အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Monday, January 25, 2016

ဒေါက်​တာမိုက်​ကယ်​အဲရစ်


အ​မေစုခင်​ပွန်း​ဒေါက်​တာမိုက်​ကယ်​အဲရစ်


ဘယ်​ရုပ်​ရှင်​ကားလည်းမမှတ်​မိ​တော့ ။ရှမ်းမ​လေးလိုသရုပ်​​ဆောင်​တဲ့စံရှားတင်​​ပြောတာ​လေ ။
ခမ်းကိုချစ်​ရင်​ပဲပုတ်​ကိုလည်းချစ်​ရမယ်​ တဲ့ ။
အ​မေစုကိုချစ်​ရင်​အ​မေစုချစ်​တဲ့သူကိုကျွန်​​တော်​တို့ချစ်​ရမှာ​ပေါ့ ။
ခနခန​ပြောခဲ့ဘူးပါတယ်
အီတလီသူဆိုနီယာဂန္ဒီ​လေ ။ဘယ်​မှာအိန္ဒိယပြည်​ကြီးကိုအီတလီကို​ရောင်းစားတာမြင်​ဘူးကြလား။
ကျွန်​​တော်​တို့နွား​ခြေရာခွက်​ကျဉ်းကျဉ်း​လေးထဲမှာဘဲ​မျိုး​စောင့်​ဥပ​ဒေဆိုတာကြီးကိုအ​သေဆုတ်​ကိုင်​ပြီးမ​နေသင့်​​တော့ဘူး ။အဲဒီဥပ​ဒေကြီးကိုနိုင်​ငံ​ရေးအရအ​သေဖက်​တွယ်​ထားမဲ့အစား မျိုးမဖျက်​ချင်​တဲ့စိတ်​အ​သွေးအသားထဲက​လေးဘဝကစလို့စိမ်​ဝင်​​နေ​အောင်​မလုပ်​ကြ​တော့ဘူးလား ။
အရှင်​​ဆေကိန္တတို့ကိုကဲ့ရဲ့မဲ့အစား​အောက်​လမ်းနည်း​တွေမသုံးဘဲ (တခြားဘာသာကိုပုတ်​ခတ်​ပြီးမှသင်​ကြားခြင်း)ဗုဒ္ဓသာသနာကိုမှန်​မှန်​ကန်​ကန်​ရင်​ထဲစိမ့်​ဝင်​သွား​အောင်​မလုပ်​နိုင်​ကြဘူးလား ။





ဒေါက်တာမိုက်ကယ်အဲရစ်
ခင်ဗျားက အင်္ဂလိပ်လူမျိုးဖြစ်ပြီး အင်္ဂလိပ်မကိုမယူပဲ..
ဘာလို့ အမေစုကိုယူခဲ့တာလဲ ......

အမေစုခင်ဗျားကိုယူခဲ့လို
ယနေ့အထိ ကုလားမယား /ဘိုကတော်လိုပုတ်ခတ်ခံနေရတယ်

အမေစုယောက်ျားခင်ဗျားက
အင်္ဂလိပ်ဖြစ်ခဲ့လို အမေစုအာဏာရရင်တိုင်းပြည်
်ချောက်ထဲကျမယ်|

လူမျိုးခြားတွေလွှမ်းမိုးမယ်|
ဘာသာခြားကိုယူထားလို့
ိုမိစ္ဆာဒိဠိတိုင်းပြည်ဖြစ်တော့မယောင်
ပြောနေကြ|ပြောခဲ့ကြတယ်....

အဲ့ဒါတွေခင်ဗျားသိခဲ့လား အဲ့ဒါခင်ဗျားအပြစ်တွေလား ဒေါက်တာအဲရစ်.........

မဟုတ်ပါဘူးဒေါက်တာအဲရစ်
ခင်ဗျားမှာအပြစ်မရှိပါဘူး.....

တကယ်တော့ ကျနော်တို့နိုင်ငံဒီမိုကရေစီရရှိ
ဖို့စွန့်လွတ်အနစ်နာခံခဲ့ရတဲ့ အညတရသူရဲကောင်းတွေထဲမှာ
လူမျိုးခြားဖြစ်တဲ့ခင်ဗျားလဲထိပ်ဆုံးတစ်နေရာကပါ ပါတယ်

အခုဒီမိုကရေစီလမ်းကြောင်းကို
သူတို့ခင်းပေခဲ့တာပါလို့
ကြွေးကြော်နေသူတွေဟာ

ခင်ဗျားလို မိသားစု နဲ့ရှင်ကွဲရော..် သေကွဲရောပါခွဲခွာပြီး
စွန့်လွတ်အနစ်နာခံခဲ့ရတဲ့သူတွေ
ွမဟုတ်ပါဘူး

 ခင်ဗျားကိုဘာသာခြားလို့
စွပ်စွဲပုတ်ခဲ့သူတွေဟာ
တကယ်တော့ ပညာမဲ့နလပိန်းတုံး
သူများပြောတိုင်းလိုက်ယောင်နေကြသူတွေသာဖြစ်ပါတယ်

တကယ်တော့
ခင်ဗျားဟာဗုဒ္ဓဘာသာဝင်ပါဠိပါရဂူ|ဝိပသနာတရားကိုအာထုတ်ခဲ့သူဆိုတာ
သူတိုမသိပေမယ့်|
မသိချင်ယောင်ဆောင်နေပေမယ့်

ကျနော်တို့အမေစုကိုချစ်တဲ့သူအားလုံးသိပါတယ်

ဗုဒ္ဓဘာသာ ကိုကြည့်ညိုကိုင်ရှိုင်းတဲ့
ဘူတန်ဘုရင်ရဲ့မင်းဆရာ
/မင်းကွန်းဆရာတော်ကြီးနဲ့ပါဠိလိုအမေးအဖြေလျှောက်ခဲ့သူ...

ခင်ဗျားနဲ့ဆရာတော်ကြီးတို့
ပါဠိလိုပြောကြလို့
အနားကထောက်လှမ်းရေးတွေတောင်
ဘာပြောနေမှန်မသိဖြစ်ခဲ့ကြတာတွေကျနော်တို့သိပါတယ်|

ခင်ဗျားကိုဘာသာခြားလို့ပုတ်ခဲ့တဲ့သူတွေဟာ သံဗုဒ္ဓေတောင်အစအဆုံရရဲ့လား
မသိပါဘူး

ခင်ဗျားဟာကျနော်တို့နိုင်ငံ
ဒီမိုကရေစီရရှိရေးအတွက် ခင်ဗျားချစ်တဲ့မိန်းမနဲ့နှစ်ရှည်လများ
ခွဲခွာနေခဲ့ရပါတယ်

နောက်ဆုံအချိန် သေလုမြောပါးနဲ့ဆီးကျိတ်ကင်ဆာ
ရောဂါကိုခံစားနေရချိန်မှာတောင်
်ခင်ဗျားမိန်းမကိုပြန်မခေါ်ပဲ

ကျနော်တို့ပြည်သူတွေအတွက်
်မြန်မာပြည်မှာပဲဆက်နေစေခဲ့သူဆိုတာ
သိခဲ့ပါတယ်|

နောက်ဆုံသေခါနီး ဖုန်း လေး
တောင်ဆုံအောင်မပြောရပဲ
ဝေဒနာကိုတရားနဲ့မှတ်ပြီးကွယ်လွန်ခဲ့တာသိပါတယ်

ခင်ဗျားကကျနော်တို့နိုင်ငံအတွက်
ပေဆပ်ခဲ့သူတစ်ယောက်ပါ

 အဲ့လိုမျိုးလူကိုယူခဲ့တဲ့အမေစုက ခင်ဗျာနိုင်ငံခြားသားဖြစ်တာနဲ့
အမျိုးကိုသစ္စာဖောက်သူဖြစ်သွားပြီလား

မြန်မာလူမျိုးဖြစ်ပြီး
မြန်မာချင်းယူထားပြီး
တိုင်ပြည်ကိုဒုက္ခပေးခဲ့သူတွေထက် လူမျိုးခြားဖြစ်တဲ့ခင်ဗျားကို
ကျနော်တို့ ပိုပြီးလေးစားပါတယ်

ဒေါက်တာအဲရစ်
ခင်ဗျားတို့လင်မယားဟာတိုင်းပြည်ကို
ုလက်ညိုထိုးမရောင်းစားခဲ့ဘူး
 သယံဇာတတွေ|ကျွန်းသစ်တွေကို
ကိုယ်ကျိုးအတွက်ရောင်းမစားခဲ့ဘူး
/
ဆင်းရဲသားလယ်သမားတွေဆီက
လယ်ယာမြေတွေမတရားမသိမ်းခဲ့ဘူး

ဆင်းရဲသားအလုပ်သမားတွေကို
ဖမ်းဆီးထောင်မချခဲ့ဘူး

သား/သမီးအရွယ်ကျောင်းသူ/သားလေးတွေကို
ရိုက်နှက်ဖမ်းဆီးမလုပ်ခဲ့ဘူး

ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်ပြီး
ရဟန်းတော်တွေကိုသွေးမြေကျအောင်
လုပ်ခဲ့သူမျိုးမဟုတ်ဘူး

တိုင်းပြည်ဘဏ္ဍာတွေကိုခိုးပြီး
ဆွေစဉ်မျိုးဆက်ချမ်းသားအောင်
လုပ်ခဲ့သူမဟုတ်ဘူး

ကျနော်တို့တိုင်းပြည်
ဒီမိုကရေစီရရှိရေအတွက်
မိသားစုသံယောဇဉ်တွေကို
သေတဲ့အထိစွန့်လွတ်ပြီး
ကျနော်တို့နိုင်ငံအပေါ်
စေတနာထားခဲ့တဲ့
ဗြိတိသျှလူမျိုးခင်ဗျားကို

အမျိုးချစ်တယ် တိုင်ပြည်ချစ်တယ်အော်နေပြီး
ကိုယ့်ကောင်းစားရေး ကိုယ့်လုပ်နေတဲ့
ဲ့နိုင်ငံရေစားဖားကြီးတွေထက်
အများကြီးပိုလေးစားပါတယ်

ကျနော်ကိုယ့်တိုင်လဲ ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ပါ
ပါ
အခုလိုရေးလို့ကျနော့်ကိုဆဲရင်လည်းကျေနပ်ပါတယ်

 ဘာလို့လဲဆိုတော့
လူမျိုးခြားအဲရစ်ရဲ့
စွန်လွတ်အနစ်နာခံခဲ့မူနဲ့ယှဉ်ရင်ကျနော်တို့ကဘာမှ
ှအနစ်နာခံခဲ့ရတာမဟုတ်ပါဘူး

မြင့်မြတ်တဲ့ဘုံဘဝကနေ
ခင်များဇနီးအမေစုနဲ့သူပါတီအောင်ပွဲကိုကြည့်ပြီးဝမ်းသာမယ်လိုထင်ပါတယ် ဒေါက်တာမိုက်ကယ်အဲရစ်

/မူရင်း/ပန်းကလေးပန်းကလေး
Photoမူရင်း လေးစားစွာဖြင့်

No comments: