အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Tuesday, May 17, 2016


မိန်းမရဲသခင်​မ​တောင်
------------------------------

ညောင်ရွှေနဲ့သိပ်မဝေး ရွာငံနဲ့နီးနီးမှာရှိလေရဲ့ ။
ဇတ်လမ်းလေးကလည်းသနားစရာ  လွမ:်စရာ  ။
အချစ်နဲ့ပတ်သက်နေတယ်ဆိုတော့   အချစ်နဲ့မကင်းနိုင်သေးသူတိုင်းစိတ်ဝင်စားမယ်ထင်ပါတယ် ။
အရင်တုံးကဒီနေရာမှာတောကြီးဖုံးနေသတဲ့
တနေ့ရွာကြီးတရွာကသူကြီးလှည်းနဲ့အလှူတခုကပြန်အလာ
အလွန်လှတဲ့မိန်းမချောလေးတယောက်ကလှည်းကိုတားပြီးသူကြီးကိုပြောသတဲ့။
ဒီခြုံဖုန်းနေတဲ့နေရာမှာရှင်းလင်ပြီးဘုရားတည်ပါ ။သူလည်းကူညီပါ့မယ်လို့ပြောတယ်ဆိုဘဲ ။
ရွာသူကြီးလည်းအမှုမဲ့အမှတ်မဲ့ဘဲနေလိုက်တယ်တဲ့ ။
ဒါပေမဲ့ - - - -
            အနားပါတ်ဝန်းကျင်ကရွာသူကြီးတွေဆုံတဲ့တနေ့
ဘုရားတည်ဘို့အလွန်လှတဲ့မိန်းမချောလေးလာပြောတဲ့ဇတ်လမ်းကရွာသူကြီးတိုင်းကြုံရတာဖြစ်နေတယ် ။
ထူးဆန်းလှတဲ့အဖြစ်ကြောင့်မိန်းကလေးပြောတဲ့အတိုင်းအကောင်အထည်ဖေိာဘို့ဆုံဖြတ်လိုက်ကြတယ်တဲ့ ။
မိန်းကလေးပြောတဲ့အတိုင်းဘဲ
ဘုရားစတည်ကထဲကလှူမဲ့သူကဝင်လာမစဲတသဲသဲဘဲဆိုဘဲ။
နောက်မှရှေးသက်ကြီရွယ်အိုတွေပြောလို့
မိနးမရဲသခင်မအကြောင်းသိရတယ်တဲ့ ။
ကြာလှတဲ့အရင်ခေတ်က  ဒီအနားပါတိဝန်းကျင်ရွာတရွာမှာ  အလွန်လှတဲ့ရှမ်မလေးတယောက်ရှိသတဲ့ ။
ဒါကိုစော်ဘွားကသိသွားပြီးတော်ကောက်ဘို့ကြံသတဲ့ ။ဒါကိုလက်မခံလိုတဲ့သတ္တိခဲရှမ်းမလေးဟာ
တောင်နောက်ကြောမှာရှိတဲ့ချောင်းထဲကိုတောင်အမြင့်ကြီးပေါ်တက်လို့ခုန်ချသတ်သေသွားသတဲ့ဗျာ ။
မချစ်မနှစ်သက်သောသူနဲ့မပေါင်းရပါစေနဲ့ ။
ချစ်သောသူနဲ့မကွေ့ကွင်ြးကပါစေနဲ့လို့ဆုတောင်းရင်း
မိန်းမရဲသခင်မကိုအမျှဝေခဲ့ပါတယ် ။


'










No comments: