အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁
အနှိုင်းမဲ့ဆည်းဆာ
ပြင်ပ လင့်ခ်
စကားဝိုင်း |
Saturday, May 14, 2016
ရေသူမလေးရေ ( ၂ )
ရေသူမလေးရေ. . . . .
မင်းကိုအိပ်မက် မက်တယ်ဆိုတာသူတို့တွေကမယုံကြဘူးကွယ့် ။
ဘယ်လိုသက်သေပြရမလဲဟင် ပြောပါအုံး ။
ပြန်တဲ့နေ့ကမင်းစိတ်ဆိုးမှန်းလည်းသိပါရဲ့ ။
ချောင်းဝကအထွက်ခနကြာတော့ပြေချောနေတဲ့ ရေပြင်ဟာချိန်ခါမဟုတ်လှိုင်းတွေထလာတယ် ။
အမြီးနဲ့ရေပြင်ကိုရိုက်လို့လှိုင်းတွေထလာတယ်ဆိုတာသိပါတယ် ။
သိလျှက်နဲ့ဝိဘက်ကြမ္မာမငင်ချင်တော့လို့ပါ။
ဒီအချိန်မှာရေငံပိုင်ဦးရှင်ကြီးဇတ်လမ်းကိုသွားတွေးမိတယ် ။
မောင်ရှင်ကိုစွဲလမ်းလို့လှေထွက်မရအောင်တားထားတာ ၊ မဲချပြီမောင်ရှင်ကိုရေထဲပြစ်ချမှလှေထွက်နိုင်သတဲ့။
ခရီးသွားဖော်တွေဒီအကြောင်းသိသွားရင် . . .
" မင်းဟာ အပါယ်၎ ဘုံသားထဲမှာပါတဲ့တိရစ္ဆာန်မျိုးနွယ်
လူသားနဲ့ဘယ်လိုမှပေါင်းစပ်လို့မရနိုင်ပါဘူး
ကံအကြောင်းတိုက်ဆိုင်ရင် တော့ သံသရာရဲ့တနေရာမှာဆုံကြသေးတာပေါ့
ခုဘဝမှာတော့ပြုပြုသမျှကုသိုလ်တွေကိုအမျှပေးဝေပါတယ်ကွယ် "
မင်းသာဓုခေါ်သံကိုကြားလိုက်ပါရဲ့။
လှိုင်းလေတို့ချက်ချင်းငြိမ်လို့ဟိုင်းကြီးဆိပ်ကမ်းကိုစက်လှေချောမောစွာရောက်ပါပြီ။
မင်းကိုကျေးဇူးတင်ပါတယ် ရေသူမလေးရယ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment