နောင်တခါထပ်ခွဲရမှာစိုးသောစိတ်နှင့်ရေသူမလေးကိုတင်းကျတ်စွာ
ဖက်ထားမိတယ် ။
ဇုကတလက်ကမင်းဘယ်လိုလွတ်လာတာလဲကွယ်လို့မောင်ကြီးနှုတ်ကမေးဘို့ပြင်တော့
သူ့နှုတ်ခမ်းအစုံနဲ့မောင်ကြီးနှုတ်ကိုပိတ်စေပြီ ။
မောင်ကြီးရင်တွေခုန်လို့။
သူ့ကိုတိုးလို့ဖက်ကာပြန်၍တုန့်ပြန်မိတယ်။
အချစ်သည်ဖူးရာမှငုံ ငုံရာမှပွင့် ပွင့်ရာမှလန်း လန်းရာမှကြိုင် ကြိုင်ရာမှမွှေးပြီပေါ့။
အတွေ့နောက်ကိုပါရာမှဖြတ်ဆိုတခုကိုသတိရလာတယ် ။
ရေသူမလေးနဲ့ချစ်ခဲ့စဉ်အတောအတွင်း
ရေသူမလေးကတခါမှဒီလိုမရိုင်းစိုင်းသွေးမဆူခဲ့ ။
နှစ်ယောက်သားအေးမြသောမေတ္တာနဲ့ချစ်ခဲ့ကြတာပါ။ရေသူမလေးမဟုတ်နိုင်။
ညို့ငင်မှုမှရုန်းထွက်လိုက်သည်ခဏကျွန်တော်သိလိုက်ရသည်က
ကျေက်ဆောင်တခုပေါ်ကျွန်တော်ရောက်လို့။
ကျွန်တော့်ကိုတွဲခေါ်လာသောငါးကြီးဧရာလက်မှကျွန်တော့်ကိုဖမ်းလာတာဖြစ်မည်ပေါ့ ။
ကျွန်တော့ရင်ခွင်ထဲမှာတော့ ဇုဂတဘက်တော်သားရေသူမလေးတယောက် ။
ကျွန်တော့အချစ်ကရေသူမလေးလေ ။သူမဟုတ်။
အချစ်ဆိုတာသွေးဆူစေတဲ့ကိစ္စမဟုတ်သလို အစားထိုးလို့မရဘူးဆိုတာမသိရော့လေသလား။
ရင်ခွင်ထဲကသူ့ကိုအားဖြင့်တွန်းထုပ်လိုက်တယ် ။
ထိုခဏတွင်ကျွန်တော့လက်တွင်စွပ်ထာတဲ့မရဏအရိုးခေါင်းပုလဲလက်စွပ်ကအစွမ်းပြတော့တယ် ။
ကျွန်တော့ရဲ့ပုံဟာတဖြည်းဖြည်းစတင်လို့ပြောင်းလဲလာနေတော့တယ် ။
ရေဘဝဲလိုနမောင်းတွေအများကြီးထွက်လာတော့ငါးဝါလေးပြောတဲ့
အချစ်စစ်ကပြောင်းလဲခြင်းကိုဦးဆောင်လိမ့်မယ်ဆိုတာ သတိရမိပြီ ။
ရေသူမလေးမဟုတ်သူကိုခဏတာချစ်ခဲ့လို့များလား။
ဒါပေမဲ့ -ကျွန်တော်မက်တာတဏှာမှမဟုတ်ဘဲ။
ရင်နဲ့ချစ်တဲ့အချစ်လေ ။
အချစ်စစ်ကနောက်ဆုံးတော့ဘယ်သူမှယှဉ်လို့ပြိုင်လို့မရ။အောင်နိုင်ရမှာပါ။
တန်ခိုးကြီးသောသဒ္ဓိနှင်တံကိုပိုင်ဆိုင်သောကျွန်တော်ဖြစ်ခဲ့ပါပြီ။
ရေသူမလေးဆီလမ်ပြပေးမဲ့ငါးကြီးဧရာကိုကျွန်တော်ရှာရပါမည် ။
ကျွန်တော့ရင်မှာစိုးရိမ်စိတ်နှင့်အတူ
ဒေါသတို့မီးဟုန်းဟုန်းတောက်လောင်လို့။
" ဇုဂတရေ . .မင်းကိုရင်ဆိုင်ဘို့ မာကျူ ရီယယ်လာပြီဟေ့ "
ကျွန်တော့ကြုံးဝါးသံသည်လှိုင်းလုံးများပေါ်မှလျှပ်တိုက်ကာမိုးကုတ်စက်ဝိုင်းဆီသို့
တရှိန်ထိုးပြေးသွားတော့တယ် ။
|
No comments:
Post a Comment