ကမ္ဘ္ဘာ့အန္တရာယ် အများဆုံးလမ်းများ။
=================== = = = =
Sichuan Tibet Pass
လမ်းချော်စေတတ်သောခဲလုံးလေးများကြောင့်လူ၁ သိန်းလျင် ၇၅၀၀သေတတ်သောလမ်းဖြစ်တယ် ။
Stelvio Pass
အီတလီနိုင်ငံ Alps တောင်တန်းအရှေ့ခြမ်းရှိ Stelvio တောင်ကြားလမ်းဖြစ်တယ် ။
၉၀၈၈ပေအမြင့်တွင်ရှိပြီးကတ္တရာနဲ့ကွန်ကရစ်အနဲငယ်တို့ဖြင့်ရောစပ်ပြုလုပ်ထားတယ် ။လမ်အချိုးအကွေ့များဟာတခါတရံ ၆၀ မှ ၁၈၀ ဒီဂရီထိရှိတတ်တယ် ။
Los Caracoles Pass
ချီလီနဲ့အာဂျင်တီးနားနိုင်ခြားရှိလမ်းဖြစ်တယ် ။
ကုန်းလျောနဲ့အချိုးအကွေ့များခြင်း၊လမ်းအကာအရံများမရှိခြင်း၊နှင်းဖုံးနေတတ်ခြင်းတို့ကြောင့်အန္တရာယ်ရှိသောလမ်းအဖြစ်သတ်မှတ်တယ် ။
SkippersCanyon road
နယူဇီလန်တွင်ရှိတယ် ။တောင်ကမ်းပါးကိုကပ်ဖောက်ထားတယ် ။
အထူးမေင်းနှင်ခွင့်လိုင်စင်ရှိမှမောင်းခွင့်ရှိသောလမ်းဖြစ်တယ် ။
Ladakh Kashmia Road
အိန္ဒိယနိုင်ငံ Ladakh နဲ့ Kashmia ဖြတ်လမ်းဖြစ်တယ် ။၃၅၂၈ မီတာအမြင့်မှာရှိတယ် ။
မိုးရာသီတိင်တခါတရံလမ်းပိတ်ထားတတ်တယ် ။
Guoliang Tunnel
တရုပ်ပြည်တွင်ရှိ၍ Guoliang တောင်တလုံးကိုခရီလမ်ပန်အဆင်ပြေစေဘို့မြို့ခံများစုပေါင်းဖောက်ထွင်းတည်ဆောက်ထားခြင်းဖြစ်တယ် ။
Karakoram Highway
ပါကစ္စတန်နဲ့တရုပ်ကိုဆက်သွယ်ထားသောလမ်းဖြစ်တယ် ။
Karakoram တောင်တဝိုက်ဖောက်ထားတဲ့အပြည်ပြည်ဆိုင်ရာအမြန်လမ်းမတခုဖြစ်တယ် ။
အမြင့်ဆုံး ၄၆၉၃ မီတာဖြစ်တယ် ။
တခါတရံမြေပြိုရေစီးဘေးဒဏ်ကြုံရပေမဲ့ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားတဲ့လမ်းတခုဖြစ်တယ် ။
JamesDalton Highway
အလားစကားဒေသမှာရှိပြီး Klliott အမြန်လမ်းကနေအတ္တလန်တိတ်ပင်လယ်နားကရေနံစင်တွေရှိသောပင်လယ်ကွေ့ထိရှည်လျှားသောလမ်းဖြစ်တယ် ။ဗြုံးကနဲကြည့်ရင်လှိုင်ခေါင်းလမ်းပုံဖြစ်နေပေမဲ့
အမှန်ကခဲလုံးလေးများလေနဲ့အတူပါလာပြီးလမ်းဘေးမှာစုပုံနေတာဖြစ်တယ် ။
North Yungas Road
ဘိုလီးဗီးယားနိုင်ငံမှာရှိပါတယ် ။ကားများပြုတ်ကြပြီးနှစ်စဉ်လူ၂၀၀ - ၃၀၀သေတတ်သောကြောင့်
သေမင်းတမန်လမ်း (road of death ) လို့ခေါ်ကြတယ် ။
မြန်မာနိုင်ငံကရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကိုရောကမ္ဘ္ဘာ့အန္တရာယ်အရှိဆုံးလမ်းထဲမှာထဲ့သင့်
သလား။ထဲ့သာထဲ့ရမယ်ဆိုရင်တော့ ဒီလောက်ပြန့်ပြူးတဲ့မြေပြင်မှာဖောက်တဲ့လမ်းဘာကြောင့်
အသေအပျောက်များရတာလဲဆိုတဲ့ပြဿ နာဟာ
ကမ္ဘာ့အံ့ဘွယ်ထဲပါမယ်
ထင်ပါရဲ့ ။
No comments:
Post a Comment