အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Monday, January 25, 2016

ကျွန်​​တော်​တို့လည်း​ပျော်​ပါတယ်​ ။




ပျော်တယ်ဟေ့. . ပျော်တယ်ဟေ့!
ကျွန်​​တော်​တို့ကိုပါအဲဒီအ​ပျော်​ကကူးပါတယ်​ခင်​ဗျ ။

အရူးထတယ်လို့တော့မထင်လိုက်ပါနဲ့။

ဘယ်​ထင်​ရက်​ပါ့

ပျော်လွန်းလို့ပါဗျာ။
ဝမ်းမြောက်လွန်းလို့. . ပီတိဖြစ်လွန်းလို့ပါခင်ဗျ။

အ​ကြောင်းစုံ​အောင်​​ပြောစမ်းပါအုံး​​ဗျ ။


အကြောင်းကဒီလိုဗျ။
ဒီနေ့ နေ့လည်ကသျှောင်ပေစူးလေးတွေ ကျွန်တော့်အိမ်ကိုလာကန်တော့တဲ့အကြောင်းကို FACE BOOK ကနေကျွန်တော် တင်လိုက် တယ်လေ။ အဲဒီမှာသျှောင်ပေစူးလေးတွေနဲ့အိမ်မှာအမှတ်တရဓါတ်ပုံတွေရိုက်တာတွေ ဘ၀ကိုအရှူံးမပေးခဲ့တဲ့
ပုဏ္ဏဘကွန်းအကြောင်းတွေ ခေတ်သမိုင်း အကြောင်းတွေစုံလို့ဗျာ။

နာလိုက်​ထာဗျာမဖတ်​လိုက်​ရဘူး ။

ဒီမှာတင် ကလေးငယ်တွေကျွန်တော့်အိမ်ခြံထဲရှိဝါးရုံပင်အောက်ကရေတံခွန်ငယ်လေးမှာဓါတ်ပုံရိုက်တော့
သူတို့ရဲ့မျက်နှာလေးတွေညှိုးငယ်သွားတာဟာ
သူတို့ရွာကိုသတိရလို့လား ဒါမှမဟုတ် "ရွှေကိုမ လို ရေကိုသာလို"နေတဲ့သူတို့ရွာလေးဖြစ်တဲ့
စက်စက်ယိုရွာလေးအတွက်အားငယ်နေလို့လားလို့ရေးလိုက်တယ်ဗျ။

ဟုတ်​- ​ပြောပါအုံး ။

အဲဒီမှာတင် ညနေလည်းရောက်ကော ဖုန်းတစ်လုံးဝင်လာတယ်ဗျ။
" အဲဒီ ကိုကျော်သူFBကနေတင်လိုက်တဲ့ ရေ အခက်အခဲရှိတဲ့ရွာလေးကိုရေတူးပေးမယ်တဲ့"ဗျ။ ကျွန်တော်ကပြောလိုက်တယ်။ ကျွန်တော်တို့နာရေးကူညီမှုအသင်း(ရန်ကုန်)ကလည်းရေခက်ခဲတဲ့ဒေသတွေကိုလိုက်တူးပေးနေပါတယ်။ ဒါပေမယ့်လူနဲ့(လက်နဲ့)ဘဲတူးပေးနိုင်ပါတယ်။ ပြီးတော့ဒီလိုစက်စက်ယိုရွာရဲ့မြေသားအနေအထားကလည်းလက်နဲ့တူးလို့မရနိုင်ကြောင်း စက်ကြီးတွေနဲ့တူးဖို့ကကုန်ကျစရိတ်တွေအရမ်းမြင့်တော့အလှူငွေနဲ့လုပ်ကိုင်ပေးရတာအခက်ဖြစ်နေလို့ပါခင်ဗျလို့လည်းဆိုတော့ အဲဒီပုဂ္ဂိုလ်ကြီး
ကပြောတယ်ဗျ။
သူ့မှာရေတူးတဲ့စက်ကြီးတွေရှိပါကြောင်း နောက်ထပ်ခေတ်ပေါ်စက်ကြီးတစ်လုံးလည်းရောက်လာတော့မည်ဖြစ်ကြောင်း လိုအပ်တဲ့နေရာတွေအတွက်ကိုကျော်သူနဲ့ပူးပေါင်းလုပ်ပေးမည်ဖြစ်ကြောင်း စုံလို့ပေါ့ဗျာ။
အဓိကပြောချင်တာကတော့. . .  မကြာမီအချိန်အတွင်းမြန်မာ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်ပေးနေသော စက်စက်ယို
ရွာလေးဟာ "ရွှေကိုမလို ရေကိုသာလို" သည်ဟူသောဆောင်ပုဒ်ကိုဖျက်သိမ်းနိုင်တော့မည်ဖြစ်ပါကြောင်းဝမ်းမြောက်စွာအသိပေးအပ်ပါသည်။
ယခုကဲ့သို့ရေရှိအောင်ပြုလုပ်ပေးမည့်ရေအကျိုး ဆောင်ပေးသူများ ရေအလှူရှင်တို့အား စက်စက်ယိုရွာမှသျှောင်ပေစူးကလေးငယ်တို့နှင့်အတူရွာခံမိဘပြည်သူအပေါင်းတို့ကိုယ်စား ကျွန်တော်မှ သာဓု သာဓု သာဓု ဟုခေါ်ဆိုလိုက်ရပါတော့သည်။
အဲဒါကြောင့်. . .

ကျွန်တော်တို့အရမ်းပျော်နေတာပေါ့ သိလား! ။   (ရေအလှူရှင်များ၏အမည်အားမကြာမီတရား ၀င်ကြော်ငြာပေးပါမည်ဟု. . ) ( ကျော်သူ )


ဦး​ကျော်​သူ​ရေ- -သတိလည်းထားအုံး ။ဒီ​လောက်​သ​ဘောဖြူအူစင်းစိတ်​ရင်း​ကောင်​တဲ့သူဟာ
                         လူအစစ်​မှဟုတ်​ရဲ့လား ။ဂြိုလ်​သားဖြစ်​​နေပါအုံးမယ်​ ။

                             ပုံ-အနှိုင်​မဲ့ဆည်းဆာကူညီမှုအသင်း
                                 ဟိုင်းကြီးကျွန်းမြို့
                       
                 



No comments: