အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Saturday, January 23, 2016

ဦးဦးပုံ​ပြောမယ်​ ( ၄ )

လူအိုမလို​သောတိုင်းပြည်​ ။

ဟို​ရှေး​ရှေးတုံးကတိုင်းပြည်​တပြည်​ကအိမ်​​ရေ့မင်းသား​လေးတပါးဟာတ​နေ့​တော့တုန်​ချိတုန်​ချိနဲ့သွား​နေတဲ့လူအိုကြီတ​ယောက်​ကိုမြင်​ပြီးတ​နေ့ငါတိုင်းပြည်​မင်းလုပ်​အုပ်​ချုပ်​ရင်​ငါ့တိုင်းပြည်​မှာလူအို​တွေမရှိ​စေရဘူးလို့​တွေးမိသတဲ့ ။
အိမ်​​ရှေ့မင်းသားဆိုတာခ​လေးတို့သိကြလား ။အိမ်​​ရှေ့မှာ​နေလို့​ခေါ်တာမဟုတ်​ဘူး​နော်​ ။ဘုရင်​ကြီးနတ်​ရွာစံရင်​ (​သေရင်​ ) ဘုရင်​ဖြစ်​မဲ့ဘုရင်​​လောင်း​ပေါ့ကွယ်​ ။
တ​နေ့ဘုရင်​ကြီးနတ်​ရွာစံတာနဲ့သူ့အကြံကိုစ​တော့တာဘဲ ။တိုင်းပြည်​တွင်းကို​မောင်းခတ်​လို့​ကြေငြာ​စေတယ်​ ။
" ၇ ရက်​ပြည့်​​သော​နေ့တွင်​ငါကိုယ်​​တော်​မြတ်​တိုင်းပြည်​သစ်​တည်​​ထောင်​ရန်​ထွက်​ခွာ​တော်​မူမည်​ ။
အသက်​ ၄၀ ​အောက်​လူတိုင်းငါနှင့်​မလိုက်​မ​နေရ ။အသက်​ ၄၀ အထက်​များငါ့နိုင်​ငံသစ်​သို့မလိုက်​ရ။ဤမြို့တွင်​​နေရစ်​ရမည်​။ပစ္စည်းအ​ဟောင်​အမြင်းအစုတ်​အပြတိများသယ်​​ဆောင်​မလာရ ။ဤအမိန့်​ကို
မလိုက်​နာက​သေဒဏ်​​ပေး​စေ " ရက်​ရက်​စက်​စက်​အမိန့်​ထုပ်​သတဲ့က​လေးတို့ရယ်​ ။ဒီ​နေရာမှာဘာ​ကြောင့်​​ရှေးလူကြီး​တွေကရန်​သူမျိုးငါးပါးထဲမှာ " မင်း " ကိုထဲ့ထားရသလဲဆိုတဲ့အဓ္ပိ္ပပါယ်​ဘဲကွဲ့။
အဲဒီတိုင်းပြည်​မှာ​မောင်​လူ​အေး​လေးဟာမိဘ​တွေမရှိ​တော့လို့အသက်​ ၇၀ ​ကျော်​ဘိုး​အေကြီးနဲ့​နေရတာဆို​တော့ ၊ဘိုး​အေကြီးကို​ခေါ်သွားလို့လည်းမရ ထားခဲ့လို့လည်းမဖြစ်
ဒုက္ခ​ရောက်​​နေတာ​ပေါ့ကွယ်​ ။
ဒါ​ပေမဲ့သူ့ဘိုး​အေဘယ်​လိုဘဲတားတားခြင်းကြားကြီးရက်​ပြီးသူဘိုး​အေကိုထည့်​လို့​ခေါ်သွားဘို့ဆုံးဖြတ်​လိုက်​တယ်​ ။
တိုင်းပြည်​သစ်​ကိုသွားတဲ့ခရီးစဉ်​တ​လျှောက်​သူများ​တွေနဲ့​ဝေး​ဝေးက​နေပြီးလိုက်​သွားဆိုဘဲ ။
တိုတိုဆိုရရင်​ရက်​​တွေကြာ၊လမ်းကမှားနဲ့​သောက်​စရာ​ရေကမရှိနဲ့ဒုက္ခ​ရောက်​ပါ​လေ​ရော။ ဒါကို
ခြင်းကြားထဲကဘိုး​အေကြီးကသိ​တော့သူ့ကိုဘုရင်​ကြီး​ရှေ့ကို​ခေါ်သွားခိုင်းတယ်​ ။ဘုရင်​ကြီး​ရှေ့​ရောက်​တယ်​ဆိုဘဲအမိန့်​မနာခံတာမို့သတ်​ဘို့ပြင်​တာ​ပေါ့ ။ဒီ​တော့မှဘိုး​အေကြီး-

" အရှင်​မင်းကြီးခုချိန်​ဟာအားလုံးအတွက်​လိုအပ်​​နေတာ​ရေပါဘုရား။ကျွန်​​တော်​မျိုးအစွမ်းနဲ့​ရေကိုအရင်​ရှာ​ဖွေပြီးမှအမိန့်​မနာခံတဲ့​မြေးအဘိုးကိုသတ်​လိုကသတ်​ပါဖရား " လို့​လျှောက်​တာနဲ့လက်​ခံလိုက်​သတဲ့
ဘိုး​အေကြီးဟာဟိုဟိုဒီဒီ​လေ့လာကြည့်​ရှူပြီးသူတူးခိုင်​တဲ့​နေရာမှာတူးလိုက်​ထာ​ရေ​တွေထွက်​လာလို့အားလုံးအသက်​ရှင်​​တော့တယ်​ ။ဒီ​တော့ဘုရင်​ကသင်​ဘယ်လို​လုပ်​ဒီ​နေရာမှာ​ရေရှိတယ်​ဆိုတာသိတာလဲလို့​မေး​တော့ဘို​အေကြီးကတလုံးခြင်း​ဖြေး​ဖြေး​လေး​ဖြေလိုက်​တယ်​ ။
 " ပထမ​လေတိုက်​ရာအရပ်​ကိုကြည့်​ပါတယ်​ ။လေ​အေးဘယ်​အရပ်​ကတိုက်​သလဲ ။ဒုတိယ​မြေပြင်​ရဲ့အစိုဓာတ်​ကိုကြည့်​ပါတယ်​။တတိယ မြက်​ပင်​​လေး​တွေဘယ်​​နေရာမှာပို​ပေါက်​သလဲကြည့်​ပါတယ်​။အဓိက ကကျွန်​​တော်​မျိုးတို့မှာလူငယ်​​တွေမှာမရှိနိုင်​တဲ့အ​တွေ့အကြုံက​ပေးတဲ့သင်​ခန်းစာများ အများကြီးရှိ​ကြောင်းပါဖရား "
ဘုရင်​ကြီလည်းသ​ဘောကြသွားပြီး​သေ​ဘေးကလွှတ်​လို့တိုင်​ပြည်​သစ်​ထူ​ထောင်​ပြီးရင်​လူအိုများကိုပြန်​​ခေါ်လိုလျှင်​​ခေါ်​စေလို့အမိန့်​ထုပ်​လိုက်​သတဲ့ ။
ဖြူစင်​တဲ့က​လေးတို့ကိုဦးဦးကထုံးစံအတိုင်းစကားကြီးစကားကျယ်​​ပြောရအုံးမယ်​ ။
တိုင်​ပြည်​ထူ​ထောင်​ရာမှာတက်​ကြွ​တော်​တတ်​တဲ့လူငယ်​​တွေအများကြီးလိုသလို လူအို​တွေကိုလည်းပြစ်​ပယ်​ထားလို့မရဘူးဆိုတဲ့အသိကိုသိ​စေချင်​ပါတယ်​ ။



No comments: