အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Monday, May 30, 2016

ရေသူမ​လေး​ရေ ( ၉ )

ရေသူမ​လေး​ရေ (၉ )
ရေသူမ​လေး​ရေ​ . . .
သူတို့ရဲ့မာယာနဲ့ဖျား​ယောင်းမှုကို​မောင်​ကြီးမင်းကိုချစ်​တဲ့အချစ်​နဲ့တွန်းလှန်​နိုင်​ခဲ့ပါပြီ။
သူတို့က​ကျေမှာမဟုတ်​ဘူးတနည်းမဟုတ်​တနည်းနဲံကြိုးစားမယ်​ဆိုတာ​မောင်​ကြီးသိတာ​ပေါ့ ။
ငါးကြီဧရာ​ခေါ်ရာ​နောက်​ကိုသတိထားပြီးလိုက်​လာခဲ့ရတယ်​ ။
အဲဒီအချိန်​မှာ​မောင်​ကြီးကိုင်​ထားတဲ့နှင်​တန်​ထိပ်​ကအ​ရောင်​​တွေလက်​လာတယ်​ ။
အဲဒါရန်​သူနီးလာပြီဆိုတဲ့သ​င်္ကေတ။
ပင်​လယ်​ကြီးတခုလုံး​သွေး​ရောင်​​ပြောင်းလို့ဆူပွက်​လာပြီ။
သူတို့လာ​ချေပြီ​ကော ။
အလွန်​တရာကြီးလှတဲ့ငါးကြီးကကျွန်​​တော်​ကိုဟပ်​လိုက်​တယ်​ ။ရှောင်​မ​နေ​တော့။သူ့အရှိန်​နှစ်​ခု​ပေါင်း
လို့သူ့ဝမ်းတွင်းမှဖြတ်​လို့​ဖောက်​ထွက်​လိုက်​ရတယ်​ ။
တခါငါးမန်းကြီးကထက်​လှတဲ့သူ့အစွယ်​​တွေကိုသုံးလို့ကြိတ်​ဝါးဘို့ကြိုးစားပြန်​တယ်​ ။
နှင်​တံကိုင်​မာကြူ ရီယယ်​ရဲ့အ​ရေခွံကသူ့သွား​တွေကိုကျိုး ​ကြေ​စေပြီ။
ဆယ်​​ပေခန့်​ရှိ​သောနှာ​မောင်းရှစ်​ခုရှိ​သော​ရေဘဝဲ  ဇုဂတရရဲ့သက်​​တော်​​စောင့်​နှစ်​ချို့​ရေသတ္တဝါကြီး
တို့ကိုလည်းယှဉ်​ပြိုင်​လို့အနိုင်​ယူရပြန်​တယ်​ ။
နောက်​ဆုံး​တော့ဇုဂတနဲ့ရင်​ဆိုင်​​တွေ့ပြီ​ပေါ့ ။
ဘတပြန်​ကျားတပြန်​အား​ကောင်း​မောင်းသန်​နှစ်​​ယောက်​ရဲ့​ဒေါသ​ကြောင့်​ဖြစ်​လာတဲ့တိုက်​ပွဲက
ပြင်းထန်​လှတယ်​ ။
သမုဒ္ဒယာ​ရေတို့ပွက်​ပွက်​ဆူလို့ ။လှိုင်းတန်​ပိုးတို့မို့​မောက်​တက်​ကြွကုန်​ပြီ။
တိုက်​ပွဲကကြာမြင့်​​လေ  ​ဒေါသတို့ကပိုလို့ပြင်းထန်​​လေ အမုန်းတရားတို့ကပိုလို့ပိုလို့ကြီးထွားလာ​လေပင်​ ။
ဒီအချိန်​မှာဘဲရန်​ကိုရန်​ခြင်းမတုံ့နှင်းနဲ့​မေတ္တာတရားသည်​သာရန်​တကာတို့ကို​အောင်​မြင်​ရာ
ဆိုတဲ့ဗုဒ္ဓရဲ့အဘိဓမ္မာကနှစ်​လုံးသားထဲသို့ဝင်​လာတယ်​ ။
ထိုအခါကျွန်​​တော့်​ရင်​တွင်းမှာ​မေတ္တာ ဂ ရုနာ  မုဒိတာ  ဥ​ပေက္ခာ ဆိုတဲ့ဗြဟ္မာစိုရ်​တရား ၄ ပါးက
ဖြစ်​တည်​လို့လာ​ချေ ပြီ ။
မေတ္တာတို့ကိန်း​အောင်းလာသည်​မို့ ​ဒေါသတို့ကင်းဆိတ်​ကုန်​ပြီ​ပေါ့ ။
ကျွန်​​တော်​ရဲ့​မေတ္တာ​ရေတို့ကဇုဂတရဲ့​ဒေါသမီးတို့ကိုညိမ်းသတ်​လိုက်​​​တော့တယ်​ ။
ဇုဂတနဲ့အ​ပေါင်းပါတို့ထွက်​​ပြေးကုန်​​တယ်​ ။
လေနု​လေး​အောက်​မှပင်​လယ်​ပြင်​ကြီးတခုလုံးပြန်​လည်​ညိမ်​သက်​တိတ်​ဆိပ်​လို့ ။
ငါးကြီးဧရာနဲ့အတူ​ရေသူမ​လေးရှိရာကိုခရီးဆက်​ခဲ့ပြန်​တယ်​ ။
"  သခင်​​လေး မာကြူ ရီယယ်​  အဲဒါသခင်​မ​လေး  ထရီနတီကိုချုပ်​ထားတဲ့
ဘီလူးပါးစပ်​​ပေါက်​လှိုင်​ဂူအ​ဝဘဲ ။ "
ဘီလူးပါးစပ်​ပုံလှိုင်​ဂူဝကပိတ်​လို့။
မောင်​ကြီးဘယ်​လိုဝင်​လို့  မင်​ကိုဘယ်​လိုကယ်​ရမှာလဲ​ရေသူမ​လေး​မောင့်​အချစ်​ရယ်​ ။








No comments: