ငါးမည်ရပြည်ရွှေဘို
မြန်မာတို့သည် သမိုင်းအစဉ်အဆက်တစ်လျှောက် ဘုရင်အုပ်ချုပ်မှုစနစ်ကို ကျင့်သုံးခဲ့ကြရာ မြန်မာ တို့၏ နောက်ဆုံးကုန်းဘောင်မင်းဆက်သည် မြန်မာ သက္ကရာဇ် ၁၁၁၄ ခုနှစ်မှစတင်၍ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းဆုံးရှုံးခဲ့ရပြီး နယ်ချဲ့တိုင်းတစ်ပါး လက် အောက်သို့ကျရောက်ခဲ့ရသည့် ၁၂၄၇ ခုနှစ် အထိ နှစ်ပေါင်း ၁၃၃ နှစ်ခန့် သက်တမ်းရှည်ကြာခဲ့ပေ သည်။ ထိုမင်းဆက်ကို ငါးမည်ရခဲ့သည့် ကုန်းဘောင်မှစတင်ခဲ့ သဖြင့် ကုန်းဘောင်မင်းဆက်ဟု ခေါ်တွင်ခဲ့သည်။ ကုန်းဘောင်မင်းဆက်ဘုရင်တို့သည် မြန်မာပဒေသရာဇ် ခေတ်၏ နောက်ဆုံးမင်းများဖြစ်ကြပြီး နှစ်ပေါင်း ၁၃၃ နှစ်အတွင်း မင်း ၁၁ဦး ထီးနန်းစိုးစံခဲ့ကြသည်။ ထိုသို့စိုးစံ ခဲ့ကြရာတွင် မြန်မာနိုင်ငံတော်အားအလောင်းမင်းတရား ဦးအောင်ဇေယျက ရှစ်နှစ်၊ နောင်တော်ကြီးက သုံးနှစ်၊ ဆင်ဖြူရှင် မြေဒူးမင်းက ၁၃ နှစ်၊ စဥ့်ကူးမင်းကငါးနှစ်၊ ဖောင်းကားစားမောင်မောင် က ခုနစ်ရက်၊ ဘိုးတော်ဘုရား ဗဒုံမင်းက ၃၇ နှစ်၊ ဘကြီးတော်စစ်ကိုင်းမင်းက ၁၉ နှစ်၊ သာယာဝတီ မင်းက ကိုးနှစ်၊ ပုဂံမင်းကခြောက်နှစ်၊ မင်းတုန်းမင်းက ၂၆ နှစ်နှင့် သီပေါမင်းက ခုနစ်နှစ် အုပ်ချုပ်ခဲ့ကြသည်။ ထိုမင်းများတွင် စွမ်းရည်သတ္တိ၊ ဥာဏ်အမြော်အမြင် ပြည့်စုံသော မင်းများပါရှိသကဲ့သို့ မင်းသာမန်များ၊ မင်းညံ့များလည်း ပါဝင်ခဲ့ပေသည်။
သမိုင်းတွင်ဤသို့ပါခဲသော ၅ မည်ရပြည်ရွှေဘိုတွင်မြစ်ကြီးနားသို့အသွားညအိပ်ခရီးတထောက်
နားခဲ့ရပါတယ် ။
မြန်မာတို့ရဲ့နောက်ဆုံးမင်းဆက်ကိုတည်ထောင်ခဲ့သောအလောင်းမင်းတရာကြီးဦးအောင်ဇေယျကို
ဝင်ရောက်ဂါဝရပြုတယ်လို့ဆိုရင်မမှားပါဘူး။
ပြည်ရွှေသိင်္ဃာဟိုတယ်တဲ့။လှတဲ့နံမည်လေး ။အဲဒီကဟန်လင်းမြို့တော်ဟောင်းကိုသွားလို့ရတယ် ။
လူထုကိုခွင့်မပြုသေးဘူးပြောလို့မဝင်ခံ့ဘူး။
၆၈ ယောက်သောတတိယမြန်မာနိုင်ငံကြီးကိုစတင်တည်ထောင်ခဲ့သောသူရဲကောင်းများ။
ဂုဏ်ယူစွာအလေးပြုခဲ့ပါတယ် ။
အလောင်းမင်းတရာကြီးရဲ့အထုပ္ပတ္တိသေချာချဲ့လို့ဖတ်စေလိုပါတယ် ။
ကျွန်တော့ပုံကိုကြည့်လို့ရူးတယ်ပေါတယ်မမှတ်ပလိုက်နဲ့ ။ခြောက်ချိတ် ရှစ်ယောက်သူရဲကောင်းထဲ
ကျွန်တော်မပါဘူးလို့ပြောနိုင်မလား ။ဒါကြောင့်အလောင်းမင်းတရားကြီးအကြောင်းကိုစောင့်ရှောက်နေတာ ။ဓာတ်ပုံရိုက်ခါနီးအနားမှအဲဒီသစ်သားပိုင်းလေးဘဲရှိလို့ ။
အလောင်းမင်းတရားကြီးကမရှိတော့ပြီ ။
စတုတ္ထဒါမှမဟုတ်ပဉ္စမမြန်မာနိုင်ငံကြီးလို့ပြောမလား ခုခေတ်ဖြစ်ပျက်နေပုံကိုမြင်လျှင်
ရင်နာနာနဲ့လစ်လျှူ ရှူ လေမလား။ဝါးရင်းထုတ်ဖြင့်လိုက်ရိုက်လေမလားမသိ ။
ရိုက်စရာလူကများသမို့ မင်းတရားကြီးလက်ညောင်းလောက်မယ်ထင်ရင်လွန်တယ်လို့
မပြောစေချင်ပါခင်ဗျား ။