အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁
စကားဝိုင်း
Create your own chat.
Wednesday, January 20, 2016
ဝန်ကြီးချုပ်ဦးရဲမြင့်ဘယ်လိုတာဝန်ယူမည်လဲ
တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနီးရှိ ကျပ်သိန်းပေါင်းသောင်းဂဏန်းတန် မြေကွက်အများအပြားအား ကျပ်သိန်းဆယ်ဂဏန်းသာ ပေးသွင်းဝယ်ယူအပိုင်စီးခဲ့မှု ဝန်ကြီးချုပ်ဦးရဲမြင့် ဘယ်လိုတာဝန်ယူမည်လဲ
 မြေကွက်တစ်ကွက်(ပေ၆၀xပေ၈၀) လျင် ကျပ် သိန်းပေါင်းတစ်သောင်းခွဲခန့် တန်ကြေးရှိ သော မြေနေရာများအား မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ မြေယာဌာနသို့ ကျပ်သိန်း ဆယ်ဂဏန်းခန့်သာပေးသွင်းကာ မြေကွက်များ အား တိတ်တဆိတ် လက်ဦးရယူသွားခဲ့ကြသည့် အမှုအား မန္တလေးခေတ်သတင်းဂျာနယ်အနေ ဖြင့် လွန်ခဲ့သော နှစ်နှစ်ကျော်ကတည်းက စုံစမ်းခဲ့ ပါသည်။
 ထိုမြေနေရာသည် မန္တလေးမြို့၊ ချမ်း အေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ် (၆၆လမ်း၊ ၃၄လမ်းနှင့် ၃၅လမ်းကြား)တရုတ် ကောင်စစ်ဝန်ချုပ်ရုံးအနီးတွင် တည်ရှိပြီး (ပေ၆၀ x ပေ၈၀)မြေကွက် အကွက်ပေါင်း(၁၅) ကွက် ခန့်ရှိမည်ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်တွေ့ရှိရ ပါသည်။
 ထိုမြေကွက်များအား မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီသို့ပေးသွင်းငွေ ကျပ်ဆယ်ဂဏန်းလောက်ဖြင့်သာ ပေးသွင်းဝယ် ယူခဲ့ကြမှုများသည် အခွန်ရရှိမှုနည်းပါးကာ မန္တလေးမြို့လူထုအတွက် များစွာနစ်နာရပါသည်။
 မြေကွက်များအကွက်ရိုက်ထားသော မြေနေရာသည် ယခင်က ရေနီမြောင်းအဖြစ် ရေတ သွင်သွင်စီးဆင်းနေသည့် နေရာဖြစ်သော်လည်း ရေမြောင်းကိုလမ်းကြောင်းလွှဲကာ မြေဖို့ပြုပြင် ခဲ့ပြီး မြေကွက်များအကွက်ရိုက်ခဲ့ခြင်း ဖြစ်ပါ သည်။
 ထိုသိန်းသောင်းဂဏန်းတန်မြေကွက် နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း(၃၀)ကျော်ခန့် ကနေထိုင်သူများရှိခဲ့သော်လည်း ကျူးကျော်များ ဟုဆိုကာ ဖယ်ရှားခံခဲ့ရသည်။ ဖယ်ရှားခံခဲ့ရသူများ အား မြို့သစ်တွင် မြေနေရာများပေးခဲ့သည်။ ဖယ် ရှားခံခဲ့သူတစ်ဦးဖြစ်သည့် ဦးတင်အောင်က''အဘ တို့တုန်းက ကျူးဆိုပြီးဖယ်ခံခဲ့ရတယ်။ အခု သူတို့ကျတော့ နန်းတော်ကြီးတွေလို ဆောက်နေကြ တယ်။ မြေပြန်ချပေးမယ်ဆိုရင် အဘတို့လည်း ဆိုင်တာပဲ။ အစားပေးတဲ့မြေပြန်အပ်မယ်လေ။ အခု နေရာပြန်ပေးမလားမေးချင်တယ်''ဟု လွန်ခဲ့ သော နှစ်ပေါင်း ၃၀ခန့်က ကျူးများဟုဆိုကာ နှင်ထုတ်ခံခဲ့ရသူတစ်ဦးက ရင်ဖွင့်သည်။
 ထိုမြေကွက်များဖြင့်ပတ်သက်၍''မည် သူ့တွင် တာဝန်အရှိဆုံးလဲ''ဟု မြေယာဌာနမှူး အားမေးမြန်းရာ စည်ပင်အနေနဲ့ မြေချထားပေး လို့မရပါဘူး။ မြေနေရာချထားပေးရေးက တိုင်း ဒေသကြီးအစိုးရအဖွဲ့မှာပဲ လုပ်ခွင့်ရှိပါတယ်။ စည်ပင်က မြေချထားပေးလို့ မရပါဘူး။''ဟုဖြေ ကြားခဲ့သည်။
 သိန်းပေါင်းသောင်းဂဏန်းတန် မြေကွက် များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အမှန်တကယ် ပေးသွင်းငွေမှာ ကျပ် သိန်း(၃၀)သာ ပေးသွင်းကြောင်း စုံစမ်းသိရှိခဲ့ သည်။ ''သိန်းသုံးဆယ်သာပေးသွင်းတယ်လို့ ကြား သိထားတယ်။ ဟုတ် မဟုတ် ဌာနမှူးအနေနဲ့  အတည်ပြုပေးနိုင်ပါသလား''ဟု မြေယာဌာနမှူး အား မေးမြန်းရာ ''သတ်မှတ်နှုန်းထားကိုတော့ ပေးသွင်းရတာပေါ့။''ဟုသာ ဖြေကြားခဲ့သည်။
 ပေးသွင်းငွေ အတိအကျအား ဖြေကြားခြင်းမရှိပေ။ မြေယာဌာနမှုးအား မေးမြန်းစုံစမ်းချက်များအရ ၀န်ကြီးချုပ် ဦးဆောင်သော တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ထိုမြေကွက်များစီမံခန့်ခွဲရာတွင် မည်သို့ဆောင်ရွက်ခဲ့သလဲဆိုသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်လာပါသည်။
 လွန်ခဲ့သော(၁)နှစ်ကျော်ခန့်က တိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအုန်းလွင် ထံ ထိုမြေကွက်အကြောင်း မေးမြန်းရန်သွား ရောက်ခဲ့သည်။ အတွင်းရေးမှူး ကိုယ်ရေးအရာရှိ က ဘာကြောင်တွေ့ချင်ရသည်ကို မေးမြန်းရာ ထိုမြေကိစ္စအကြောင်းမေးချင်၍ ဖြစ်ကြောင်းပြော ရာ အစိုးရအဖွဲ့နှင့်မဆိုင်ကြောင်း စည်ပင်အား သွားမေးရန်သာပြောကာ တွေ့ခွင့်ပင်မပေးခဲ့ပေ။အစိုးရအဖွဲ့အတွင်းရေးမှူးဘက်က စည်ပင်ပြန် လွှဲကာ ဘောလီဘောပုတ်ခဲ့ရာ အဖြစ်မှန်ကို မသိရှိခဲ့ရပေ။
 မြေကွက်များအားလုံးအတွက် အုတ်တံ တိုင်းကာရန်ခြင်းလုပ်ငန်းအား လုပ်ကိုင်ထားပြီး ထိုမြေကွက်အားလုံးအတွက် အုတ်တံတိုင်းကာရန်ခြင်းလုပ်ငန်းကို ကုမ္ပဏီတစ်ခုတည်းက လုပ် ကိုင်ခွင့်ရရှိခဲ့သည်။ ထိုကုမ္ပဏီအား မေးမြန်း ရာ ''ကျွန်တော်တို့ အနေနဲ့  ဘာမှမသိပါဘူး။ အုတ်တံတိုင်း ကာခိုင်းတဲ့သူရှိလို့ အုတ်တံတိုင်း ခတ်တာပါ။ ဒါပဲလုပ်ခိုင်းလို့ ဒါပဲလုပ်ရတာပါ။ ကျန်တာမသိပါဘူး''ဟု ဖြေကြားသည်။
မြေကွက်များအားလုံးအတွက် အုတ်တံတိုင်းကာ သူ ကုမ္ပင်္ဏီအနေဖြင့် ဘာမှမသိကြောင်းဖြေကြား ခဲ့သော်လည်း တပြေးညီပုံစံတူ အုတ်တံတိုင်းများ ကာရန်ခိုင်းသူမှာ တစ်ဦးတည်း (သို့မဟုတ်) အ ဖွဲ့အစည်းတစ်ခုတည်းက လုပ်ပိုင်ခွင့်များရရှိ ထားသည်ဟု ကောက်ချက်ချနိုင်သော အနေအ ထားဖြစ်နေပါသည်။
 ''သိန်းပေါင်းတစ်သောင်းခွဲနဲ့ဈေးခေါ်နေတယ်။ တချို့အကွက်တွေက ရောင်း ထွက်သွားပြီ။ တချို့လည်း မ၀ယ်ရဲလို့ မ၀ယ် ကြတာ။ ဈေးနှုန်းကတော့ တန်တယ်။ ဘာလို့ လည်း ဆိုတော့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးနား မှာဆိုတော့ လုံခြုံရေးကောင်းတယ်။ တရုတ် ၀ယ်လကအကြိုက်ပေါ့။''ဟုဆိုကာ ထိုမြေကွက် များ ဈေးကွက်အတွင်းသို့ထွက်လာကြောင်းနှင့် ဈေးနှုန်းမှာသင့်ကြောင်း ၀ါရင့်မြေပွဲစားကြီး တစ်ဦးက ရှင်းပြသည်။
 မြေကွက်များအတွင်း အဆောက်အ ဦး တစ်လုံးတည်းသာ ဆောက်လုပ်ထားပြီးကျန် တစ်လုံးမှာ အုတ်မြစ်ချပြီးသည့် အနေအထား ဖြစ်ပါသည်။ အခြားမြေကွက်များတွင် လက်ရှိအ ချိန်တွင် အဆောက်အဦး ဆောက်လုပ်ထားခြင်း မရှိသေးကြောင်း တွေ့ရှိရသည်။
ထိုသို့နာမည်ကြီး နေမှုကို အဆောက်အအုံနှင့် ကုန်ရုံဌာနမှူးအဖြစ် တာဝန်ယူခဲ့သော ဦးမျိုးအောင်အား မေးမြန်းရာ အမည်ပေါက်နာမည်တွင် ၀န်ကြီးချုပ် နာမည်မ ဟုတ်ကြောင်းသာ ဖြေကြားခဲ့သည်။
 ထိုမြေကွက်များအား ပိုင်ဆိုင်ထားပြီး သူများအနေဖြင့် မြေတစ်ကွက်ကာလပေါက်ဈေး နှုန်းဖြစ်သော ကျပ်သိန်းပေါင်း တစ်သောင်းခွဲ အား မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ သို့ ပေးသွင်းခြင်းဖြင့် လူထုအကျိုးပြုနိုင်ပါစေ ကြောင်း ရည်ရွယ်ရေးသားအပ်ပါသည်။
သတင်း . မင်းဒင်(မန်း)
မန္တလေးခေတ် ...
No comments: