ရေသူမလေးရေ . ...( ၆ )
ပင်လယ်နဲ့အဝေးကြီးဆိုတဲ့အရပ်မြစ်ဆုံမှမောင်ကြီးရောက်နေတယ် ။
မိုင်ပေါင်းထောင်ချီဝေးတာပေါ့ကွယ်။
ဒါပေမဲ့မင်းနဲ့ကိုယ်ဟာနီးနီးလေးလို့မောင်ကြီးခံစားရတယ်။
ဘာကြောင့်လည်သိလား ။မင်ကိုမောင်ကြီးတကယ်ချစ်လို့ဘဲ။
ရိုမီယိုနဲ့ဂျုလိယက် - - -
ရှင်မွေ့နွမ်းနဲ့မင်းနန္ဒာ - - -
ဒီဘဝမှာမပေါင်ရလို့သူတို့ဘဝတွေစွန့်လွှတ်ကြသတဲ့။မောင်ကြီးတော့လက်မခံဘူးကွယ် ။
လူသေရင်အချစ်တွေပါသေသွားပြီပေါ့ ။
မောင်ကြီးလေ . . .မင်းဘယ်ဘဝရောက်ရောက်
မောင်ကြီးကိုမေ့လို့ဘယ်သူ့ရင်ခွင်ဘဲရောက်ရောက်
မင်ဒီကမ္ဘာလောကကြီးမှာမရှိတော့ရင်ဘဲဖြစ်ဖြစ်
မောင်ကြီးကဆက်ချစ်နေမယ် ။
မောင်ကြီးအချစ်ကမဉ္ဇူသကနတ်ပန်းလိုဘဲ ဘယ်တော့မှညှိုးမှာမဟုတ်ပါဘူး။ယုံပါ ။
ခုလည်းသတိရလွန်းလို့မင်းနဲ့မောင်ကြီးပေါင်းလို့ဘယ်တော့မှမပျက်ပျယ်တဲ့အချစ်ခုဖြစ်တည်
လာသလို-
မေခနဲ့မလိခပေါင်စပ်လို့ဘယ်သူမှဖျက်ဆီးလို့မရတဲ့ဧရာဝတီမြစ်ကြီးဘေးမှာမောင်ကြီးရဲ့အလွမ်းတွေ
နဲ့အတူမြစ်ကမ်းနဘေးမှပေါက်နေတဲ့အညတရအမည်မသိပန်းလေးကိုမြောချလိုက်ပါတယ် ။
အချစ်ဆီကိုရောက်မှာပါ။ငါးလေးတို့ရေဒို့များအချစ်ကိုကူညီကြပါအုံး ။
အေးလွန်းတဲ့လေပြေတသုတ်မှာမိုက်ကနဲတချက်ဖြစ်သွားတယ် ။
" မောင်ကြီးရေ . . .ကယ်ပါအုံး သူ . . .သူ . .ဇုကတ . .ဇု . . . . . . ."
တိုးတိတ်ပျောက်ကွယ်သွားတဲ့ရေသူမလေးရဲ့အသံ။
ဒါကြောင့်မောင်ကြီးပြောခဲတာပေါ့။မောင်ကြီရဲ့ရန်သူဟာမင်းရဲ့ရန်သူမဖြစ်နိုင်ဘူးလားလို့ ။
လူတွေလိုမစားရတဲ့အမဲ သဲနဲ့ပက်လိမ့်မယ်လို့မင်ကလေးကိုမောင်ကြီးသတိပေးမိပါပြီကောလား ။
ပြန်မှမြစ်ဆုံကမောင်ကြီးအမြန်ပြန်မှ။
ခွင့်လွှတ်ပါမြစ်ဆုံကြီးရယ် ။
မြစ်ဆုံကြီးမှာကမြန်မာပြည်တပြည်လုံးကူညီဘို့အသင့်ဘဲ
ရေသူမလေးမှကလေကူညီဘို့ကျွန်တော်တယောက်ထဲရှိတာ ။
ကျွန်တော်အထီးကျန်အဖြစ်နဲ့ဘဝတလျှောက်လုံမကုန်ဆုံးပါရစေနဲ့ ။
ကျွန်တော့မျက်ရည်တစက် မြစ်ဆုံရေထဲသို့ခုန်ဆင်းသွားတယ် ။
မောင်ကြီးအမြန်ဆုံးပြန်လာပြီအချစ်ရေ . . . .
|
No comments:
Post a Comment