အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Friday, January 22, 2016

ပုသိမ်​မဲဆန္ဒနယ်​ကဦးဝင်းမြင့်


ဠင်းတ​လောက်​​တော့ငှက်​တိုင်းလှဆိုတဲ့ပုသိမ်​မဲဆန္ဒနယ်​က
ဦးဝင်းမြင့်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ လွှတ်တော်ညနေပိုင်းအချိန် ၁ နာရီမှာ
ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ NLD ပါတီရဲ့ ပထမဆုံး အဆိုကို
လွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုဟာ သမ္မတဦးသိန်းစိန်အစိုးရအတွက်
ကြောက်စရာအကောင်ဆုံးအဆိုဖြစ်ခဲ့သလို
ဦးနေဝင်းခေတ်နဲ့ ဦးသန်းရွှေခေတ်အပါအဝင်
နှစ်ပေါင်း ၅၀ အတွင်း သမိုင်းတွင်တဲ့အဆိုဖြစ်ခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရ ဥပဒေနဲ့
၂၀၀၈ အခြေခံဥပဒေ ရဲ့ အားနည်းချက်နဲ့ အားသာချက်ကို
ရယူပြီး တင်ခဲ့တဲ့အဆိုဖြစ်သလို

အဲဒီအဆိုနောက်ပိုင်းမှာ ဦးသိန်းစိန်အစိုးရဟာ
အပြောင်းအလဲတွေကမန်းကတန်းလုပ်ခဲ့ရတဲ့အထိ
ရိုက်ချက်ပြင်းခဲ့ပါတယ်။

အဆိုက ....

သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်စေရန်
သမ္မတနဲ့ အစိုးရအဖွဲ့ဝင်များအားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို
#လွှတ်တော် ကို ပေးပို့မှတ်တမ်းထားဆောင်ရွက်ဖို့ အဆိုပါ။

အဲဒီအဆိုကို တင်ပြီး ၂၄ နာရီတောင်မကြာတဲ့အချိန်မှာ
သမ္မတရုံးက ညွှန်ကြားချက် ချက်ချင်း ထွက်လာပါတယ်။
အစိုးရအဖွဲ့ဝင်တွေရဲ့ပိုင်ဆိုင်မှုတွေကို #သမ္မတ ဆီကို ချိတ်ပိတ်တင်ဖို့ပါ။

ဒါပေမဲ့

၈ ရက် ၈ လ ၂၀၁၂ မှာ
အဲဒီအဆိုကို လက်ခံသင့်မသင့် ဆွေးနွေးရာမှာ
ထုံးစံအတိုင်း ပြည်ခိုင်ဖြိုးနဲ့ အစိတ်သားက ကန့်ကွက်ခဲ့ကြတဲ့အတွက်
အဆို အတည်မပြုနိုင်ပဲ ရှုံးနိမ့်သွားပါတယ်။

အဲဒီအဆိုရှုံးနိမ့်သွားခဲ့ပေမယ့်
တစ်နှစ်ခွဲလောက်အေးစက်နေတဲ့လွှတ်တော်ဟာ အသက်ဝင်လာသလို
လွှတ်တော်ရဲ့ Power ဘယ်လောက်ကြီးသလဲဆိုတာ
ဦးရွှေမန်းကိုယ်တိုင် သိသွားခဲ့ပါတယ်။
တနည်းအားဖြင့် သူ့ ပါဝါ သူပိုသိသွားပါတယ်။

အဲဒီနောက်ဆက်တွဲအနေနဲ့ သမ္မတကခန့်ထားတဲ့
အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်တွေကို လွှတ်တော်က ဖြုတ်ချတဲ့အထိ
အကျိုးသက်ရောက်မှု ပြင်းထန်ခဲ့ပါတယ်။

အဲဒါဟာ စိန် မန်း အကွဲအပြဲ အစ Foundation ပါပဲ။
.
.
.

အဲဒီအဆိုကို ဘယ်သူတင်တယ်ထင်ပါသလဲ




ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိုင်ငံရေး Strategy ကို ရှေ့တန်းက
တိတိကျကျ မားမားမတ်မတ်ရပ်ဆောင်ရွက်နေတဲ့

လက်ရှိ တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီအတွင်းရေးမှူးး

ဥပဒေ ပညာရှင်

NLD ပုသိမ်မဲဆန္ဒနယ်က

ဦးဝင်းမြင့်ပါပဲ။




အဲလောက်ဆိုရင်

ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌပေးရင်

သင့်တော်မတော် သဘောပေါက်လောက်ပြီထင်ပါတယ်။

(ငရဲသား)

Photo မူရင်းလူ။




No comments: