ရေသူမလေးရေ ( ၁ )
ညစဉ်အိပ်မက်တခုကိုထပ်တလဲလဲမက်နေတယ် ။
အိပ်မက်ထဲမှာလေ . . .ဝိုးတိုးဝါးတား ဆံပင်ရှည်ရှည်နဲ့တယောက်။လှိုင်းလုံးတွေလည်းတွေ့ရဲ့ ။မောင်ကြီးရေ . . .လာပါတော့ ။တယောက်ထဲပျင်းလှပြီတဲ့ ။
ဘာမှန်းမသိ ။သိုက်ကများပြန်ခေါ်လေသလား။
ဟိုတွေးဒီတွေးပေါ့ ။
တနေ့ fb မှာတယောက်တင်ထားတဲ့ကျောက်ကလပ်ကရေသူမလေးပုံတွေ့မှ
အိပ်မက်ထဲကသူပါလား ။အဲဒီကိုသိပ်သွားချင်ခဲ့တယ် ။
နားထဲမှာလည်း" မောင်ကြီးရေ "လို့ခေါ်တဲ့အသံကပဲ့တင်ထပ်လို့နေတော့တယ် ။
တိုက်ဆိုင်တာလား - - -ညို့ယူတာလား - - -
သိပ်မကြာခင် ဒေါ်ခင်ပြုံးတို့မနီတို့ကကျောက်ကလပ်သွားရအောင်တဲ့ ။ချောင်းဝကျောင်းသစ်ဆရာတော်ကထမင်းကျွေးမယ် ။ကားနဲ့လိုက်ပို့မယ်တဲ့ ။
မောင်ကြီးလာခဲ့ပြီပေါ့ -ရေသူမလေးရေ . . .
လေတွေရေတွေတိုက်စားထားလို့ ကျောက်တောင်အောက်ချေတွေချိုင့်ဝင်ပြီးကလပ်ပုံဖြစ်နေတာမို့ကျေက်ကလပ်လို့ခေါ်ကြတာပါ ။
ရောက်သွားတော့စိတ်မကောင်း ၊နေပူကျဲကျဲကျောက်တုံးကြီးပေါ်ထိုင်လို့- - -
မောင်ကြီးကိုမျှော်နေရော့သလား ။
ဓာတ်ပုံတွေရိုက်ကြတယ် ။ပြီးတော့ပြန်ကြယုံပေါ့ ။
သူ့ကိုကြည့်ရင်း ကဗျာ တပုဒ်ရင်ထဲမှာဖြစ်တည်လာတော့တယ် ။
ကဗျာလေးနံမည်က" အိပ်မက်ထဲကရေသူမလေး " တဲ့ ။
လူတဝက် ငါးတဝက်
ချက်စားလို့လည်မရ
ဖက်ထားဘို့လည်း မဝ
ခက်များခက်ရချည်ကွဲ့
သက်ထားနွဲ့ညာပလီရဲ့ ပြန်တော့မယ့်မောင်ကြီး
လွမ်းသဲပြီးရင်ပူ
နွမ်းကဲပြီးဘဝင်ဆူ
ကျွမ်းအသဲ မီးဝင်ကူသမို့
ချစ်လေးရေ. . . .
မင်းမောင်ကြီးမှာလေ - - -
ခမ်းပုလဲမျက်ရည်ပူဆို့ ။
No comments:
Post a Comment