ဒေါက်တာ တင်မာအောင် ကို အရမ်းလေးစားမိလို့ သူ၏အကြောင်း တစေ့တစောင်း
ပြန်လည်မျှဝေပေးတာပါ....
ဒေါက်တာတင်မာအောင်ဟာ အင်္ဂလိပ် ခေတ်တုန်းက
အိန္ဒိယဘုရင်ခံချုပ် အသိမှတ်ပြု ရွှေတံဆိပ်ဆုရ
ဗြိတိသျှအင်ပါယာရဲ့ အချမ်းသာဆုံးသူဌေးတွေထဲက
တစ်ယောက်ဖြစ်တဲ့ ရခိုင် သူဌေးကြီး ဦရဲကျော်သူရဲ့
ဂျန်နရေးရှင်း ဖြစ်ပါတယ်....
၉၀ရွေးကောက်ပွဲ အနိုင်ရပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဥက္ကဌ ပြီးတော့
(CRPP) မှာလည်း ဥက္ကဌဖြစ်တဲ့ ဒေါက်တာ စောမြအောင်
၏ သမီးပါ..အစက ဒေါက်တာတင်မာအောင် ဟာUN မှာ
အလုပ်လုပ်ပြီး အမေစု ရဲ့ မေတ္တာရပ်ခံချက်ကြောင့်
အလုပ်ထွက်ပြီး အမေစုနောက်ကို တောက်လျှောက်လိုက်ပြီး
သေဖော်ရှင်ဖက် အနီးကပ်လိုက်နေခဲ့တာ...
အမေစု အကျယ်ချုပ်ဘဝထဲက အမေစုရဲ့
အနီးကပ် PA ကျန်းမာရေးမှူး...
အခုတော့ အမေစုနဲ့ကြား နိုင်ငံရေးအမြင်ဆိုတာ
သိပ်ကွဲလွဲမှုမရှိသလို ယုံကြည်မှုသံယောဇဉ်တွေကလည်း
ခိုင်မာနေခဲ့ပါပြီ....
ဘဝမှာ ဘာဆက်ဖြစ်မယ်ဆိုတာ မသိခဲ့တဲ့အချိန်ကတည်းက
အကောင်းဆုံး ဘဝကိုထားခဲ့ပြီး ဘာမျှော်လင့်ချက်မှမထားပဲ
အမေစုကို ပေးဆပ်ခဲ့တာ သူလည်းထိပ်ဆုံးကပါတဲ့
တစ်ယောက်ပေါ့...
Credit ~ Sannlin Aung
သူ့အကြောင်းသိချင်နေတာကြာလှပေါ့ ။ခုမှ ။
အမေစုရဲ့အစားအသောက်အနေအထိုင်အဝတ်အစားသူစီစဉ်တယ်လို့ဆိုကြတယ် ။
ကမ္ဘာမှာအောင်ဆန်းစုကြည်ဒီဇိုင်းဆိုပြီးခေတ်စားသွားတယ်။
မြန်မာပြည်ကမမတွေလည်းဒီတော့မှရိုးရာထည်တွေဝတ်ဖို့သတိရကြတယ် ။
ခရီးသွားရင်ကားအမိုးကခေါင်းထွက်လို့လူထုကိုနှုတ်ဆက်လိုက် ကားထဲခေါင်းပြန်ဝင်ပြီးတင်မာအောင်ခွန့်ကျွေးတဲ့
ပန်သီးစိပ်၊ အမွှာလေးတွေဖျင်ထားတဲ့လိမ္မော်သီးလေးတွေစားရတယ်လို့ဖတ်ခဲ့ဘူးတယ် ။
ဂရုစိုက်တဲ့တင်မာအောင်ကိုအဲဒီထဲကကျေးဇူးတင်နေတာ ။
လူတွေဟာသာတုန်းနားပြီး နာရင်ပြန်ပြေးတတ်တဲ့လူတွေများပါတယ် ။
ယသော်ဓယာဟာမြတ်စွာဘုရားရဲ့ဖွားဘက်တော် ။
သိဒ္ဒတ္ထမင်းသားတောထွက်သွားတော့ သူကနန်းတော်ထဲပိုးဖဲကတ္တီပါတွေကြားမှာနေခဲ့ရပေမဲ့တောထဲမှာမင်းသားသစ်ခေါက်ဆိုးဝတ်တယ်လို့သတင်းကြားတာနဲ့သူလည်းသစ်ခေါက်ဆိုပြောင်းဝတ်တယ် ။မင်းသားအမြင့်
အမြတ်အခင်းအိပ်ရာတွေစွန့်ပြီလို့သတင်ကြားရင်သူလည်းသလွန်ပေါ်ကဆင်းလို့အိပ်တော့တယ် ။
တောထဲမှာမင်းသာချိုးချန်သမျှသူလည်လိုက်ချိုးချန်တယ် ။အဲဒါဖွားဘက်တော်တွေရဲ့သတ္တိလေ ။
ဒေါက်တာတင်မာအောင်ကိုဒေါ်အောင်ဆန်စုကြည်ရဲ့ဖွားဘက်တော်တယောက်လို့သတ်မှတ်လိုက်ချင်ပါတယ် ။
No comments:
Post a Comment