သျှောင်ပေစူးလေးတွေပျော်ကြကုန်ပြီ။
#ရေဆိုတာကိုမွေးကတည်းကမြို့ကြီးတွေမှာလို ကောင်းကောင်းမသုံးခဲ့ရတဲ့ဘ၀။
#ရေဆိုတာကိုမြင်ရဖို့အတွက်သုံးမိုင်လေးမိုင်ခရီးကိုသွားပြီးမှခတ်ယူနေရတဲ့ဘ၀။
#မြို့ပေါ်မှာရေဘုံဘိုင်ခေါင်းတွေကရေများတစ်စက်စက်ကျနေတာကိုတွေ့ရင် ခွက်ငယ်လေးဖြင့် ပြေးခံထားချင်တဲ့ဘ၀။
#သင်္ကြန်ကာလမှာဘက်ထရီအိုးနဲ့ဖွင့်ပြီးကြည့်ရတဲ့ရုပ်မြင်သံကြားကနေမြို့ပေါ်မှာရေပိုက်ကြီးများနဲ့ရေကစားကြတာကိုမြင်ပြီးနှမြောတသသဖြင့် မျက်ရည်တစက်စက်ကျနေရတဲ့ဘ၀။
ဒီဘ၀ကနေလွတ်ဖို့ ကျွတ်ဖို့အချိန်ရောက်လာ ခဲ့ရပြီ။
ကျွန်တော်FBကနေ စက်စက်ယိုရွာမှကလေးငယ် များအကြောင်းနှင့်ရွှေကိုမလိုရေကိုသာလိုသည့်
စက်စက်ယိုရွာလေးအကြောင်းသတင်းတင်
လိုက်ရာစာနာထောက်ထားကြသောစေတနာ ရှင်များပေါ်ပေါက်ခဲ့တော့သည်။ အများကတော့အလှူငွေထည့်လိုကြသည်။ ကလေးငယ်များကိုယ်စားကျွန်တော်ကျေးဇူး အထူးတင်မိပါသည်။
ထိုအလှူရှင်များထဲတွင်ရေတူးဖေါ်ရာတွင်အဓိကကျသောစက်ယန္တယားကြီးများဖြင့်တူးဖေါ်ပေး မည့်စေတနာရှင်တစ်ဦးပါလာသည်။ထိုရေ
အလှူစေတနာရှင်မှာ ကမ္ဗောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်း မိသားစုပင်ဖြစ်တော့သည်။
ကျွန်တော့်ထံသို့ဆက်သွယ်ကာနေ့မဆိုင်းဘဲနှင့်ချက်ချင်းဆိုသလိုစက်ယန္တယားကြီးများအား လမ်းပန်းဆက်သွယ်ရေးခက်ခဲသောစက်စက်ယိုရွာသို့အရောက်ပို့စေခဲ့ကာယနေ့(၃း၀၀)အချိန် တွင်စတင်၍ရေတူးဖေါ်မှုလုပ်ငန်းအားမန္တလေး
တိုင်းရေအရင်းအမြစ်အဖွဲ့မှလူကြီးများနှင့်တတ်သိပညာရှင်များပူးပေါင်းကာနာရေးကူညီမှုအသင်း(ရန်ကုန်)မှမြန်မာပြည်တွင်းရှိရေရှားပါးဒေသများအားစေတနာ့ဝန်ဆောင်၍ရေတူးဖေါ်ရေးလုပ်ငန်းအားလုပ်ဆောင်ပေးနေသူတာဝန်ခံဦးနိုင်ဝင်း ဦးသာအေးတို့အပြင်နယ်ခံကောင်းပင်စည်
နာရေးကူညီမှုအသင်းမှပရဟိတသမား ဖြစ်သူကိုသိန်းထိုက်အပြင်စက်စက်ယိုရွာမှ ဆရာတော်ဘုရားနှင့်မိဘပြည်သူတို့ပူးပေါင်း၍ ရေတူးဖေါ်မှုကိုစတင်နေပြီဖြစ်ကြောင်း
အများပြည်သူတို့အားဝမ်းမြောက်စွာအသိပေး အပ်ပါသည်။
မြေကြီးထဲမှမမြင်နိုင်သောရေကြောကိုတူးဖေါ်ရသည်မှာလွယ်ကူလှသည်မဟုတ်ချေ။သို့သော်
ကျွန်တော်တို့၏ပရဟိတသစ္စာဆိုမှုနှင့်ရွာခံမိဘ ပြည်သူတို့၏ရိုးသားသောသီလလုံခြုံမှု အလှူရှင်တို့၏သဒ္ဓါတရားတို့ကြောင့်ရေရှားပါး သောစက်စက်ယိုရွာလေးသည်မကြာမီကာလ တွင်ရေများစက်စက်ယိုရုံတင်မကဘဲအနီးအနားရွာများသို့ပင်ဖေါသီစွာဖြင့်ပြန်လည်ရေဒါနပြု လုပ်နိုင်တော့မည်ဟုမျှော်လင့်မိတော့ပါသည်။
(ကျော်သူ)
ကိုကျော်သူရဲ့အနုပညာမြောက်စွာဖေါ်ပြမှုကအားလုံးနဲ့ကမ္ဘေဇအောင်ကိုဝင်းအသဲနှလုံးကိုကိုင်လှုပ်လိုက်ပြီ။
ကျွန်တော်တို့ပရဟိတသမားတွေကကိုကျော်သူကိုအတုယူရမလို
သူဌေးကြီးများကလည်းငွေကိုစားတာထက်ပီတိကိုစားရတာပိုလို့ပိုလို့အရသာရှိကြောင်း၊စမ်းသပ်ကြည့်စေလိုကြောင်းတိုက်တွန်အပ်ပါတယ် ။
********" ရွှေမလိုရေလိုတာကစက်စက်ယို
စေတနာပိုတာကအောင်ကိုဝင်း
မင်းသားကြီးကနိဗ္ဗာန်ဆော်
တခေတ်နော်တယောက်ထွန်းပါလို့
အလိုကွယ်. . .လော်မလိုပေါင်အသံကုန် အော်မိလေခြင်း " **********