အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁
စကားဝိုင်း
Create your own chat.
Saturday, January 9, 2016
ဦးဦး​ပြောမယ်​ ( ၂ )
      ခ​လေးတို့ကိုဟိုင်းကြီးကျွန်းမြို့ကအတုယူစရာဓ​လေ့​လေးတခုအ​ကြောင်း​ပြောပြချင်​တယ်​ ။
      ဟိုင်းကြီးကျွန်းမြို့ဆိုတာဧရာဝတီတိုင်း​ဒေသကြီးငပု​တောမြို့နယ်​ထဲကမြို့တခု ၊ ​မော်​တင်​စွန်း
ဘုရားပွဲကိုသွားရင်​သူ့ကိုဖြတ်​ပြီးမှခ​မောက်​​မော်​ကို​ရောက်​၊ပြီးကားတဆင့်​စီးမှ​မော်​တင်​ဘုရားပွဲကို​ရောက်​မှာ ။ဟိုင်းကြီးကျွန်းဆိုတာ​မော်​တင်​ဘုရားဖူးလာ​တွေကိုပင်​လယ်​ဝက​စောင့်​ပြီးနှုတ်​ခွန်းဆက်​တဲ့မြို့ဆိုရင်​မမှားဘူး​ပေါ့ကွယ်​ ။
       အဲဒီမြို့မှ​လေ​ကျောင်းပိတ်​ရက်​ဆိုခ​လေး​တွေဟာထည့်​စရာပုံးက​လေး​တွေကိုင်​လို့တအိမ်​တက်​ဆင်း " တဆုတ်​ဆံအလှူ  ခံပါတယ်​ " လို့​အော်​ရင်းချက်​ဘို့ထဲကဖယ်​ထားတဲ့ဆံတဆုတ်​စီကိုအလှူ ခံကြတယ်​ ။အားလုံးရသမျှကိုစုပြီးအာရုဏ်​ဆွမ်းအတွက်​ဘုန်​ကြီး​ကျောင်း​တွေကိုလှူ  ကြတယ်​ ။
ဆံအရများရင်​ပိုတာ​တွေ​ရောင်း ၊ရပိုက်​ဆံများကိုစုထားပြီးဘုန်းကြီ​ကျောင်းမှာလိုအပ်​​နေတဲ့​ရေကန်​တို့၊​ရေအိုးစင်​တို့၊ ကုဋီတို့​ဆောက်​လုပ်​လှူ ဒါန်းကြတယ်​ ။
      ကဲ -ဘယ်​​လောက်​အားကြအတုယူစရာ​ကောင်​တဲ့ဓ​လေ့​လေးတခုလဲ ။
မချီးမွန်းထိုက်​ဘူးလား ။
        ခ​လေးတို့​ရော​ကျောင်းပိတ်​ရက်​စာဖတ်​ပြီးပို​နေတဲ့အချိန်​ရှိခဲ့ရင်​ခ​လေးတို့​ဒေသနဲ့လိုက်​ဖက်​တဲ့တခုလုပ်​ကြည့်​ရင်​မ​ကောင်းဘူးလား ။
         ဖြူ  စင်​တဲ့ခ​လေးတို့ကိုဦးဦးတိုက်​တွန်းလိုက်​ပါတယ်​ ။
No comments: