အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Sunday, May 15, 2016

ရေသူမလေးရေ  (  ၄  )

ရေသူမလေးရေ. . . .
                                မင်းနေတဲ့ပင်လယ်ကြီးနဲ့ဝေးတဲ့နေရာကိုမောင်ကြီးခရီးသွားမလို့ ။
ခနတာခွဲခွာရတာတောင်  မောင်ကြီးရင်တွေနွမ်းရပါတယ်အချစ်ရယ် ။
မင်းကိုအချစ်လို့ခေါ်ပါရစေတော့ ။
သူတို့တွေကမောင်ကြီးမှာအချစ်ရှိသတဲ့လားတဲ့ ခနဲ့ကြတယ်ရွဲ့ကြတယ် ။
မောင်ကြီးကသစ်ဆွေတုံးမှမဟုတ်ဘဲ ။ပစ်ထားတဲ့သစ်စိမ်းတုံးလေ။မိုးသံကြားတော့အညွှန့်အညှောင့်လေးတွေ
ပြူထွက်လာတာပေါ့ ။
ခွဲရတော့မယ်ဆိုမှ မောင်ကြီးမင်းကိုသိပ်ချစ်ပါလားလို့သိလာရတယ် ။
ချစ်ဘူးသူတိုင်း အဲဒီအချစ်ကိုခွဲဘူးသူတိုင်းရဲနှလုံးသားတွေကမောင်ကြီးအဖြစ်ကိုကိုယ်ချင်းစာနိုင်မှာပါ ။
ခွဲခါနီးမင်းကိုနှုတ်ဆက်ဘို့ဟိုင်းကြီးကသောင်ဘက်ကိုမောင်ကြီးထွက်ခဲ့တယ် ။
အပြင်ကနွေအပူဟာမောင်ကြီးရင်ထဲကလွမ်းအပူနဲ့ တူနေပါရော့လား ။
ကျောက်ဆောင်တခုပေါ်ထိုင်ရင်းတိုးတိုးလေးမင်းကိုတမိတယ် ။
မင်းကမလာ။တန်လျှပ်တွေကြားကဟိုးအဝေးကြီးကိုငေးမျှော်ပေမဲ့ပေါ်မလာ ။
ပူလွန်းတဲ့အပူတွေကမောင်ကြီးရင်ကိုဆူပြီပေါ့ ။
မောင်ကြီးပြန်ပါတော့မယ် ။ထိုင်ရာမှထလိုက်သည်။
ဟော - - -အမြီးခတ်သံ။
မင်းပေါ့- - -ရေသူမလေးပေါ့ ။
မောင်ကြီးပြောပြတော့ သူကစိတ်မကောင်း ၊သူစိတ်မကောင်းတော့မောင်ကြီးရင်လည်းမကောင်းတော့ ။
            "  မောင်ကြီကိုစကားတွေအများကြီးပြောချင်ပါတယ်ရှင်ရယ် ။မောင်ကြီးနဲ့ကျမတွေ့တာ
               တိုက်ဆိုင်မှုလို့မောင်ကြီးကယူဆနေလား ။မောင်ကြီးဟာဟိုးဘဝကရေသူတိုင်းပြည်က
               မင်းသားလေး   မာကြူရီတဲ့ ။တစုံတခုသောအကြောင်းကြောင့်ရေသူတိုင်းပြည်နဲ့ကျမကို
              ခွဲထားခဲ့တယ် ။ကျမတို့ရေသူတိုင်းသားတွေဟာသူတပါးကြောင့်မသေသ၍အသက်ရှည်
                 ကြတယ် ။ဒါကြောင့်ကမ္ဘာကိုပတ်ပြီးမောင်ကြီးကိုရှာနေရတယ် ။တွေ့တော့လည်း
                  မောင်ကြီးကမမှတ်မိတော့ ။တနေ့ကျမတို့ညီအမ ၇ ဖော်နဲ့မောင်ကြီးအကြောင်း။
                  ဘယ်သူ့ကြောင့်မောင်ကြီးဘဝပြောင်းသွားရတာလဲဆိုတဲ့အကြောင်း ၊မောင်ကြီးနဲ့ကျမ
                  အတွက်အလွန်အရေးကြီးတဲ့ ရေသူတိုင်းပြည်ရဲ့ထီးနန်းဆက်ခံရမဲ့ထုံးစံတွေအကြောင်း
                 အို . . .အကုန်လုံး ကျမနဲ့မောင့်ဘဝအကုန်းလုံးကိုပုလဲမျက်ရည်တောင်ကြားမှသိမ်းထားတဲ့
                  ရေသူကျောက်စာတွေသက်သေတွေပြလို့မောင်ကြီးကိုရှင်းပြချင်ပါတယ် ရှင်ရယ်  "
တတွတ်တွတ်နဲ့ပြောရင်းသူ့အသံတို့တိုးတိမ်လို့လာတယ် ။
                  "   သွားပေအုံးတော့မောင်ကြီရေ ။ကျမအရင်သွားတော့မယ် ။မောင်ကြီးကြောခိုင်း
                     ထွက်သွားတာကိုကျမရင်မဆိုင်နိုင်လို့ . . ."
စကားဆုံးသည်နှင့်ရေထဲသို့ခုန်ဆင်းကူးဝင်ပျောက်ကွယ်သွားတော့သည်။
သောင်ပြင်တခုလုံးကျွန်တော်တယောက်ထဲ ။
တုံနိဘာဝေကျောက်ဆောင်ကြီးတွေကဘေးနားမှာမလှုတ်မယှက်ငုတ်တုတ်ငိုက်လို့။
လှိုင်းလုံးကြီးတွေကသူ့ထက်ငါအလုအရက်တက်လို့ကျွန်တော့ကိုကြည့်ကာလှောင်ကြတယ် ။
ငိုထားတဲ့နေမင်းကြီးကတော့ကျွန်တော့ကိုမကြည့်ရက်လို့ထင်ပါ့ ။
ပင်လယ်အောက်ကိုငုတ်ရှိုးသွားလိုက်တာပြန်ပေိါမလာတော့ ။
ဘယ်ဘဝကအကုသိုလ်ပါလိမ့် ။ချစ်မယ်လို့စယုံရှိသေးခွဲခွာခြင်းကချဉ်းနင်းဝင်ရောက်လို့လာပါပြီကော ။


No comments: