အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Saturday, January 23, 2016

ကျူး​ကျော်​သူဘယ်​မှာလဲ ။

ကျူးကျော်သူအစစ်။ ။

ဘူဒိုဇာဒဏ်ခံရတဲ့၊
ကျူးကျော်သူတွေဟာ၊
နေစရာစားစရာချို့တဲ့နေသူတွေပါဗျာ။

နေစရာစားစရာပြည့်စုံပါလျက်
ဘယ်သူမှလမ်းဘေးမှာတဲထိုးနေပြီး၊
ဒုက္ခမခံကြပါဘူး။

မဖြစ်မနေဖယ်ရှားတော့မယ်ဆိုရင်လည်း
အထိုက်အလျောက်ထောက်ပံ့မှုတစုံတရာကို
နိုင်ငံတော်က စီစဉ်ပေးသင့်ပါတယ်။

ကျောမွဲတွေကိုနိုင့်ထက်စီးနင်းလုပ်နေတာတွေ
မြင်နေရသမျှဘယ်အစိုးရတက်တက်၊
ဒီမိုကရေစီရပြီ၊ခေတ်ကောင်းပြီလို့ဆိုနိုင်မှာမဟုတ်ပါဘူး။

တကယ်ကျူးကျော်သူဆိုတာ၊

ကိုယ့်မှာဆယ်သက်စားမကုန်နိုင်တဲ့ စည်းစိမ်တွေ
နန်တော်ကြီးတမျှခမ်းနားတဲ့အိမ်တော်ကြီးရှိပါလျက်၊
မြို့ကြီးတိုင်းလိုလိုရဲ့အချက်အချာနေရာကောင်းတွေမှာ
တမြို့တကွက်ဧရာမမြေကွက်ကြီးတွေ၊
အကြိမ်ကြိမ်ယူထားတဲ့ သူတွေကိုသာ
ရည်ညွန်းသင့်ပါတယ်။

သေချာစဉ်းစားကြည့်ပါ။

သူတို့ဟာ ဆင်းရဲသားကျောမွဲတွေနေနိုင်ရမဲ့
နိုင်ငံပိုင်နေရာတွေမှာ သြဇာအာဏာသုံးပြီး
မတရားကျူးကျော်နေကြတဲ့
ကျူးကျော်သူအစစ်တွေပါပဲ။

......

မူရင်းဓာတ်ပုံပိုင်ရှင်အားအသိအမှတ်ပြုပါသည်။



 " ဦးတို့ကိုသားသားမသိလို့တခု​မေးပါရ​စေလား။ဒီမှာမ​နေရဘူးဆို​တော့၊ သားတို့ဘယ်​သွား​နေရမှာလဲ သားက​ကျောင်း​ကောဘယ်​မှာသွားတက်​ရမှာလဲ ။ကျောင်းမှာဆရာမက​ပြောတယ်
သားတို့က​လေး​တွေဟာအနာဂတ်​ရဲ့အဖူးအ​ညှောင့်​​လေး​တွေတဲ့။အဖူးအ​ညှောင့်​မရှိတဲ့အပင်​ဟာသက်​မဲ့အပင်​ကြီိးတဲ့။
နောက်​ဆုံးတခု​မေးပါရ​စေခင်​ဗျ ။သားတို့အိမ်​လာဖျက်​တဲ့လူကြီး​တွေမှာသားတို့လိုသားသမီးမရှိကြဘူးလာဟင်​ ။ "

No comments: