လက်ရှိ မြန်မာပြည်နိုင်ငံရေးအခြေအနေမှာ သိမ်မွေ့စွာနဲ့ လုပ်ကိုင်နေရတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေ၊ အသွင်ကူးပြောင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး အခြားမည်သည့်ပုဂ္ဂိုလ်မှ ပြောဆိုခွင့်မရှိဘူးလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌရာထူးတွေ လျာထားတာနဲ့ပတ်သက်ပြီး အလုပ်အမှုဆောင်ဝင် ဦးဉာဏ်ဝင်းက AFP ကို ထုတ်ဖော်ပြောခဲ့ပြီးနောက်ပိုင်း အခုလို ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။
No comments:
Post a Comment