အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Monday, May 30, 2016

ရွှေဘိုမြို့မာခရီးတ​ထောက်​ ။


ငါးမည်​ရပြည်​​ရွှေဘို

မြန်မာတို့သည် သမိုင်းအစဉ်အဆက်တစ်လျှောက် ဘုရင်အုပ်ချုပ်မှုစနစ်ကို ကျင့်သုံးခဲ့ကြရာ မြန်မာ တို့၏ နောက်ဆုံးကုန်းဘောင်မင်းဆက်သည် မြန်မာ သက္ကရာဇ် ၁၁၁၄ ခုနှစ်မှစတင်၍ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းဆုံးရှုံးခဲ့ရပြီး နယ်ချဲ့တိုင်းတစ်ပါး လက် အောက်သို့ကျရောက်ခဲ့ရသည့် ၁၂၄၇ ခုနှစ် အထိ နှစ်ပေါင်း ၁၃၃ နှစ်ခန့် သက်တမ်းရှည်ကြာခဲ့ပေ သည်။ ထိုမင်းဆက်ကို ငါးမည်ရခဲ့သည့် ကုန်းဘောင်မှစတင်ခဲ့ သဖြင့် ကုန်းဘောင်မင်းဆက်ဟု ခေါ်တွင်ခဲ့သည်။ ကုန်းဘောင်မင်းဆက်ဘုရင်တို့သည် မြန်မာပဒေသရာဇ် ခေတ်၏ နောက်ဆုံးမင်းများဖြစ်ကြပြီး နှစ်ပေါင်း ၁၃၃ နှစ်အတွင်း မင်း ၁၁ဦး ထီးနန်းစိုးစံခဲ့ကြသည်။ ထိုသို့စိုးစံ ခဲ့ကြရာတွင် မြန်မာနိုင်ငံတော်အားအလောင်းမင်းတရား ဦးအောင်ဇေယျက ရှစ်နှစ်၊ နောင်တော်ကြီးက သုံးနှစ်၊ ဆင်ဖြူရှင် မြေဒူးမင်းက ၁၃ နှစ်၊ စဥ့်ကူးမင်းကငါးနှစ်၊ ဖောင်းကားစားမောင်မောင် က ခုနစ်ရက်၊ ဘိုးတော်ဘုရား ဗဒုံမင်းက ၃၇ နှစ်၊ ဘကြီးတော်စစ်ကိုင်းမင်းက ၁၉ နှစ်၊ သာယာဝတီ မင်းက ကိုးနှစ်၊ ပုဂံမင်းကခြောက်နှစ်၊ မင်းတုန်းမင်းက ၂၆ နှစ်နှင့် သီပေါမင်းက ခုနစ်နှစ် အုပ်ချုပ်ခဲ့ကြသည်။ ထိုမင်းများတွင် စွမ်းရည်သတ္တိ၊ ဥာဏ်အမြော်အမြင် ပြည့်စုံသော မင်းများပါရှိသကဲ့သို့ မင်းသာမန်များ၊ မင်းညံ့များလည်း ပါဝင်ခဲ့ပေသည်။

သမိုင်းတွင်​ဤသို့ပါခဲ​သော ၅ မည်​ရပြည်​​ရွှေဘိုတွင်​မြစ်​ကြီးနားသို့အသွားညအိပ်​ခရီးတ​ထောက်
နားခဲ့ရပါတယ်​ ။
မြန်​မာတို့ရဲ့​နောက်​ဆုံးမင်းဆက်​ကိုတည်​​ထောင်​ခဲ့​​သောအ​လောင်းမင်းတရာကြီးဦး​အောင်​​ဇေယျကို
ဝင်​​ရောက်​ဂါဝရပြုတယ်​လို့ဆိုရင်​မမှားပါဘူး။

ပြည်​​ရွှေသိင်္ဃာဟိုတယ်​တဲ့။လှတဲ့နံမည်​​လေး ။အဲဒီကဟန်​လင်းမြို့​တော်​​ဟောင်းကိုသွားလို့ရတယ်​ ။
လူထုကိုခွင့်​မပြု​သေးဘူး​ပြောလို့မဝင်​ခံ့ဘူး။




၆၈ ​ယောက်​​သောတတိယမြန်​မာနိုင်​ငံကြီးကိုစတင်​တည်​​ထောင်​ခဲ့​သောသူရဲ​ကောင်းများ။
ဂုဏ်​ယူစွာအ​လေးပြုခဲ့ပါတယ်​ ။









အ​လောင်းမင်းတရာကြီးရဲ့အထုပ္ပတ္တိ​သေချာချဲ့လို့ဖတ်​​စေလိုပါတယ်​ ။
ကျွန်​​တော့ပုံကိုကြည့်​လို့ရူးတယ်​​ပေါတယ်​မမှတ်​ပလိုက်​နဲ့ ။ခြောက်​ချိတ်​ ရှစ်​​ယောက်​သူရဲ​ကောင်းထဲ
ကျွန်​​တော်​မပါဘူးလို့​ပြောနိုင်​မလား ။ဒါ​ကြောင့်​အ​လောင်းမင်းတရားကြီးအ​ကြောင်းကို​စောင့်​​ရှောက်​​နေတာ ။ဓာတ်​ပုံရိုက်​ခါနီးအနားမှအဲဒီသစ်​သားပိုင်း​လေးဘဲရှိလို့ ။


အ​လောင်းမင်းတရားကြီးကမရှိ​တော့ပြီ ။
စတုတ္ထဒါမှမဟုတ်​ပဉ္စမမြန်​မာနိုင်​ငံကြီးလို့​ပြောမလား ခု​ခေတ်​ဖြစ်​ပျက်​​နေပုံကိုမြင်​လျှင်
ရင်​နာနာနဲ့လစ်​လျှူ  ရှူ  ​လေမလား။ဝါးရင်းထုတ်​ဖြင့်​လိုက်​ရိုက်​​လေမလားမသိ ။
ရိုက်​စရာလူကများသမို့ မင်းတရားကြီးလက်​​ညောင်း​လောက်​မယ်​ထင်​ရင်​လွန်​တယ်​လို့
မ​ပြော​စေချင်​ပါခင်​ဗျား ။

No comments: