ဖြူ စင်တဲ့ခလေးတို့ကိုပုံလေးတပုံပြောပြချင်ပါတယ်။
ဟိုးရှေးရှေတုံးကယာသမားကြီးတယောက်ဆီမှာမြည်းတကောင်ရှိသတဲ့ ။မြည်းဆိုတာမြင်းနဲ့ဆင်တူပေမဲ့မြင်းထက်ပိုပြီးကုန်တင်လို့ကောင်းတယ်လို့ပြောကြတယ် ။
တကယ်တန်းဝန်ခံရရင်ဦးလည်းတခါမှမြည်းကိုအပြင်မှာမမြင်ဘူးဘူးကွဲ့။စာအုပ်ထဲမှာရုပ်ရှင်ထဲမှတော့တွေ့ဘူးသား။ထားပါတော့၊တနေ့မှာအဲဒီမြည်းလေးဟာယာသမားကြီးရဲ့ကုန်ကိုကဲ့ရင်းခြေခေါက်လဲပြီးခြေကျိုးသွားသတဲ့ ။သနားစရာ ။ယာသမားကြီးလည်းသနားတာနဲ့ဘာမှမခိုင်းဘဲဒီအတိုင်း
ဘဲဆေးကုပေးပြီးထားလိုက်သတဲ့ ။
မြည်းကလေးရဲ့ဆိုးလိုက်တဲ့ကံကဖန်လာပြန်တယ် ။ထော့နဲ့ထော့နဲ့သွားရင်ကရေတွင်းပျက်ထဲကိုလိမ့်ကြသွားပါလေရော ။ယာသမားကြီးလည်းဆင်းရဲတော့ရေတွင်းထဲကမြည်းကိုဆယ်ယူဘို့အကူအညီခေါ်စရာစရိုပ်မရှိတာမို့၊ပြီတော့ရေတွင်းကလည်းအပျက်ကြီးမို့မြည်းကလေးနဲ့အတူရေတွင်းကိုဖို့ပြစ်ဘို့စိတ်မကောင်းစွာဘဲဆုံးဖြတ်လိုက်ရတယ် ။ပြီးတော့မြေကြီးတွေကိုဂေါ်ပြားနဲ့ကော်ပြီးရေတွင်းကိုစဖို့တော့တယ် ။
တွင်းထဲကမြည်းလေးဟာသူ့ကြောပေါ်မြေကြီးတွေကြလာရင်ဘဲတိရစ္ဆာန်ပေမဲ့သိတာပေါ့ကွယ်ကြောက်လို့သံကုန်အော်တော့တာပေါ့ ။ယာသမားကြီးလည်းငါ့ကိုခွင့်လွှတ်ပါမြည်းကလေးရယ်
ငါမတတ်သာလို့လုပ်ရတာပါကွယ်လို့စိတ်ထဲမှာပြောရင်းမြေတွေကိုဆက်ဖို့နေမိတယ် ။ဒါပေမဲ့
ထူးဆန်းတာကတအောင့်ကြာသွားတော့မြေတွင်းထဲကမြည်းလေးအော်သံရပ်သွားတာဘဲ ။
ကြောက်လွန်းလို့သေများသွားပြီလားလို့တွင်ထဲကိုငုံ့ကြည့်လိုက်တော့ - - -
ထူးဆန်းတဲ့မြင်ကွင်းတခုကိုတွေရပါလေရော ။
တွင်ထဲကမြည်းလေးဟာသူ့ကြောပေါ်ကြလာတဲ့မြေကြီးတွေကိုခါချရင်းအဲဒီမြေကြီးတွေကိုခြေနဲ့နင်း
သိပ်လို့အဲဒီမြေကြီးပေါ်မှာမတ်မတ်ရပ်လို့နေသတဲ့ ။
အဲဒီလိုနဲ့ဘဲရေတွင်းပျက်ကြီးဟာမြေတွေနဲ့ပြည့်လာရင်းနဲ့ပြည့်လာတဲ့မြေတွေပေါ်မတ်မတ်ရပ်လို့မြည်း
ကလေးဟာရေတွင်းပေါ်ကိုရောက်လာပါလေရော ။
ခလေးတို့ဒီပုံလေးကိုဖတ်လိုက်ရင်ရေတွင်းထဲကမြည်းကလေးဘာမှမကြိုးစားဘဲအော်ဟစ်ငိုယိုလို့သာနေရင်ဒီအန္တရယ်ကလွတ်ပါ့မလား ။ဒုက္ခတခုကြုံတွေ့ရင်ငိုယိုအော်ဟစ်နေမဲ့အစားဒီအန္တရယ်ကဘယ်လိုလွတ်မြောက်အောင်လုပ်ကြမလဲလို့စဉ်းစားကြည့်ရင်မကောင်းဘူလား ။
ခလေးတို့နားလည်ပါ့မလားတော့မသိဘူး ။ဦးဦးကစကားတခုကြီးကြီးကျယ်ကျယ်ပြောချင်တယ် ။
လောကကြီးမှာလူရယ်လို့ဖြစ်လာရင်ကျောပေါ်ကိုကြလာမဲ့မြေစာခဲတွေအများကြီးနဲ့ခလေးတို့ကြုံတွေ့ရမှာ အဲဒီအခါကြရင်အဲဒါတွေကိုကျောပေါ်ကခါချပြီးခြေနဲ့နင်းချေလို့
အဲဒီအပေါ်မှာခလေးတို့မတ်မတ်ရပ်တည်နိုင်ကြပါစေလို့
ဖြူစင်တဲ့ခလေးတို့ကိုဦးဦးသတိပေးဆုတောင်းလိုက်ပါတယ် ။

No comments:
Post a Comment