၂၀၁၆ ကို NLD က ကိုမင်းသူက လှလှပပ စဖွင့် လိုက်ပါပြီ။ ပြည်သူ့အတွက် ဒီချုပ်အမတ်တွေ လွှတ်တော်အသစ်မှာ အားကိုးရတော့မယ် ...
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
နေပြည်တော် လမ်းမီးအတွက် ကျပ်သန်းတစ်ထောင်ခန့် လျာထားမှု ထက်ဝက်လျှော့ချရန် ဒီချုပ်အမတ် တင်ပြ
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
လာမည့်ဘဏ္ဍာ နှစ်တွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက လမ်းမီးအတွက် လျှပ်စစ်ဓာတ်အားခ ကျပ်သန်းတစ်ထောင်ခန့် လျာထားမှု ကို ထက်ဝက်ခန့်လျှော့ချပြီး ကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် နေပြည်တော် လမ်းမီးအတွက် လျှပ်စစ်ဓာတ်အားခ ကျပ်သန်း တစ်ထောင်ခန့် (ကျပ် ၉၆၁ ဒသမ ၇၅ သန်း) လျာထား တင်ပြခြင်းသည် အမှန်တကယ် လိုအပ်ခြင်း ဟုတ်၊မဟုတ် စိစစ်ကြည့်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဇန်န၀ါရီ ၁၃ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လျာထား လုပ်ငန်းများစာရင်း အမှတ်စဉ် (၂) လမ်း/တံတား လုပ်ငန်းများအတွက် ကျပ် ၁,၀၉၇ ဒသမ ၈၁၇ သန်း လျာထားတင်ပြရာတွင် လမ်း/တံတားပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းအတွက် ကျပ် ၁၃၆ ဒသမ၀ ၆၇ သန်း လမ်းမီးအတွက် လျှပ်စစ်ဓာတ်အားခ ကျပ် ၉၆၁ ဒသမ ၇၅၀ သန်း ပါဝင် လျာထားခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူ၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမှုအရ သိရသည်။
နေပြည်တော် နယ်မြေအတွင်း လမ်းများအတွက် လမ်းမီတာခ ပေးချေရာတွင် တစ်လ ပျမ်းမျှကျပ်သန်း ၆၀ နှင့် ၁၂ လ အတွက် ကျပ်သန်း ၇၂၀ ၊ ဆိုဒီယမ် မီးလုံးနှင့် ဆက်စပ်ပစ္စည်းများ ၀ယ်ယူခြင်းအတွက် ကျပ် ၂၄၁ ဒသမ ၇၅ သန်းဖြစ်ရာ ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း ၁၂ နာရီခန့် အတွက် တစ်လမီတာခ ကျပ်သန်း ၆၀ ကုန်ကျရာ တစ်ရက်လျှင် ကျပ် နှစ်သန်း၊ တစ်နာရီလျှင် ကျပ် နှစ်သိန်းခန့် ကုန်ကျမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။
မြို့တော်အင်္ဂါရပ်နှင့် အညီ ညအချိန်များ၌ လျှပ်စစ်မီးများ လှပစွာ ထွန်းညှိခြင်း၊ လုံခြုံရေးအရ လိုအပ်သော နိုင်ငံတော်ပိုင် အဆောက်အအုံများ အတွက် ထွန်းညှိပေးခြင်းနှင့် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် လျှပ်စစ်မီးတိုင်များ ထွန်းထားခြင်းမှာ လိုအပ်သည် ဆိုသော်လည်း လျှပ်စစ်မီးတိုင်များသည် တစ်တိုင်နှင့် တစ်တိုင် နီးကပ်ခြင်းနှင့် လူသူနှင့် ယာဉ်များသွားလာမှု အလွန်နည်းပါးသော လမ်းမကြီးများ၌ လျှပ်စစ်မီး ထွန်းထားခြင်းမှာ လိုအပ်ချက်ဟုတ်၊ မဟုတ် စဉ်းစားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက လွှတ်တော်သို့ တင်ပြသည်။
ဇန်န၀ါရီ ၁၃ ရက်က ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောများ၊ ရငွေ သုံးငွေများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ZN.H
NLD ကို အားပေးသည့် သံဃာတော်များ
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
|
No comments:
Post a Comment