ရေသူမလေးရေ. . . .
ပုလဲနဲ့ရွှေကမာခွံလေးတွဲလုပ်ထားတဲ့ပုတီးကိုဆွဲထားပြီးကျက်သရေရှိစွာလှနေတဲ့
ဒေါ်အောင်ဆန်းစုကြည်ပုံကိုကြည့်ရင်းမင်းကိုသတိရနေမိတယ် ။
ဒေါ်စုက ၄ ဌာနဝန်ကြီးအပြင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ကြီးဖြစ်တော့မှာ ။
နိုင်ငံခြားသံတမန်တွေနဲ့တွေ့ရမယ် ။နိုင်ငံတကာကိုသွားရတော့မယ် ။
ဒေါ်စုကိုပုလဲတကုံးကန်တော့ချင်လိုက်တာ။မင်းတိ့ဆီမှာတော့ပုလဲတွေပေါမှာဘဲ ။
ဒီလိုတွေးနေတုံးခြေထောက်တွေကတင်းကျတ်လာတယ် ။
ရမ်းချင်ခါချင်စိတ်ပေါ်လာတာမို့အောက်ကိုငုံ့ကြည့်လိုက်တော့ . . .
ဘုရား-ဘုရား-ငါ့ခြေထောက်တွေငါးဘဝကိုတဖြည်းဖြည်းပြောင်နေပါပေါ့လား။
ငါမျက်စိစုံမှိတ်လို့ကြောက်လန့်တကြားအော်ပိတယ် ။
ရုန်းကန်မိတယ် ။
လွတ်လပ်ပေါ့ပါးနေတာမို့စုံမှိတ်ထားတဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ . . . . .
ဟင်-ငါရေထဲရောက်နေပါလား။ခါးအောက်တပိုင်းငါးဖြစ်လို့။လှလွန်းတဲ့အမြီးကိုရမ်လို့ကူးကြည့်မိတယ် ။
" မကြောက်ပါနဲ့မောင်ကြီးရယ်။မောင်ကြီးကိုရေအောက်မှပြစရာရှိလို့။ရေအောက်မှာနေနိုင်ဘို့ ခနဘဝပြောင်းပေးထားတာပါ ။
အသံကြားပြီးအနားသို့ရေသူမလေးကူးလာတယ် ။
No comments:
Post a Comment