ရေသူမလေးရေ မင်းကြောင့်ဘဲမြန်မာပြည်မြောက်ဖျားကနေ
ပင်လယ်ကြီးရှိရာကိုမောင်ကြီးအပြေးပြန်လာခဲ့ရတယ် ။အိမ်သားတွေတားနေတဲ့ကြားကဘဲ
ရောက်ရောက်ခြင်းအိပ်တွေချလို့သောင်ဘက်ကိုထွက်ခဲ့တယ် ။
တခုခုဖြစ်ပြီးစလိုပင်လယ်ကြီးညိမ်သက်လို့။လှိုင်းသံတောင်မကြားရ။
ကျွန်တော့်ရင်တွေပူလှပြီ ။
"ရေသူမလေးရေ "လို့အရူးကြီးလိုအော်မိတယ် ။
သည်းမခံနိုင်တော့ ရေထဲကိုပြေးဆင်းသွားမိတယ် ။
ဒီအချိန်မှာအဝါရောင်ငါးလေးတကောင်ကျွန်တော့်ဆီကူးလာလို့ ။
" အသင်မင်းသား မာကြူ ရီယယ် . . ."
ဟင်- ငါးကလူလိုပြောလိုပါလား ။ငါ့ကိုလည်းမင်းသားတဲ့ မာကြူ ရီယယ်တဲ့ ။
"ကျွန်တော်သခင်မ ရေသူမလေးကို ရေသူဆိုး ဇုဂတဖမ်းသွားပါတယ်
အရှင့်သားတယောက်သာသခင်မကိုကယ်နိုင်မှာပါ ။အမြန်လာကယ်ဘို့
သခင်မကမှာလိုက်ပါတယ်။
သခင်မကိုကယ်ဘို့ဆိုအရှင့်သားရေအောက်မှကြာရှည်နေနိုင်
ရပါမယ် ။ဒါကြောင့်သခင်မက မရဏအရိုးခေါင်းပုလဲလက်စွပ်ကိုပေး
လိုက်ပါတယ် ။ဒါကိုယုံကြည်စွာဝတ်လိုက်ပါ ။ပြီးရင်ရေထဲခုန်ချလိုက်ပါ။
တအောင့်ကြာလျှင်အရှင့်သားပြောင်လဲသွားပါလိမ့်မယ် ။
ကောင်းသောပြောင်လဲခြင်းလား၊ဆိုးသောပြောင်လဲခြင်လား
ခေတ္တလား ၊ထာဝရလား ။အရှင့်သားရဲ့ရေသူမလေးပေါ်ထားတဲ့အချစ်
ကဆုံးဖြတ်ပေးပါလိမ့်မယ် ။
ဟို-ရေနက်တနေရာမှာငါးကြီးဧရာစောင့်နေပါလိမ်မယ် ။သူက
သခင်မလေးကိုချုပ်ထားတဲ့ရေသင်္ချိုင်းဆီလမ်းပြခေါ်သွားပါလိမ့်မယ် "
" လက်စွပ်ဆိုတာက . . "
ငါးကလေးကမျက်လုံးတောက်တောက်လေးနဲ့ကြည့်ပြီးတိုးတိုးလေးပြောတယ် ။
" ကျွန်တော့ဘိုက်ထဲမှာပါ ။ဒီအတုင်းယူလာဘို့အန္တရာယ်များလွန်းလို့
မျိုချပြီးယူလာရပါတယ် ။ကျွန်တော့ဘိုက်ကိုသာခွဲလို့ယူပါတော့ ။"
စကားဆုံးသည်နှင့်ငါးဝါလေးသည်ကျွန်တော့လက်ထဲမှသဲသောင်ခုန်ပေါ်သို့ခုန်တက်သွားတယ် ။
သဲပူပေါ်တွင်၂ ချက် ၃ချက်ခုန်ပြီညိမ်ကျသွားတော့တယ် ။
သူ့သခင်မအတွက်အသက်စတေးသွားခြင်းပါလား ။
ငါးလေးဘိုက်ကိုခွဲလို့လက်စွပ်ကလေးကိုထုပ်ယူလိုက်တယ် ။
ဘာမှစဉ်းစားမနေတော့ ။
လက်စွပ်ကလေးကိုလက်ခလယ်မှာစွပ်လို့ရေထဲကိုခုန်ချလိုက်တယ် ။
ပြီးတော့ရေနက်ပိုင်းငါးကြီးဧရာရှိမယ့်နေရာ ။ဘယ်နေရာမသိကူးပြီးရှာရတယ် ။
မောပြီးမွမ်းလာချိန်မှတော့ငါးကြီးဧရာကိုတွေ့ပြီပေါ့ ။
မောင်ကြီးလာပြီရေသူမလေးရေ . . .
ဒီလကိစွပ်ဝတ်လို့ပြောင်းလဲခြင်းဟာ မောင်ကြီးမင်းကိချစ်တဲ့အချစ်အတိမ်အနက်ပေါ်မူတည်သတဲ့လားကွယ် ။
စိန်ခေါ်လိုက်ချင်ပါရဲ့။
မင်းကိုဘယ်လောက်ချစ်သလဲဆိုရင် ဒီလက်စွပ်ကြောင့်မောင်ကြီဘယ်ဘဝရောက်ရောက်
ဘယ်လိုပုံစံဘဲဖြစ်သွားသွား
မင်းလွတ်မြောက်ဘို့သာအဓိကပါကွယ် ။
မောင်ကြီးလာပြီရေသူမလေးရေ ။
အားတင်းကာဆိုရပေမဲ့ကျွန်တော်အသက်ရူမွန်းကျပ်ကာကိုယ်လက်တို့လေးလံ၍လာပါပြီကော ။
No comments:
Post a Comment