အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Wednesday, January 27, 2016

တရုပ်​ပြည်​သို့ရင်​နာဘွယ်​ခရီး

အရင်​တနှစ်​​လောက်​ကနိုင်​ငံခြားခရီးတခုထွက်​ခဲ့ပါတယ်​ ။
ပါရီလး၊ ​ဟောလီဝုတ်​လား၊​မော်​လဒိုက်​လား။
အထင်​မကြီးလိုက်​ပါနဲ့သူများ​တွေလိုအိပ်​က​လေးဘီးတပ်​ဆွဲလို့မင်္ဂလာဒုံ​လေဆိပ်​ကထွက်​ရတာမဟုတ်​ရပါဘူး ။
ရန်​ကုန်​-မန္တ​လေး-လာရှိုး-​ရွှေလီ---တရုပ်​ပြည်​ခရီးစဉ်​ပါခင်​ဗျ ။



လာရှိုးကဟိုတယ်​မှာပါ။ဆိုဖာကြီ​တွေ့​တော့မထိုင်​ဘူးလို့ထိုင်​ကြည့်​ရင်း
"ငါသာခရိုနီကြီးတ​ယောက်​ဖြစ်​ခဲ့ရင်​ " စိတ်​ကူးယဉ်​ကြည့်​​နေတာ ။မမိုက်​ပါဘူး။






ချစ်​စရာ​စောမွန်​လှ​လေး ။ပုဂံရာဇဝင်​မှရှမ်းဗမာဆက်​ဆံ​ရေးကိုအဖုအထစ်​ဖြစ်​​စေတဲ့ဇတ်​လမ်း​လေး။
ဒီ​လောက်​ဥာဏ်​ကြီးတဲ့အ​နော်​ရထာ  ဒီလို​တွေဖြစ်​ခဲပါ့မလားလို့​တွေးမိတယ်​။
ဟုတ်​ခဲ့ရင်​လည်း​နောင်​မဖြစ်​​အောင်​သင်္ခန်းစာယူဆင်​ချင်​လို့​ကြေလည်​သင့်​ကြပြီထင်​ပါတယ်​ ။တချို့​တွေကခူထက်​ထိရင်​နာစကား​ပြောကြ​သေးတယ်​ ။
ဟုတ်​ခဲ့ရင်​လည်းဗမာ​တွေအားလုံးဟာအ​နော်​ရထာတ​ယောက်​ထဲက​ပေါက်​ဖွားကြတာမဟုတ်​ပါဘူး။



တရုပ်​ပြည်​အဝင်​မုဒ်​ဦး နဲ့ နယ်​​မြေသတ်​မှတ်​  မှတ်​တိုင်​ပါ ။
နယ်​ခြားမှတ်​တိုင်​က ၁၉၆၀ ခုတဲ့။ဘယ်​အစိုးရလက်​ထက်​ကလဲ ။ဒီ​နေရာကစရင်​နာတာ ။အုတ်​တတိုင်းတခုခြားတယ်​ ။သူတို့ဘက်​လှလှပပ​ခေတ်​မှီမှီ ကျွန်​​တော်​တို့ဘက်​ကစုတ်​စုတ်​ပြတ်​ပြတ်​ ။
စည်းကမ်းကတင်​တင်​စီးစီး။ဤ​နေရာတွင်​စကားကျယ်​ကျယ်​မ​ပြောရဆိုတာကပါ​သေး ။မတူမတန်​သလိုဘဲ။အမှန်​ကကျွန်​​တော်​တို့ကသူတို့နိုင်​ငံကိုနိုင်​ငံခြား​ငွေလာ​ပေးတဲ့သူ​တွေ။ကျောက်​စိမ်း​တွေကားအစီး ၈၀၀ ​လောက်​နဲ့မတရားတူးဘို့လာတာမဟုတ်​ဘူး ။ ၈ ရက်​ဘဲ​ဟန်​ပြ​ထောင်​ကြခံပြီးသစ်​လာခိုးတာမဟုတ်​ဘူး။သူတို့​ပေးတဲ့သက်​​သေခံလက်​မှတ်​ကိုလယ်​ပင်းဆွဲလို့တရုပ်​ပြည်​ထဲခပ်​တင်းတင်းဝင်​ခဲ့တယ်​ ။သံတမန်​ဆက်​ဆန်​​ရေးပျက်​ပြားမှာစိုးလို့ဘာမှမ​ပြောခဲ့ပါဘူး ။



သူတိုဆီက​ရေပူစမ်း ။အဝက​ကျောက်​စိမ်းတိုင်​ကြီးJADE SPRING ( ​ကျောက်​စိမ်း​ရေပူစမ်း )လို့​ရေးထားတယ်​ ။ကျွန်​​တော်​တို့​ကျေက်​စိမ်းကြီးဖြစ်​ဖို့များတယ်​ ။သံတမန်​ဆက်​ဆံ​ရေးပျက်​ပြားမှာစိုးလို့ဘာမှမ​ပြောခဲ့ပါဘူး။
ပုရိဿ        များအတွက်​သတင်း​ကောင်းကအဲဒီ​ရေပူစမ်းကိုသူ​ဌေးကြီးတ​ယောက်​ကပိုင်​ပြီး​ရေချိုးရုံကြီး​ဆောက်​ခါေ​ရချိုးလို​သောပုရဿိ       များကို​ရေချိုး​ပေးဘို့ဘီကီနီဝတ်​မိန်းမ​ချော​လေးများက​စောင့်​​နေ​ကြောင်းပါခင်​ဗျာ ။ဒါ​ပေမဲ့အဖိုအခက​တော့ကြီးဆိုဘဲ။

  • ​စောမွန်​လှရဲ့​ရွှေဘုရား နဲ့ အကို​တော်​ရဲ့​ငွေ​ရောင်​ဘုရား။ရွှေ​ရောင်​ဘုရားသာမြင်​ဘူးပြီး​ငွေ​ရောင်​ဘုရားကကျွန်​​တော်​တို့အတွက်​အထူးအဆန်း။ပိုထူးဆန်းတာကလူမရှိ ။အခါကြီးရက်​ကြီးမှလာကြတယ်​တဲ့ ။ကျန်​တဲ့ရက်​ဘုရားကိုလာရိုးထုံးဆန်​မရှိတဲ့ ။ပို၍ပို၍ထူးဆန်းတာကမလှု
  • ကြတဲ့ ။ဒါ​ကြောင့်​ဘုရားကိုပြုပြင်​ရန်​ဝင်​​ကြေး​ကောက်​သတဲ့​လေ ။စိတ်​မ​ကောင်းစရာကတရုပ်​မ​တွေကဘုရား​ပေါ်မှာအတိုအပြတ်​​တွေဝတ်​ပြီးဘိနပ်​​တွေစီးလို့ ။နေရာတကာအမြင်​မ​တော်​ရင်​​အောင့်​မ​နေတတ်​​တော့သွား​ပြောပါ​လေ​ရော ။အဲဒီတရုပ်​မ​တွေကပြန်​​ပြောတယ်​။မဝတ်​​စေချင်​ရင်​စာကပ်​ထားတဲ့ ။
  • နိုင်​ငံတကာသံတမန်​ဆက်​ဆန်​​ရေးထိခိုက်​မှာစိုးလို့မြန်​မာပီပီလက်​​လျော့လိုက်​ရပါတယ်​ ။

အန်းကုန်းဘိုးဘိုးကြီး၊ က​လေး​တွေကိုသိပ်​ချစ်​တယ်​လို့​ပြောတယ်​ ။ကျောင်​ပိတ်​ရက်​ဆိုက​လေး​တွေလာပြီးဘိုးဘိုးကြီး​ပေါ်တက်​လို့​လျှောစီးကြတယိလို့​ပြောတယ်​ ။

ဧည့်​လမ်းညွှန်​လုပ်​​ပေးတဲ့လားရှိုးပန်းကုမ္ပဏီမှရှမ်းမ​ချော​ချော​လေး နဲ့ပန်​ခြံထဲမှာပါဆယ်​ဂိန်​ကစားစဉ်​။နိုင်​တဲ့လူ​တွေကိုလက်​​ဆောင်​​လေး​တွေ​ပေးပါတယ်​။

တ​နေ့လုံးသွားလယ်​ဟယ်​နဲ့​မောပြီ ။ပန်းခြံထဲက​ကျောက်​တုံးတံတား​ပေါ်ထိုင်​လို့အပန်​​ဖြေရင်းစဉ်းစား
မိတယ်​။တရုပ်​ပြည်​​ရွှေလီသွားတာဘာ​ကြောင့်​ရင်​နာရသလဲ။
၁။စစခြင်းနယ်​ခြားမှတ်​တိုင်​မှာ၁၉၆၀လို့​ရေးထားတယ်​။ဘယ်​အစိုးရလက်​ထက်​ကစိုက်​ထာလဲ ။guide မ​လေးက​တော့​ပြောတယ်​ ။ဦ​နေဝင်းလက်​ထက်​ကတရုပ်​ကိုလက်​​ဆောင်​​ပေးတာတဲ့ ။
၂ ။ခြံစီးရိုးတခုသာခြားတယ်​တဘက်​တိုက်​ကြီး​တွေဟီးလို့ တဘက်​က​တော့စုတ်​ပြတ်​သတ်​​နေတာဘဲ။
၃ ။စောမွန်​လှဘုရားတို့နန်း​တော်​ရာတို့အဲဒီဘက်​မှာညိုးညိုးငယ်​ငယ်​​တွေ့ရတယ်​ ။ကျွန်​​တော်​တို့အမြင်​အသဲနာစရာဘုရား​တွေ​ပေါ်လည်းဖိနပ်​​တွေစီးလို့ ။
အိမ်​နီးချင်းနိုင်​ငံကြီး​တွေကအိမ်​နီးချင်း​ကောင်းပီသစွာကူညီကြရမှာ ။ ဘာ​ကြောင့်​များကျွန်​​တော်​တို့နိုင်​ငံကိုမုန့်​စိမ်း​ပေါင်းလှီးသလိုမျိုးလုပ်​​နေကြတာလဲ။ကျောက်​စိမ်း၊ ကျွန်​သစ်​၊​ရေနံကစလို့​နောက်​ဆုံးမြစ်​ဆုံက​ကျောက်​စရစ်​ခဲပါမကျန်​ ရသမျှအပြုတ်​နှံဘို့သာကြံ​နေကြ​တော့တယ်​ ။
ကဲ - -ရင်​နာစရာမ​ကောင်းဘူးလား ။
ဒါ​ပေမဲ့ -ကျွန်​​တော်​ဘာမှမ​ပြောခဲ့ပါဘူး။နိုင်​ငံတကာသံတမန်​ဆက်​ဆန်​​ရေးပျက်​ပြားမှာစိုးလို့။

No comments: