အကူအညီလိုလျှင်ဖြစ်စေ၊လှူဒါန်းလိုလျှင်ဖြစ်စေ ၂၄နာရီဆက်သွယ်နိုင်ပါသည်။
၀၉၂၆၃၅၈၂၂၂၁

စကားဝိုင်း

Create your own chat.

Friday, January 1, 2016

သြဝါဒ

အနှိုင်းမဲ့ဆည်းဆာကူညီမှုအသင်းကိုကြိုးပမ်းတည်​​ထောင်​ခဲ့တာ ၄ နှစ်​ ​ကျော်​လို့၂၀၁၆ ဇန္နဝါရီလမှာ
၅ နှစ်​ကိုအစပြုလာပါပြီ ။
    အသင်းကိုစတင်​ဖွဲ့စည်းလို့ " နာ​ရေး " လို့ပါလာတာနဲ့ ပထမဦးဆုံး​မေခံရတဲ့​မေးခွန်းဟာမင်းတို့​ကျော်​သူအသင်းနဲ့အဆက်​အသွယ်​ရှိသလားဆိုတာပါဘဲ ။
     သိပ်​မင်္ဂလာယူရမဲ့အလှုမျိုးဆိုမဖိတ်​တာ ၊​ပြောဆိုတိုက်​ခိုက်​ ရှုံချတာ​တွေ လူနာလာ​မေးရင်​မကြိုက်​တာမျိုးစုံ​သောအတိုက်​အခိုက်​အဖျက်​အစီး​ပေါင်းများစွာကိုကြုံ​တွေ့ခဲ့ရပါတယ်​ ။တိုက်​ပါများ​တော့တခါတ​လေ ပုထုဇဉ်​မို့နဲ့ချင်​လာရင်​အားတင်းလို့ ခိုင်​​အောင်​ပြန်​လုပ်​ရပြန်​တယ်​ ။
     အသင်းစတင်​စဉ်​က ဟိုင်းကြီးကျွန်း​ပေါ်ရှိ ဘုန်းကြီး​ကျောင်းများမှဆရာ​တော်​ကြီများကို ပင့်​ဖိတ်​လို့
ဆွမ်းကပ်​ရင်း သြဝါဒဆုံးမစကားများကိုနာကြားခဲ့ကြပါတယ်​ ။
      ဆရာ​တော်​တပါးမှလွဲလို့အားလုံးအသိအမှတ်​ပြုတက်​​ရောက်​ကြပါတယ်​ ။
      အဲဒီတုံးကမြို့နယ်​သံဃနာယက ကံချိုင်​ဆရာ​တော်​ အရှင်​အရိယဝံသ မှသြဝါဒကထာ​ပေးပို့ခဲ့ပါတယ်​ ။
      ဆရာ​တော်​များရဲ့​မေတ္တာ​စေတနာ အသင်းသားများရဲ့စီးလုံးကြိုးပမ်းမှု​ကြောင့်​ -ကြည့်​​နေပါ
ဒီအသင်းဘယ်​နှစ်​ရက်​ခံမလဲ - ဆိုတဲ့အကဲ့အရဲ့စကား​တွေကိုနင်း​ခြေလို့ယခု ၅ နှစ်​အတွင်းကို​ရောက်​ရှိခဲံ့ပါပြီ ။

No comments: