက်၅နှစ်အရွယ်ကနေ စပြီး ကိုရင်မဝတ်ခင် အထိ ဆံရစ်ဝိုင်းလေးတွေ ထားကြတယ်၊ မိန်းကလေးတွေ ကတော့ အသက် ၅နှစ်ကနေ ဆံရစ်ဝိုင်း၊ ဆံတောက်တွေကို ထားရှိပြီး အသက်၂၀လောက်မှာ အုံးလုံးသိမ်းတဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။

စက်စက်ယိုရွာက တခုတည်းသော စာသင်ကျောင်းဟာ မူလတန်းအဆင့်ပဲရှိပြီး ၄တန်းအောင်တဲ့အခါ ကလေးတွေဟာ တောင်တေမှာ ကျောင်းသွားတက်ကြရပါတယ်။ ခေတ်ကာလအပြောင်းအလဲကြားမှာ တခြားဒေသကိုကျောင်းသွားတက်ရင်းနဲ့ ဆံရစ်ဝိုင်းထားတဲ့ ကလေးသူငယ်တွေလဲ နည်းပါးလားခဲ့ပါတယ်။

ကလေးတွေ စာကျက်ရင် ဆိုလာမီးပြားနဲ့ စာကျက်ရတဲ့ ဒီစက်စက်ယိုရွာကလေးမှာ ရှားပါးလာနေတဲ့ ဆံရစ်ဝိုင်းဓလေ့ကို ထိန်းသိမ်းရာမှာ ရွာဦးကျောင်းဆရာတော်ရဲ့ အခန်းကဏ္ဍကလည်း အဓိက ပါဝင်နေပါတယ်။ ပုဂံ-ညောင်ဦးတနယ်လုံးမှာ ဒီတရွာထဲမှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း(၇၀)ကျော်ကတည်းက တရွာလုံး ယောင်ထုံးနဲ့ရှိရာကနေ အခုချိန်မှာ အသက် ၁၃နှစ် ၁၄နှစ် ကိုရင်ဝတ်ရာကနေ ဆံရစ်ဝိုင်းပြုတ်ကုန်တာများတယ်လို့ ရွာခံတွေက ပြောကြတယ်။

စက်စက်ယိုရွာကလေးမှာ နှစ်ပေါင်း (၇၀)ကျော် တရွာလုံးနီးပါး ယောင်ထုံး ထုံးခဲ့ကြပါတယ်။ ဆံရစ်ဝိုင်းနဲ့ ကလေးသူငယ်တွေဟာလည်း မြန်မာတွေရဲ့ ဓလေ့ ထုံးတမ်းအစဉ်အလာတခု ဖြစ်ခဲ့ပါတယ်။ အခု မျက်မှောက်ခေတ် စက်စက်ယို ရွာကလေးမှာ ဆံရစ်ဝိုင်းနဲ့ ကလေးသူငယ် ၃၀ကျော် ၄၀နီးပါးလောက် ကျန်ရှိနေပါတယ်။ ရှားပါးလာနေတဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းရင်း ဆံရစ်ဝိုင်းနဲ့ ကလေးသူငယ်တွေ စက်စက်ယို ရွာကလေးမှာ နေထိုင်ကြပါတယ်။ ဆံရစ်ဝိုင်းနဲ့ ကလေးသူငယ်တွေ ရှိနေတဲ့ စက်စက်ယိုရွာကလေးကို ဦးကျော်သူက "ဗမာစစ်စစ်ရွာ" လို့ ဓာတ်ပုံမှတ်တမ်းတင်ခဲ့တယ်။

Photos - Kyaw Thu facebook

(( DVB TV မှာ ၂၀၁၄ခုနှစ်က ထုတ်လွှင့်ခဲ့သည့် ဆံရစ်ဝိုင်း နှင့် စက်စက်ယိုရွာကလေးအကြောင်း တစေ့တစောင်း ရုပ်သံမှတ်တမ်း ကြည့်ရှုနိုင်ရန် - https://youtu.be/1Yf7k3gLims ))

တ​ခေါက်​​လောက်​​တော့သွားကြည့်​ချင်​ပါရဲ့
ဦး​ကျော်​သူကိုအကြံတခု​ပေးကြည့်​ချင်​တယ်​ ။ရေမီးစုံသွားရင်​​နောက်​တခုကပညာ​ရေး။
စက်​စက်​ယိုရွာကတ​နေ့သမ္မတ တ​ယောက်​မထွက်​ဘူးလို့​ပြောနိုင်​မလား။

No comments: