ရေသူမလေးရေ ( ၅ )
ရေသူမလေးရေ . . . . .မောင်ကြီးရဲ့အအိပ်တွေဘယ်သူများခိုးသွားပါလိမ့်။
ညကြီးမင်းကြီးထပြီးထိုင်နေ အတွေးတွေကိုပုလဲသီသလို မောင်ကြီးသီနေမိပါပြီကော ။
အချစ်တဲ့ - - -
မြတ်စွာဘုရားရှင်ဟာသတ္တဝါဝေနေယျတွေကိုသားတော်ရာဟုလာနှယ်ချစ်တော်မူသတဲ့ ။
တချို့ကပန်းလေးတပွင့်နှယ်နမ်းရမှ ထွေးပိုက်ပိုင်ဆိုင်ရမှ ဆိုတဲ့ချစ်တဲ့သူလည်းရှိသတဲ့ ။
တချို့များကြတော့ဥယျဉ်မှုးနှယ်ကိုယ်တိုင်စိုက်ပျိုးထားပြီ
မနမ်းရက်မခူးရက်နဲ့အပင်မှာတင်ကြွေကျကုန်တော့မျက်ရည်ကျတဲ့အချစ်မျိုးနဲ့ချစ်ကြပြန်သတဲ့ ။
မောင်ကြီးနဲ့မင်းရဲ့အချစ် . . .
ဘဝခြားနေတဲ့ချစ်သူနှစ်ယောက် ။ပေါင်းရဘို့ဝေးလို့ ဆုံဘို့တောင်အနိုင်နိုင် ။
ဘယ်လောက်ပင်ဝေးနေပါစေ ဒီကမ္ဘာကြီးရဲ့တနေရာမှာရှိနေမှာဘဲဆိုတဲ့မရေမရာတဲ့အတွေးတွေနဲ့တောင်
ချစ်လို့နေနိုင်ပါလား ။ဒို့တတွေပေါင်းရမလား ။ဆုံရမလားတခါမှမတွေးမိ ။
ဒို့သိတာမင်းကိုမောင်ကြီးချစ်တယ် ။
မောင်ကြီးကိုမင်းချစ်တယ် ။
ဘယ်သူတွေဘာပြောပြော ဘယ်အရာကမှတားဆီးလို့မရနိုင်တဲ့ တောင်ကျချောင်းလိုအချစ်မျိုးနဲ့ချစ်ကြတာလေ ။
ဘယ်အရာမှာဖြစ်ဖြစ်အတားအဆီးအနှောက်အရှက်ရှိတာကိုမောင်ကြီးသိတာပေါ့မိန်းခလေးရယ် ။
" ကျမတို့ဇတ်လမ်းမှာ ဇုဂတ ကအဓိကရန်သူဘဲ ။ဒုတိယက သူ့အမ မုဂတ
ရေသူစုံးမကြီးလေ ။သူ့ကြောင့်ကျမတို့မိသားစုသောကဝေရတာပေါ့ ။သူတိုကိုကျမအဖေ
ရေသူဘုရင်ကြီးကပူနွေးသောပင်လယ်မှာမနေရလို့နှင်ထုပ်ထားတာကိုလုးံဝကျေနပ်တာ
မဟုတ်ဘူး ။လက်စားချေဘို့ ပင်လယ်ကြီးရဲ့တနေရာမှာစောင့်နေလေရဲ့။
ပငိလယ်ပြင်မဟုတ်တဲ့မောင်ကြီးရဲ့ခရီးကိုလွမ်းပေမဲ့မောင်ကြီးကိုစိတ်ချလက်ချ
လွှတ်လိုက်တာပါ ။
ကျမစောင့်နေပါ့မယ်မောင်ကြီးရယ် ။ကျမ ပုလဲမျက်ရည်တောင်ကြားသွားလို့
မငိုပါရစေနဲ့မောင်ရယ် "
အဓိကရန်သူဟာဇုဂတတဲ့လား ။
အဲဒီရန်သူဟာမောင်ကြီးကိုသာမဟုတ်ဘူး ။မင်းကိုရောရန်မရှာနိုင်ဘူးတဲ့လား ကွယ် ။
" ပြောရအုံးမယ်မောင်ကြီးရယ် ရေသူစုံးမကြီးဆိုပေမဲ့ မုဂတ ကလေသိပ်လှ
တာဘဲ "
စိတ်ချမိန်းခလေးရေ . . .အချစ်ဆိုတာအရေပြားပေါ်ကမလာဘူး ။အသဲနှစ်လုံးရဲဘယ်သူမှရှာမတွေ့နိုင်တဲ့
အနက်ရှိုင်းဆုံးနေရာကလာတာပါကွယ် ။
|
No comments:
Post a Comment