[ လက်ရှိ facebook မှာ ပျံ့နေတဲ့ မြန်မာစာသင်ရိုး
ကောလဟာလ ကိစ္စကို ရန်ကုန်တက္ကသိုလ် မြန်မာစာ
ပါမောက္ခဒေါက်တာအောင်မြင့်ဦး ရေးထားတာလေးပါ။ ]
လာမယ့် စနစ်သစ်ပညာရေးမှာ သူငယ်တန်းဆိုတာ အခုလက်ရှိ မူကြိုအဆင့်လို့ သိရပါတယ်။
လက်ရှိသူငယ်တန်းကတော့ ပထမတန်း(grade 1) ဆိုပြီးဖြစ်လာပါတယ်။ ဒီစနစ်သစ်သင်ရိုးတွေအတွက် ဖတ်စာတွေပြုစုတဲ့အခါ သူငယ်တန်းအတွက် သီးခြားအဖွဲ့ က ရေးသားတယ်လို့ သိရပါတယ်။
သူငယ်တန်းဟာ မူကြိုအဆင့်ဖြစ်လို့  ဘာသာရပ်အဖြစ်နဲ့  သီးသီးသန့်သန့်သင်တာမျိုး မရှိသေးဘဲ ဘာသာရပ်တွေထဲက မူကြိုအဆင့်နဲ့  လိုက်လျောညီထွေဖြစ်မယ့် သိကောင်းစရာတွေ ထည့်သွင်းထားတယ် လို့သိရပါတယ်။
သူငယ်တန်းဖတ်စာတွေကို ဘာသာရပ်သင်ရိုးအဖွဲ့ တွေက ပြုစုတာမဟုတ်ဘဲ သူငယ်တန်း(မူကြို) သီးခြားအဖွဲ့က ပြုစုတာဖြစ်ပါတယ်။ ပြုစုပြီးသွားတဲ့ဖတ်စာကို အများလေ့လာနိုင်အောင် မကြာခင်ကရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းမှာ DVB က ဖွလိုက်လို့  မြန်မာစာသင်ရိုးမှာ ဗျည်း ၈လုံး ဖြုတ်လိုက်ပြီဆိုပြီး ပွက်လောရိုက်သွားပါတယ်။ လာမယ့် စနစ်သစ်သူငယ်တန်းမှာ မြန်မာစာဘာသာရပ်အနေနဲ့  သင်ရိုးမရှိသေးပါဘူး။ မြန်မာဗျည်းအက္ခရာတွေထဲက မူကြိုအရွယ်ကလေးငယ်တွေနဲ့ သင့်တော်မယ့် ဗျည်းအချို့ ကိုထည့်သွင်းမိတ်ဆက်ထားဟန်တူပါတယ်။
ဒါကိုစိုးရိမ်တကြီးနဲ့  ဝိုင်းဝန်းဝေဖန်ကြတာ ဖြစ်ပါတယ်။ သေချာတာကတော့ မြန်မာစာသင်ရိုးမှာ ဘယ်ဗျည်းကိုမှ ဘယ်သရကိုမှ ဖြုတ်မှာ ပယ်မှာ မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် "ကွကို" တို့  "ကွီး" တို့  "ညလေး" တို့ ဆိုပြီး မြန်မာစာကို ဝိုင်းဖျက်ဆီးနေကြတဲ့ ခုလိုအချိန်မှာ မြန်မာစာ ချစ်မြတ်နိုးသူတွေ၊ မြန်မာစာကို ထိန်းသိမ်းကာကွယ်လိုသူတွေ အများကြီးရှိနေတယ်ဆိုတာသိရလို့  ဝမ်းမြောက်အားတက်မိပါတယ်။
စိုးရိမ်ပူပန်သူတွေကိုလည်း ကျေဇူးတင်ပါတယ်။ တက္ကသိုလ် မြန်မာစာမိသားစုဝင်အားလုံးအနေနဲ့ လည်း မြန်မာစာကို အစဉ်ကာကွယ်စောင့်ရှောက်နေမှာ ဖြစ်ပါတယ်။
ဒေါက်တာအောင်မြင့်ဦး
ပါမောက္ခ၊ မြန်မာစာ
ရန်ကုန်တက္ကသိုလ်။
Original post - https://m.facebook.com/story.php?story_fbid=833067106818880&id=100003467961345
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
i
|
No comments:
Post a Comment