အကောင့်ဖျက်ခံရမှုနဲ့ နောက်ဆက်တွဲဆောင်းပါးရယ်,
Eleven ရဲ့ ဆိတ်ဖွားလက်သစ်များ ဆောင်းပါးကိစ္စတွေရယ် နဲ့
ပါတ်သက်ပြီး NLD ထောက်ခံသူများ နဲ့ အဆိုပါ မီဒီယာများမှ ပုဂိုလ်များ နဲ့ အချို့ မီဒီယာသမားများ အပြန်အလှန် ပစ်တင်ဝေဖန်ပြောဆိုနေကြတာ အခုထိ မပြီးဆုံးနိုင်သေးပါ..
ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းဟာ ( အခြားလူ့အသိုင်းအဝိုင်းတွေတော့ မရောက်ဖူးလို့ မသိပါဘူး ) အပြစ်တင်ပြီဆိုရင် အုပ်စုလိုက် ဝါးလုံးရှည်နဲ့ ရမ်းတတ်ကြသလို ..တခါတလေမှာလည်း ခြေမမကောင်းခြေမ.. လက်မမကောင်း လက်မ ပြောဆိုပါရက်နဲ့ ကိုယ်နဲ့ တူရာအုပ်စုဘက်က နာတက်ကြတာလည်း ရှိပါတယ် ဒီလိုမျိုး အလားတူပြသနာတွေဟာ အခုလို ကိစ္စတွေမတိုင်ခင်ကလည်း မကြာခဏဖြစ်ပေါ်နေကြပါ..
ထင်ရှားတဲ့ ဥပမာပြောရမယ်ဆို.. ဆရာဝန် နဲ့ လူနာ.. တချို့လူနာတွေကလည်း ဆရာဝန် တယောက်မကောင်းတာကြုံပါက ဆရာဝန်တွေ မကောင်းဘူးဟုပြောတတ်ကြသလို.. တချို့ဆရာဝန်တွေကလည်း လူနာတွေ ဘာမှနားမလည်ပါဘူးဆိုပြီး အပြန်အလှန် ပြစ်တင်ပြောဆိုတာတွေရှိပါတယ်
အဲလို Group တွေခွဲပြီး ပြစ်တင်ဝေဖန်ကြတာမှာ
နောက်ဆုံး ခွဲစရာ မကျန်ရင်တောင် ယောက်ျားနဲ့ မိန်းမ ဆိုပြီး Group နှစ်ခုခွဲပြီး ကိုယ့်Group ကိုယ်အမွှန်းတင်
သူများ Group ကို အပြစ်တင်တတ်ကြသေးတာမဟုတ်လား
တကယ်တော့ ဘယ် Group တခုမှာမှ
ခြောက်ပြစ်ကင်း သဲလဲစင်ဆိုတာ မရှိပါဘူး
ဆရာဝန် , လူနာ , အင်ဂျင်နီယာ, ကာတွန်းဆရာ, ပွဲစား, မီဒီယာ, နိုင်ငံရေးပါတီ , ကြိုက်တဲ့ Group တခုကိုကြည့်ပါ..
ခြောက်ပြစ်ကင်း သဲလဲစင်ဆိုတာ မရှိနိုင်ပါဘူး
အမှား အနည်းနဲ့အများတော့ ရှိနိုင်ပါတယ်
ဒီတော့ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေမှာလည်း ဘယ်သူမှန်တယ် ဘယ်သူမှားတယ် တွေကို နည်းနည်း ဘရိတ်အုပ်စေချင်ပါပြီ
တကယ်တော့ ဘာမှဖြစ်သွားမယ့်ကိစ္စတွေလည်း မဟုတ်ပါဘူး
လက်ရှိ မြန်မာ့ နိုင်ငံရေးအခြေအနေကလည်း
ရွေးကောက်ပွဲလေးတခု အေးအေးဆေးဆေးကျင်းပ..
ပြည်သူထောက်ခံတဲ့ ပါတီက အေးအေးဆေးဆေးနိုင်..
အေးအေးဆေးဆေး အာဏာလွှဲ..
အေးအေးဆေးဆေးနောက်အစိုးရတက်..
ဆိုတဲ့ အခြေအနေမျိုးလုံးဝ မဟုတ်သေးပါဘူး ..
ဒါ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးသော အစိုးရအပြောင်းအလဲကာလပါ.. ဒီတော့ အဲဒါလေးတွေကိုလည်းနည်းနည်း ထည့်စဉ်းစားပေးကြစေချင်ပါတယ်..
အုပ်စုခွဲပြီး သူ့ဘက်ကိုယ့်ဘက် ပြောဆိုနေတာတွေကိုလည်း ရပ်စေချင်ပါပြီ..
တကယ်တော့ ကျွန်တော်တို့ ဟာ အဲလို အုပ်စုတွေခွဲမယ့်အစား..
ငါဟာ အမှန်တရားဘက်ကရပ်တည်သူ ဖြစ်လို့
အမှန်တရားဘက်ကိုပဲ လိုက်မယ်..
ငါဟာ တိုင်းပြည်အကျိုးကို ရှေးရှူသူဖြစ်လို့
တိုင်းပြည်အကျိုးရှိမယ့်ဘက်ကိုပဲ လိုက်မယ်ဆိုပြီး
အမှန်တရားဘက်ကရပ်တည်သူနဲ့ တိုင်းပြည်အကျိုးရှေးရှုသူ အုပ်စု နှစ်ခုထဲကို ပဲ တတ်နိုင်သမျှ ဝင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်ခင်ဗျာ..
NLD အောင်နိုင်ရေး Online လှုပ်ရှားမှု
အော်- ဗမာတွေ ဗမာတွေ
ဘယ်သူနဲ့မှဖြစ်စရာမရှိရင်၊ ညာနဲ့ဘယ်ကိုယ့်လက်ခြင်းတောင်ဖြစ်ကြသေးတာဘဲ။
လွတ်ပ်ရေးရပြီးကတဲကကွဲကြပြဲကြတာ
ခုထိမမှတ်ကြသေးဘူး ။
No comments:
Post a Comment